Home » Hot News » မက္ဆီနဲ႔ရုိနယ္ဒုိတုိ႔ရဲ႕ ေအာင္ျမင္မႈကုိ ေဖာက္ထြက္လာႏုိင္ခဲ႔သူ မုိဒရစ္

မက္ဆီနဲ႔ရုိနယ္ဒုိတုိ႔ရဲ႕ ေအာင္ျမင္မႈကုိ ေဖာက္ထြက္လာႏုိင္ခဲ႔သူ မုိဒရစ္

မက္ဆီနဲ႔ရုိနယ္ဒုိတုိ႔ရဲ႕ ေအာင္ျမင္မႈကုိ ေဖာက္ထြက္လာႏုိင္ခဲ႔သူ မုိဒရစ္

 

လြန္ခဲ႔တဲ႔ ဆယ္စုႏွစ္တစ္ႏွစ္တာအတြင္း ေဘာလုံးေလာကကုိ ဘာစီလုိနာတုိက္စစ္မွဴးမက္ဆီနဲ႔ ဂ်ဳဗင္တပ္တုိက္စစ္မွဴးရုိနယ္ဒုိတုိ႔ကပါ အလႊမ္းမုိးဆုံးျဖစ္ခဲ႔ပါတယ္။ သူတုိ႔ႏွစ္ဦးကပဲ အေကာင္းဆုံးကစားသမားဆုေတြကုိ တစ္ေယာက္တစ္လွည့္စီ ပုိင္ဆုိင္ခဲ့ၾကပါတယ္။ အခုေတာ့ သူတုိ႔ႏွစ္ေယာက္ကုိ ေက်ာ္လြန္ႏုိင္မယ့္သူ ေပၚေပါက္လာခဲ႔ပါတယ္။ သူကေတာ့ လူကာမုိဒရစ္ပါ။

ခရုိေအးရွားအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတုိ႔ရဲ႕ လူကာမုိဒရစ္ဟာ ယခင္ကတည္းက ကမာၻ႔အေကာင္းဆုံး ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံရၿပီး ဒီႏွစ္ ၂၀၁၈ခုႏွစ္ကေတာ့ သူရဲ႕ ကစားသမားဘဝ အေကာင္းဆုံးႏွစ္တစ္ႏွစ္ ျဖစ္ခဲ႔ရပါတယ္။ ကလပ္အသင္းျဖစ္တဲ႔ ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကုိ ၃ႏွစ္ဆက္တုိက္ ရရွိခဲ႔သလုိ ခရုိေအးရွားအသင္းနဲ႔လည္း ၂၀၁၈ခုႏွစ္ ကမာၻ႕ဖလားၿပိဳင္ပြဲမွာလည္း ဒုတိယေနရာကုိ ရပ္တည္ႏုိင္ခဲ႔ပါတယ္။ ဒါေၾကာင့္ မုိဒရစ္ဟာ ယူအီးအက္ေအရဲ႕ အေကာင္းဆုံး ကစားသမားဆုကုိ ဆြတ္ခူးႏုိင္ခဲ႔သလုိ မေန႔ညက က်င္းပခဲ႔တဲ႔ ဖီဖာအေကာင္းဆုံးကစားသမားဆု The Best ကုိပါ ဆြတ္ခူးခဲ႔ပါတယ္။ မုိဒရစ္ဟာ သူရဲ႕ အသင္းေဖာ္ေဟာင္း ရုိနယ္ဒုိနဲ႔ မႏွစ္က တစ္ရာသီလုံး ေျခစြမ္းျပခဲ႔သူ လီဗာဘူးတုိက္စစ္မွဴးဆာလာတုိ႔ကုိ ေက်ာ္လြန္ၿပီး ဒီဆုကုိ ရရွိပုိင္ဆုိင္ခဲ႔တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အသက္ ၃၃ႏွစ္အရႊယ္ ရွိေနေပမယ့္လည္း မုိဒရစ္ရဲ႕ ေျခစြမ္းကေတာ့ အခုအခ်ိန္ထိကုိ ေကာင္းမြန္ေနဆဲျဖစ္သလုိ သူ႔ကုိ အသင္းႀကီးမ်ားစြာကလည္း လုိခ်င္ေနလ်က္ရွိေနပါတယ္။ ဒါေၾကာင့္  ဘယ္အခ်ိန္ထိ အခုလုိေျခစြမ္းမ်ိဳးကုိ ဆက္ထိန္းႏုိင္မလဲဆုိတာ ဆက္ေစာင့္ၾကည့္ရပါဦးမယ္ခင္ဗ်ာ။

 

 

 

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်နှစ်တာအတွင်း ဘောလုံးလောကကို ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ဂျုဗင်တပ်တိုက်စစ်မှူးရိုနယ်ဒိုတို့ကပါ အလွှမ်းမိုးဆုံးဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကပဲ အကောင်းဆုံးကစားသမားဆုတွေကို တစ်ယောက်တစ်လှည့်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။ အခုတော့ သူတို့နှစ်ယောက်ကို ကျော်လွန်နိုင်မယ့်သူ ပေါ်ပေါက်လာခဲ့ပါတယ်။ သူကတော့ လူကာမိုဒရစ်ပါ။

ခရိုအေးရှားအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ လူကာမိုဒရစ်ဟာ ယခင်ကတည်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဒီနှစ် ၂၀၁၈ခုနှစ်ကတော့ သူရဲ့ ကစားသမားဘဝ အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ရပါတယ်။ ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃နှစ်ဆက်တိုက် ရရှိခဲ့သလို ခရိုအေးရှားအသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒုတိယနေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မိုဒရစ်ဟာ ယူအီးအက်အေရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သလို မနေ့ညက ကျင်းပခဲ့တဲ့ ဖီဖာအကောင်းဆုံးကစားသမားဆု The Best ကိုပါ ဆွတ်ခူးခဲ့ပါတယ်။ မိုဒရစ်ဟာ သူရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒိုနဲ့ မနှစ်က တစ်ရာသီလုံး ခြေစွမ်းပြခဲ့သူ လီဗာဘူးတိုက်စစ်မှူးဆာလာတို့ကို ကျော်လွန်ပြီး ဒီဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၃နှစ်အရွှယ် ရှိနေပေမယ့်လည်း မိုဒရစ်ရဲ့ ခြေစွမ်းကတော့ အခုအချိန်ထိကို ကောင်းမွန်နေဆဲဖြစ်သလို သူ့ကို အသင်းကြီးများစွာကလည်း လိုချင်နေလျက်ရှိနေပါတယ်။ ဒါကြောင့်  ဘယ်အချိန်ထိ အခုလိုခြေစွမ်းမျိုးကို ဆက်ထိန်းနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရပါဦးမယ်ခင်ဗျာ။