Home » Political » ပြင်သစ်နိုင်ငံ၊ ဘရစ်တနီပြည်နယ်၊ စိန့်ကာတိုရွာနားက အေတယ်လ်မြစ်ထဲမှာ ကမာမွေးမြူရေးအိမ်တစ်အိမ်ရှိကြောင်း သိရ







Unicode ဖြင့်ဖတ်ရန်
ပြင်သစ်နိုင်ငံ၊ ဘရစ်တနီပြည်နယ်၊ စိန့်ကာတိုရွာနားက အေတယ်လ်မြစ်ထဲမှာ ကမာမွေးမြူရေးအိမ်တစ်အိမ် ရှိကြောင်း သိရှိရပါတယ်။အေတယ်လ်မြစ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ မလှမ်းမကမ်းမှာ တည်ရှိနေတာဖြစ်ပါတယ်။

ကမာကုန်သည်တစ်ယောက်က ကမာမွေးမြူရေးလုပ်ဖို့အတွက် အဆိုပါ အိမ်ကို ၁၈၉၄ ခုနှစ်က ပင်လယ်ရေမျက်နှာပြင်အထက် ၂၅ မီတာ (၈၂ ပေ)ရှိ ကျွန်းတစ်ကျွန်းပေါ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကမာမွေးမြူရေးအိမ်မှာ မိသားစုတော်တော်များများနေထိုင်ခဲ့ဖူးပေမယ့် ယခုချိန်မှာတော့ လူသူကင်းမဲ့လျက်ရှိတယ်လို့ သိရပါတယ်။

သို့ပေမယ့် အဆိုပါ ကမာမွေးမြူရေးအိမ်လေးဟာ စင်ရော်ဌက်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ နေရာလေးတစ်ခုဖြစ်လို့နေပါတယ်။
Reference-www.cnn.news.com