Home » Hot News » ဆန္းခ်က္အေပၚ ကာကြယ္ေျပာဆုိမႈေတြ ျပဳလုပ္ခဲ့တဲ့ ေပါ့ဘာ

ဆန္းခ်က္အေပၚ ကာကြယ္ေျပာဆုိမႈေတြ ျပဳလုပ္ခဲ့တဲ့ ေပါ့ဘာ

ဆန္းခ်က္အေပၚ ကာကြယ္ေျပာဆုိမႈေတြ ျပဳလုပ္ခဲ့တဲ့ ေပါ့ဘာ

 

မန္ယူအသင္းရဲ႕ အဓိကကြင္းလယ္ကစားသမား ေပါ့ဘာက လတ္တေလာမွာ ေျခစြမ္းျပသႏုိင္ျခင္း မ႐ွိသလုိ ပရိသတ္ေတြဆီကေန အရမ္းကုိ ေဝဖန္ခံေနရသူ အသင္းေဖာ္ အလက္ဆစ္ဆန္းခ်က္ဘက္ကေန ရပ္တည္ေပးၿပီး ဆန္းခ်က္က လူေတြေဝဖန္ေနၾကသလုိ ကစားပုံဆုိးရႊားေနတာမဟုတ္ပဲ အသင္းနဲ႔ အ့ံဝင္ေအာင္ ႀကိဳးစား႐ုန္းကန္ေနရျခင္းသာ ျဖစ္တယ္လုိ႔ ကာကြယ္ေျပာဆုိသြားခဲ့ပါတယ္။

အသက္ ၂၉ႏွစ္အရႊယ္႐ွိ ေတာင္ပံတုိက္စစ္ကစားသမား ေပါ့ဘာဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ္လကမွ အာဆင္နယ္ကေန မန္ယူအသင္းကုိ ေျပာင္းေရြ႔လာၿပီးေနာက္ ပုံမွန္ေျခစြမ္းေလာက္ပဲ ျပသႏုိင္ခဲ့ျခင္းမ႐ွိပဲ ပါဝင္ကစားခဲ့တဲ့ ပြဲတုိင္းနီးပါးမွာ ကစားအားက်ဆင္းေနခဲ့ရပါတယ္။ ပုိဆုိးတာကေတာ့ ဆန္းခ်က္ဟာ လက္႐ွိမွာ ပရီးမီးယားလိဂ္ရဲ႕ လုပ္ခအမ်ားလုပ္ခအမ်ားဆုံး ကစားသမားျဖစ္ေနတာေၾကာင့္ ေျခစြမ္းက်ဆင္းလာမႈအတြက္ အလြန္အကြၽံ ေဝဖန္ခံေနရပါတယ္။ ဒီလုိေဝဖန္လာမႈနဲ႔ပတ္သက္ၿပီး ဆန္းခ်က္ရဲ႕ ကစားေဖာ္ေပါ့ဘာက “ခင္ဗ်ားတုိ႔ သူအေၾကာင္း ဘယ္ေလာက္သိလုိ႔လဲ။ သူက တကယ့္ကုိ ႀကိဳးစားတဲ့သူတစ္ေယာက္ဗ်။ ေလ့က်င့္ခန္းဆင္းေနခ်ိန္မွာလည္း အေကာင္းဆုံးႀကိဳးစားသူ။ အသင္းအတြက္လည္း ကူညီေပးႏုိင္တဲ့သူ။ ခင္ဗ်ားက အျခားအသင္းတစ္သင္းနဲ႔ အခ်ိန္ေတြအၾကာႀကီးကုိ အဲ့အသင္းရဲ႕ပင္ကုိကစားဟန္အတုိင္း ျဖတ္သန္းခဲ့ရမယ္ဆုိရင္ ေနာက္တစ္သင္းကုိ ေရာက္တဲ့အခါ ျပန္လည္တည္ေဆာက္ရမယ့္ အပုိင္းေလးေတြ လုိအပ္လာမယ္ေလ။ သူကစားပုံက လူေတြေျပာေနသလုိ ညံဖ်င္းေနတာမဟုတ္ဘူး။ သူအရာရာကုိ လုပ္ေဆာင္ျပႏုိင္မယ္ဆုိတာ ကြၽန္ေတာ္ယုံပီးသား။ လုပ္လည္းလုပ္ျပႏုိင္ပါလိမ့္မယ္။ မၾကာခင္ သူအေကာင္းဆုံး ေျခစြမ္းျပလာႏုိင္မွာပါ” လုိ႔ ကာကြယ္ေျပာဆုိသြားခဲ့ပါတယ္။ ဆန္းခ်က္ဟာ မန္ယူကုိ စတင္ေရာက္႐ွိခ်ိန္ကေန အခုထိ ပြဲေပါင္း ၂၃ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ၃ဂုိးသာ သြင္းယူထားေသးလုိ႔ သူ႔ကုိ မန္ယူကစားသမားေဟာင္းေတြထဲမွာ အညံဖ်င္းဆုံးျဖစ္သူ ဘီဘီနဲ႔ပါ ႏႈိင္းယွဥ္လာခဲ့ၾကပါတယ္။

 

 

မန်ယူအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ပေါ့ဘာက လတ်တလောမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိသလို ပရိသတ်တွေဆီကနေ အရမ်းကို ဝေဖန်ခံနေရသူ အသင်းဖော် အလက်ဆစ်ဆန်းချက်ဘက်ကနေ ရပ်တည်ပေးပြီး ဆန်းချက်က လူတွေဝေဖန်နေကြသလို ကစားပုံဆိုးရွှားနေတာမဟုတ်ပဲ အသင်းနဲ့ အ့ံဝင်အောင် ကြိုးစားရုန်းကန်နေရခြင်းသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၉နှစ်အရွှယ်ရှိ တောင်ပံတိုက်စစ်ကစားသမား ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ်လကမှ အာဆင်နယ်ကနေ မန်ယူအသင်းကို ပြောင်းရွေ့လာပြီးနောက် ပုံမှန်ခြေစွမ်းလောက်ပဲ ပြသနိုင်ခဲ့ခြင်းမရှိပဲ ပါဝင်ကစားခဲ့တဲ့ ပွဲတိုင်းနီးပါးမှာ ကစားအားကျဆင်းနေခဲ့ရပါတယ်။ ပိုဆိုးတာကတော့ ဆန်းချက်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများလုပ်ခအများဆုံး ကစားသမားဖြစ်နေတာကြောင့် ခြေစွမ်းကျဆင်းလာမှုအတွက် အလွန်အကျွံ ဝေဖန်ခံနေရပါတယ်။ ဒီလိုဝေဖန်လာမှုနဲ့ပတ်သက်ပြီး ဆန်းချက်ရဲ့ ကစားဖော်ပေါ့ဘာက “ခင်ဗျားတို့ သူအကြောင်း ဘယ်လောက်သိလို့လဲ။ သူက တကယ့်ကို ကြိုးစားတဲ့သူတစ်ယောက်ဗျ။ လေ့ကျင့်ခန်းဆင်းနေချိန်မှာလည်း အကောင်းဆုံးကြိုးစားသူ။ အသင်းအတွက်လည်း ကူညီပေးနိုင်တဲ့သူ။ ခင်ဗျားက အခြားအသင်းတစ်သင်းနဲ့ အချိန်တွေအကြာကြီးကို အဲ့အသင်းရဲ့ပင်ကိုကစားဟန်အတိုင်း ဖြတ်သန်းခဲ့ရမယ်ဆိုရင် နောက်တစ်သင်းကို ရောက်တဲ့အခါ ပြန်လည်တည်ဆောက်ရမယ့် အပိုင်းလေးတွေ လိုအပ်လာမယ်လေ။ သူကစားပုံက လူတွေပြောနေသလို ညံဖျင်းနေတာမဟုတ်ဘူး။ သူအရာရာကို လုပ်ဆောင်ပြနိုင်မယ်ဆိုတာ ကျွန်တော်ယုံပီးသား။ လုပ်လည်းလုပ်ပြနိုင်ပါလိမ့်မယ်။ မကြာခင် သူအကောင်းဆုံး ခြေစွမ်းပြလာနိုင်မှာပါ” လို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဆန်းချက်ဟာ မန်ယူကို စတင်ရောက်ရှိချိန်ကနေ အခုထိ ပွဲပေါင်း ၂၃ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၃ဂိုးသာ သွင်းယူထားသေးလို့ သူ့ကို မန်ယူကစားသမားဟောင်းတွေထဲမှာ အညံဖျင်းဆုံးဖြစ်သူ ဘီဘီနဲ့ပါ နှိုင်းယှဉ်လာခဲ့ကြပါတယ်။