Home » Hot News » သေရရလဒ္ေၾကာင့္ တတိယေနရာကုိ ဆင္းေပးလုိက္ရတဲ့ ခ်ဲလ္ဆီး

သေရရလဒ္ေၾကာင့္ တတိယေနရာကုိ ဆင္းေပးလုိက္ရတဲ့ ခ်ဲလ္ဆီး

သေရရလဒ္ေၾကာင့္ တတိယေနရာကုိ ဆင္းေပးလုိက္ရတဲ့ ခ်ဲလ္ဆီး

 

 

ဒီေန႔ည ၇ နာရီ အခ်ိန္မွာ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ဝက္စ္ဟမ္းအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္မွာ တစ္ဖက္မွ ဂုိးမသြင္းႏုိင္ခဲ့ပဲ သေရနဲ႔သာ အဆုံးသတ္သြားခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ၅ ပြဲဆက္ ႏုိင္ပြဲဆက္မႈဟာလည္း ရပ္တန္႔သြားခဲ့ရပါတယ္။

အိမ္႐ွင္ဝက္စ္ဝမ္းအသင္းကေတာ့ ဒီေန႔ပြဲစဥ္မွာ အားအကုိးရဆုံး တုိက္စစ္မႉး အေနာ္တုိဗစ္နဲ႔ ကြင္းလယ္လူ ဝီ႐ႈိင္းယားတုိ႔ မပါဝင္လာပဲ အန္တုိနီယုိ ၊ ယာမုိလန္ကုိ ၊ အန္ဒါဆင္ ၊ အုိဘီယန္တုိ႔နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ဧည့္သည္ခ်ဲလ္ဆီးအသင္းကလည္း ဟာဇက္ ၊ ဂ်႐ႈး ၊ ကန္တီ ၊ ကုိဗာခ်စ္ ၊ ဝီလီယံတုိ႔နဲ႔ ပြဲထြင္လာခဲ့ၿပီး ႏုိင္ပြဲဆက္ႏုိင္ေအာင္ ႀကိဳးစားလာခဲ့ပါတယ္။ လန္ဒန္ဒါဘီပြဲစဥ္ျဖစ္လုိ႔ ေတာ္ေတာ္ေလးကုိေတာ့ အႀကိတ္အနယ္႐ွိခဲ့ပါတယ္။ ဒါေပမယ့္ လီဗာဘူးနဲ႔ မန္စီးတီးအသင္းတုိ႔ ကုိယ္စီႏုိင္ပြဲေတြ ရယူထားတာျဖစ္လုိ႔ ခ်ဲလ္ဆီးအသင္းအတြက္ ဖိအားက ပုိဝင္ေနခဲ့ၿပီး ယူ႐ုိပါလိဂ္ ပြဲပန္းမႈဒဏ္နဲ႔ ဟာဇက္တစ္ဦးတည္းအေပၚ မွီခုိလြန္းေနတာေၾကာင့္ ယခင္ပြဲေတြကေလာက္ ကစားပုံမေကာင္းခဲ့ပါဘူး။ ဝက္စ္ဟမ္းအသင္းကေတာ့ အဲဗာတန္ကုိ အႏုိင္ယူၿပီး စိတ္ဓာတ္တတ္ႂကြေနသလုိ ဒီေန႔ပြဲစဥ္မွာလည္း ခ်ဲလ္ဆီးကုိ အေကာင္းဆုံးတုန္႔ျပန္ ကစားသြားႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ပင္တုိင္ဂုိးသြင္း႐ွင္ အေနာ္တုိဗစ္ မပါဝင္လာႏုိင္ခဲ့တာက ဝက္စ္ဟမ္းတုိက္စစ္ကုိ အားေလ်ာ့ေစခဲ့ရပါတယ္။ ဝက္စ္ဟမ္းကုိ စိတ္သက္သာေစခဲ့တာကေတာ့ ဒီေန႔ပြဲမွည သူတုိ႔ရဲ႕ ဂုိးသမား ေဖဘီယန္စကီးက အရမ္းကုိလက္စြမ္းျပခဲ့တာပါပဲ။ ေဖဘီယန္စကီးေၾကာင့္ ခ်ဲလ္ဆီးအသင္း ဂုိးေပါက္ ၆ ႀကိမ္တည့္မတ္ခဲ့ေပမယ့္လည္း တစ္ဂုိးမွ ခြင့္မျပဳခဲ့ရပါဘူး။ ပြဲၿပီးဆုံးခ်ိန္ထိ တစ္ဖက္ကမွ ဂုိးထပ္မသြင္းႏုိင္ေတာ့တာေၾကာင့္ သေရနဲ႔ အဆုံးသတ္သြားခဲ့ၿပီး ခ်ဲလ္ဆီးမွာလည္း အမွတ္ေပးဇယားရဲ႕တတိယေနရာကုိ ဆင္းေပးလုိက္ရပါတယ္။

 

 

 

ဒီနေ့ည ရ နာရီ အချိန်မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ တစ်ဖက်မှ ဂိုးမသွင်းနိုင်ခဲ့ပဲ သရေနဲ့သာ အဆုံးသတ်သွားခဲ့ရပြီး ချဲလ်ဆီးအသင်းရဲ့ ၅ ပွဲဆက် နိုင်ပွဲဆက်မှုဟာလည်း ရပ်တန့်သွားခဲ့ရပါတယ်။

အိမ်ရှင်ဝက်စ်ဝမ်းအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ အားအကိုးရဆုံး တိုက်စစ်မှူး အနော်တိုဗစ်နဲ့ ကွင်းလယ်လူ ဝီရှိုင်းယားတို့ မပါဝင်လာပဲ အန်တိုနီယို ၊ ယာမိုလန်ကို ၊ အန်ဒါဆင် ၊ အိုဘီယန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည်ချဲလ်ဆီးအသင်းကလည်း ဟာဇက် ၊ ဂျရှုး ၊ ကန်တီ ၊ ကိုဗာချစ် ၊ ဝီလီယံတို့နဲ့ ပွဲထွင်လာခဲ့ပြီး နိုင်ပွဲဆက်နိုင်အောင် ကြိုးစားလာခဲ့ပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်လို့ တော်တော်လေးကိုတော့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာဘူးနဲ့ မန်စီးတီးအသင်းတို့ ကိုယ်စီနိုင်ပွဲတွေ ရယူထားတာဖြစ်လို့ ချဲလ်ဆီးအသင်းအတွက် ဖိအားက ပိုဝင်နေခဲ့ပြီး ယူရိုပါလိဂ် ပွဲပန်းမှုဒဏ်နဲ့ ဟာဇက်တစ်ဦးတည်းအပေါ် မှီခိုလွန်းနေတာကြောင့် ယခင်ပွဲတွေကလောက် ကစားပုံမကောင်းခဲ့ပါဘူး။ ဝက်စ်ဟမ်းအသင်းကတော့ အဲဗာတန်ကို အနိုင်ယူပြီး စိတ်ဓာတ်တတ်ကြွနေသလို ဒီနေ့ပွဲစဉ်မှာလည်း ချဲလ်ဆီးကို အကောင်းဆုံးတုန့်ပြန် ကစားသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်တိုင်ဂိုးသွင်းရှင် အနော်တိုဗစ် မပါဝင်လာနိုင်ခဲ့တာက ဝက်စ်ဟမ်းတိုက်စစ်ကို အားလျော့စေခဲ့ရပါတယ်။ ဝက်စ်ဟမ်းကို စိတ်သက်သာစေခဲ့တာကတော့ ဒီနေ့ပွဲမှည သူတို့ရဲ့ ဂိုးသမား ဖေဘီယန်စကီးက အရမ်းကိုလက်စွမ်းပြခဲ့တာပါပဲ။ ဖေဘီယန်စကီးကြောင့် ချဲလ်ဆီးအသင်း ဂိုးပေါက် ၆ ကြိမ်တည့်မတ်ခဲ့ပေမယ့်လည်း တစ်ဂိုးမှ ခွင့်မပြုခဲ့ရပါဘူး။ ပွဲပြီးဆုံးချိန်ထိ တစ်ဖက်ကမှ ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် သရေနဲ့ အဆုံးသတ်သွားခဲ့ပြီး ချဲလ်ဆီးမှာလည်း အမှတ်ပေးဇယားရဲ့တတိယနေရာကို ဆင်းပေးလိုက်ရပါတယ်။