Home » Political » အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီး ဆူရွမာ ဆြာရာ့ခ်္သည္ ပါကစၥတန္ႏိုင္ငံရဲ႕ လုပ္ရပ္ကို ေ၀ဖန္ေျပာၾကား

အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီး ဆူရွမာ ဆြာရာ့ခ်္သည္ ပါကစၥတန္ႏိုင္ငံရဲ႕ လုပ္ရပ္ကို ေ၀ဖန္ေျပာၾကား

အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီး ဆူရွမာ ဆြာရာ့ခ်္သည္ ပါကစၥတန္ႏိုင္ငံရဲ႕ လုပ္ရပ္ကို ေ၀ဖန္ေျပာၾကား

အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီး Sushma Swaraj ဆူရွမာ ဆြာရာ့ခ်္ ဟာ မေန႔ စေနေန႔က ကုလသမဂၢ အေထြေထြ ညီလာခံတြင္း မိန္႔ခြန္းေျပာၾကားရာမွာပါကစၥတန္ႏိုင္ငံရဲ႕ လုပ္ရပ္ကို ေ၀ဖန္ေျပာၾကား ခဲ့ၿပီး ႏွစ္ႏိုင္ငံေဆြးေႏြးပဲြ ျဖစ္ေျမာက္ေရး ဆက္လက္ၿပီး လမ္းေတြဖြင့္ထားေၾကာင္း ေျပာသြားပါတယ္။

အိႏၵိယႏိုင္ငံပိုင္ Kashmir ျပည္နယ္ဘက္ျခမ္းမွာ ရွိေနတဲ့ ခဲြထြက္ေရး အစြန္းေရာက္ မြတ္စလင္ စစ္ေသြးႂကြေတြ ကို ပါကစၥတန္ဘက္က အားေပးအားေျမႇာက္ျပဳေနတယ္လို႔ အရင္အခ်ိန္ၾကာျမင့္စြာ ကတည္းက အိႏၵိယက စြပ္စဲြ ေျပာဆိုခဲ့တာပါ။ စစ္ေသြးႂကြေတြဟာ မၾကာခဏဆိုသလို အိႏၵိယ ပိုင္နက္ထဲ ရွိေနတဲ့ ၿမိဳ႕ေတြ၊ အခ်က္အခ်ာ က်တဲ့ ၿမိဳ႕ႀကီးေတြထဲ အၾကမ္းဖက္ တိုက္ခိုက္တာ ေတြေၾကာင့္ ထိခိုက္ေသဆံုးမႈ အေျမာက္အမ်ားရွိခဲ့တာပါ။

ပါကစၥတန္ႏိုင္ငံဟာ လူသတ္သမားေတြကို ခ်ီးမြမ္း အားေပးေထာက္ခံေနၿပီး အျပစ္မဲ့သူေတြ ထိခိုက္ေသဆံုးေန တာေတြကိုေတာ့ မေတြ႔႔မျမင္ေယာင္ေဆာင္ေနတယ္လို႔ အိႏၵိယႏိုင္ငံျခားေရး ၀န္ႀကီး Swaraj က ကုလသမဂၢ အေထြေထြညီလာခံ မိန္႔ခြန္းမွာ ေျပာသြားပါတယ္။ အိႏၵိယနဲ႔ ပါကစၥတန္ ပထမဆံုးအႀကိမ္ ႏွစ္ႏိုင္ငံအဆင္ျမင့္ ေဆြးေႏြးပဲြျပဳလုပ္ဖို႔ လ်ာထားတဲ့အစီအစဥ္ကို ဒီလအေစာပိုင္းက အိႏိၵယဘက္က ဖ်က္သိမ္းခဲ့ၿပီး အိႏၵိယ လံုၿခံဳေရး တပ္ဖဲြ႔၀င္ေတြ အသတ္ခံရမႈ ေၾကာင့္တုံ႔ျပန္ဆႏၵျပတာျဖစ္တယ္လို႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။

အလားတူစေနေန႔က ကုလသမဂၢအေထြေထြညီလာခံမွာ ပါကစၥတန္ ႏိုင္ငံျခားေရး၀န္ႀကီး Shah Mehmood Qureshi က မိန္႔ခြန္းေျပာၾကားရာမွာ အိႏၵိယဘက္ကို တုံ႔ျပန္ေ၀ဖန္ေျပာဆိုသြားပါတယ္။ ခိုင္လႈံမႈမရွိတဲ့ အခ်က္အလက္ေတြေပၚမွာ အေျခခံၿပီး အိႏၵိယအစိုးရဘက္က ႏွစ္ႏိုင္ငံေဆြးေႏြးပဲြကို ဖ်က္ခဲ့ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးထက္ ႏိုင္ငံေရးကစားကြက္ကို အိႏၵိက ပိုၿပီးလိုလားခဲ့ေၾကာင္း သူရဲ႕မိန္႔ခြန္းမွာ ထည့္သြင္းေျပာသြား ပါတယ္။ ဒါအျပင္ အၾကမ္းဖက္၀ါဒကို အိႏၵိယကသာ ေထာက္ခံအားေပးေနတာျဖစ္ေၾကာင္း ပါကစၥတန္ ႏိုင္ငံျခားေရး ၀န္ႀကီးက စြပ္စဲြေျပာဆိုခဲ့ပါတယ္။
Reference-www.nytimes.com

Unicode ဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ဆူရှမာ ဆွာရာ့ချ် ဟာ မနေ့ စနေနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်း မိန့်ခွန်းပြောကြားရာမှာပါကစ္စတန်နိုင်ငံရဲ့ လုပ်ရပ်ကို ဝေဖန်ပြောကြား ခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဆက်လက်ပြီး လမ်းတွေဖွင့်ထားကြောင်း ပြောသွားပါတယ်။

အိန္ဒိယနိုင်ငံပိုင် Kashmir ပြည်နယ်ဘက်ခြမ်းမှာ ရှိနေတဲ့ ခွဲထွက်ရေး အစွန်းရောက် မွတ်စလင် စစ်သွေးကြွတွေ ကို ပါကစ္စတန်ဘက်က အားပေးအားမြှောက်ပြုနေတယ်လို့ အရင်အချိန်ကြာမြင့်စွာ ကတည်းက အိန္ဒိယက စွပ်စွဲ ပြောဆိုခဲ့တာပါ။ စစ်သွေးကြွတွေဟာ မကြာခဏဆိုသလို အိန္ဒိယ ပိုင်နက်ထဲ ရှိနေတဲ့ မြို့တွေ၊ အချက်အချာ ကျတဲ့ မြို့ကြီးတွေထဲ အကြမ်းဖက် တိုက်ခိုက်တာ တွေကြောင့် ထိခိုက်သေဆုံးမှု အမြောက်အများရှိခဲ့တာပါ။

ပါကစ္စတန်နိုင်ငံဟာ လူသတ်သမားတွေကို ချီးမွမ်း အားပေးထောက်ခံနေပြီး အပြစ်မဲ့သူတွေ ထိခိုက်သေဆုံးနေ တာတွေကိုတော့ မတွေ့့မမြင်ယောင်ဆောင်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Swaraj က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောသွားပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ပထမဆုံးအကြိမ် နှစ်နိုင်ငံအဆင်မြင့် ဆွေးနွေးပွဲပြုလုပ်ဖို့ လျာထားတဲ့အစီအစဉ်ကို ဒီလအစောပိုင်းက အိန္ဒိယဘက်က ဖျက်သိမ်းခဲ့ပြီး အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အသတ်ခံရမှု ကြောင့်တုံ့ပြန်ဆန္ဒပြတာဖြစ်တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

အလားတူစနေနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က မိန့်ခွန်းပြောကြားရာမှာ အိန္ဒိယဘက်ကို တုံ့ပြန်ဝေဖန်ပြောဆိုသွားပါတယ်။ ခိုင်လှုံမှုမရှိတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံဆွေးနွေးပွဲကို ဖျက်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေးထက် နိုင်ငံရေးကစားကွက်ကို အိန္ဒိက ပိုပြီးလိုလားခဲ့ကြောင်း သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွား ပါတယ်။ ဒါအပြင် အကြမ်းဖက်ဝါဒကို အိန္ဒိယကသာ ထောက်ခံအားပေးနေတာဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။
Reference-www.nytimes.com