Home » Hot News » ကေလးသူငယ္ေတြအေပၚ ၾကင္နာသနားတတ္သူ ေနမာ

ကေလးသူငယ္ေတြအေပၚ ၾကင္နာသနားတတ္သူ ေနမာ

ကေလးသူငယ္ေတြအေပၚ ၾကင္နာသနားတတ္သူ ေနမာ

 

မထီမဲ႔ျမင္ပုံစံေတြ ဟန္ေဆာင္ဒုိင္ဗင္ထုိးမႈေတြေၾကာင့္ လူမုန္းမ်ားတဲ႔ ေဘာလုံးသမားအျဖစ္ သတ္မွတ္ခံေနရသူ ပီအက္စ္ဂ်ီအသင္းရဲ႕ တုိက္စစ္ကစားသမား ေနမာဟာ ရန္းစ္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းတုိ႔ပြဲစဥ္မွာ ကြင္းအတြင္းဝင္ေရာက္လာတဲ႔ ကေလးငယ္ေလးတစ္ဦးကုိ ဂရုတစုိက္နဲ႔ ျပန္လည္ေခၚထုတ္သြားခဲ႔လုိ႔ ခ်ီးက်ဴးခံေနရပါတယ္။

အသက္ ၂၆ႏွစ္အရႊယ္ရွိ ဘရာဇီးတုိက္စစ္ကစားသမား ေနမာဟာ ရန္းစ္အသင္းကုိ ပီအက္စ္ဂ်ီအသင္းက ၁ဂုိး၃ဂုိးနဲ႔ အႏုိင္ယူခဲ႔တဲ႔ ပြဲစဥ္မွာ လူစားလဲခံေနရစဥ္အတြင္း ေဘာလုံးကြင္းထဲကုိ ကေလးတစ္ေယာက္ က်ဴးေက်ာ္ဝင္ေရာက္လာၿပီး ေနမာဆီကုိ ခ်ဥ္းကပ္လာခဲ႔ပါတယ္။ ဒါေၾကာင့္ ဒီကေလးကုိ ကြင္းရဲ႕ လုံၿခံဳေရးပုိင္း တာဝန္ရွိသူမ်ားက လာေရာက္ဖမ္းဆီးဖုိ႔ ႀကိဳးစားခဲ႔ေပမယ့္လည္း ေနမာက ကေလးကုိ သူကုိယ္တုိင္ ေႏြးေႏြးေထြးေထြးနဲ႔ ႀကိဳဆုိခဲ႔ၿပီး စကားတစ္ေျပာေျပာနဲ႔ ကြင္းထဲကေန ေကာင္းေကာင္းမြန္မြန္ ေခၚထုတ္ေပးသြားခဲ႔ပါတယ္။ ဒါ့အျပင္ သူဝတ္ဆင္ထားတဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ အေဝးကြင္းဝတ္စုံကုိပါခြ်တ္ၿပီး ကေလးကုိ လက္ေဆာင္ေပးသြားခဲ႔ပါတယ္။ ေနမာရဲ႕ ဒီလုိ အျပဳအမႈေၾကာင့္ တစ္ကြင္းလုံးက ႏွစ္ဖက္အသင္း ပရိသတ္ေတြအားလုံးေရာ နည္းျပအဖြဲ႕ဝင္ေတြကပါ လက္ခုတ္တီးၿပီး ခ်ီးက်ဴးဂုဏ္ျပဳသြားခဲ႔ပါတယ္။ ဒါေပမယ့္ ေနမာကေတာ့ ဒီေန႔ပြဲမွာ ဂုိးသြင္းယူႏုိင္ခဲ႔ျခင္းမရွိသလုိ လီဗာဘူးအသင္းကုိ ၃ဂုိး၂ဂုိးနဲ႔ ရွံးနိမ့္ခဲ႔တဲ႔ပြဲမွာလည္း အသင္းအတြက္ ေျခစြမ္းျပဖုိ႔ ရုန္းကန္ခဲ႔ရပါတယ္ခင္ဗ်ာ။

 

 

 

မထီမဲ့မြင်ပုံစံတွေ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုတွေကြောင့် လူမုန်းများတဲ့ ဘောလုံးသမားအဖြစ် သတ်မှတ်ခံနေရသူ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ ရန်းစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်မှာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ကလေးငယ်လေးတစ်ဦးကို ဂရုတစိုက်နဲ့ ပြန်လည်ခေါ်ထုတ်သွားခဲ့လို့ ချီးကျူးခံနေရပါတယ်။

အသက် ၂၆နှစ်အရွှယ်ရှိ ဘရာဇီးတိုက်စစ်ကစားသမား နေမာဟာ ရန်းစ်အသင်းကို ပီအက်စ်ဂျီအသင်းက ၁ဂိုး၃ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံနေရစဉ်အတွင်း ဘောလုံးကွင်းထဲကို ကလေးတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီး နေမာဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီကလေးကို ကွင်းရဲ့ လုံခြုံရေးပိုင်း တာဝန်ရှိသူများက လာရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့်လည်း နေမာက ကလေးကို သူကိုယ်တိုင် နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ပြီး စကားတစ်ပြောပြောနဲ့ ကွင်းထဲကနေ ကောင်းကောင်းမွန်မွန် ခေါ်ထုတ်ပေးသွားခဲ့ပါတယ်။ ဒါ့အပြင် သူဝတ်ဆင်ထားတဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဝေးကွင်းဝတ်စုံကိုပါချွတ်ပြီး ကလေးကို လက်ဆောင်ပေးသွားခဲ့ပါတယ်။ နေမာရဲ့ ဒီလို အပြုအမှုကြောင့် တစ်ကွင်းလုံးက နှစ်ဖက်အသင်း ပရိသတ်တွေအားလုံးရော နည်းပြအဖွဲ့ဝင်တွေကပါ လက်ခုတ်တီးပြီး ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။ ဒါပေမယ့် နေမာကတော့ ဒီနေ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို လီဗာဘူးအသင်းကို ၃ဂိုး၂ဂိုးနဲ့ ရှံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်ခင်ဗျာ။