Home » Hot News » ဒီေန႔ညမွာ ေစာင့္ၾကည့္သြားသင့္တဲ႔ ေဘာလုံးပြဲေကာင္းႏွစ္ပြဲ

ဒီေန႔ညမွာ ေစာင့္ၾကည့္သြားသင့္တဲ႔ ေဘာလုံးပြဲေကာင္းႏွစ္ပြဲ

ဒီေန႔ညမွာ ေစာင့္ၾကည့္သြားသင့္တဲ႔ ေဘာလုံးပြဲေကာင္းႏွစ္ပြဲ

 

ဒီတစ္ပတ္ ၾကားရက္ေတြမွာေတာ့ ခ်န္ပီယံလိဂ္နဲ႔ ယူရုိပါလိဂ္ပြဲေတြ ရွိမေနပဲ လိဂ္ဖလားနဲ႔ အမွတ္ေပးၿပိဳင္ပြဲေတြသာ ရွိေနေပမယ့္လည္း စိတ္ဝင္စားစရာေကာင္းတဲ႔ ပြဲေကာင္းေတြလည္း ပါဝင္ေနပါတယ္။ ဒီထဲကမွ အေကာင္းဆုံးေသာ ပြဲေကာင္းႏွစ္ပြဲအေၾကာင္းကုိ ေဖာ္ျပလုိ႔ေပးသြားခ်င္ပါတယ္။

ပထမဆုံးပြဲကေတာ့ လီဗာဘူးနဲ႔ခ်ဲလ္ဆီးအသင္းတုိ႔ရဲ႕ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္ပါ။ ဒီႏွစ္သင္းက လက္ရွိ အမွတ္ေပးဇယားမွာလည္း အဆင့္၁နဲ႔ အဆင့္၃ ေတြျဖစ္ေနၾကသလုိ လာမယ့္ပိတ္ရက္မွာလည္း ထိပ္တုိက္ေတြ႕ၾကမယ့္ အသင္းႏွစ္သင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာ အႏုိင္ရထားတဲ႔အသင္းက စိတ္ဓါတ္ပုိင္းျမင့္တတ္ေနမွာ ေသခ်ာပါတယ္။ ေလာေလာဆယ္မွာေတာ့ လီဗာဘူးက ျပည္တြင္းဖလားေတြထက္ ခ်န္ပီယံလိဂ္နဲ႔ အမွတ္ေပးဖလားကုိသာ အာရုံပုိစုိက္ခ်င္တဲ႔ အေနအထားေတြ ရွိလုိ႔ေနၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ နည္းျပဆာရီလက္ထပ္မွာ ေအာင္ျမင္မႈေတြကုိ လက္မွန္းမီသေလာက္ ရယူထားႏုိင္ဖုိ႔ ျပင္ဆင္ထားဖြယ္ ရွိပါတယ္။ ႏွစ္သင္းလုံး အရန္ကစားသမား အမ်ားအျပားနဲ႔ ပြဲထြက္လာႏုိင္ဖြယ္ရွိၿပီး ဧည့္သည့္ခ်ဲလ္ဆီးကုိ ပုိသေဘာက်ပါတယ္။

ေနာက္တစ္ပြဲကေတာ့ ဒီၾကားရက္ထဲမွာ အႀကိတ္အနယ္အရွိဆုံး လာလီဂါပြဲတစ္ပြဲပါ။ ဆီဗီလာနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ရဲ႕ ပြဲစဥ္ပါ။ ဆီဗီလာဆုိတာကေတာ့ ဘယ္လုိအေျခအေနမ်ိဳးပဲေရာက္ေရာက္ ရီးရဲလ္ကုိ အၿမဲဒုကၡေပးတတ္တဲ့ အသင္းတစ္သင္းပါ။ အခုလည္း ရုိနယ္ဒုိမရွိေတာ့တဲ႔ ရီးရဲလ္အသင္းရဲ႕ အစမ္းသပ္ခံ ပြဲတစ္ပြဲျဖစ္လာမွာ ေသခ်ာပါတယ္။ လက္ရွိမွာ ရီးရဲလ္ဟာ ဘာစီလုိနာနဲ႔ အမွတ္တူေနၿပီး ဘာစီက ဇယားေအာက္ဆုံးက လီဟာနက္နဲ႔ ဆုံေတြ႕ေနတာမုိ႔ ေသခ်ာေပါက္ အမွတ္ျပည့္ရႏုိင္မွာအခ်ိန္မွာ ရီးရဲလ္ဘက္ကလည္း အမွားခံလုိ႔မျဖစ္ပါဘူး။ အႏုိင္ရဖုိ႔ ရုန္းကန္ရဖြယ္ ရွိေနေပမယ့္လည္း ရီးရဲလ္ကုိသာ သေဘာက်မိပါတယ္။

 

 

 

 

ဒီတစ်ပတ် ကြားရက်တွေမှာတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေ ရှိမနေပဲ လိဂ်ဖလားနဲ့ အမှတ်ပေးပြိုင်ပွဲတွေသာ ရှိနေပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတဲ့ ပွဲကောင်းတွေလည်း ပါဝင်နေပါတယ်။ ဒီထဲကမှ အကောင်းဆုံးသော ပွဲကောင်းနှစ်ပွဲအကြောင်းကို ဖော်ပြလို့ပေးသွားချင်ပါတယ်။

ပထမဆုံးပွဲကတော့ လီဗာဘူးနဲ့ချဲလ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်ပါ။ ဒီနှစ်သင်းက လက်ရှိ အမှတ်ပေးဇယားမှာလည်း အဆင့်၁နဲ့ အဆင့်၃ တွေဖြစ်နေကြသလို လာမယ့်ပိတ်ရက်မှာလည်း ထိပ်တိုက်တွေ့ကြမယ့် အသင်းနှစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အနိုင်ရထားတဲ့အသင်းက စိတ်ဓါတ်ပိုင်းမြင့်တတ်နေမှာ သေချာပါတယ်။ လောလောဆယ်မှာတော့ လီဗာဘူးက ပြည်တွင်းဖလားတွေထက် ချန်ပီယံလိဂ်နဲ့ အမှတ်ပေးဖလားကိုသာ အာရုံပိုစိုက်ချင်တဲ့ အနေအထားတွေ ရှိလို့နေပြီး ချဲလ်ဆီးအသင်းကတော့ နည်းပြဆာရီလက်ထပ်မှာ အောင်မြင်မှုတွေကို လက်မှန်းမီသလောက် ရယူထားနိုင်ဖို့ ပြင်ဆင်ထားဖွယ် ရှိပါတယ်။ နှစ်သင်းလုံး အရန်ကစားသမား အများအပြားနဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိပြီး ဧည့်သည့်ချဲလ်ဆီးကို ပိုသဘောကျပါတယ်။

နောက်တစ်ပွဲကတော့ ဒီကြားရက်ထဲမှာ အကြိတ်အနယ်အရှိဆုံး လာလီဂါပွဲတစ်ပွဲပါ။ ဆီဗီလာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်ပါ။ ဆီဗီလာဆိုတာကတော့ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် ရီးရဲလ်ကို အမြဲဒုက္ခပေးတတ်တဲ့ အသင်းတစ်သင်းပါ။ အခုလည်း ရိုနယ်ဒိုမရှိတော့တဲ့ ရီးရဲလ်အသင်းရဲ့ အစမ်းသပ်ခံ ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။ လက်ရှိမှာ ရီးရဲလ်ဟာ ဘာစီလိုနာနဲ့ အမှတ်တူနေပြီး ဘာစီက ဇယားအောက်ဆုံးက လီဟာနက်နဲ့ ဆုံတွေ့နေတာမို့ သေချာပေါက် အမှတ်ပြည့်ရနိုင်မှာအချိန်မှာ ရီးရဲလ်ဘက်ကလည်း အမှားခံလို့မဖြစ်ပါဘူး။ အနိုင်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပေမယ့်လည်း ရီးရဲလ်ကိုသာ သဘောကျမိပါတယ်။