Home » Political » ကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အက်ပ္ကိုင္မႈေတြကို တ႐ုတ္ႏိုင္ငံက ႐ႈတ္ခ်ေျပာဆို

ကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အက်ပ္ကိုင္မႈေတြကို တ႐ုတ္ႏိုင္ငံက ႐ႈတ္ခ်ေျပာဆို

ကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အက်ပ္ကိုင္မႈေတြကို တ႐ုတ္ႏိုင္ငံက ႐ႈတ္ခ်ေျပာဆို

ကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အက်ပ္ကိုင္မႈေတြကို တ႐ုတ္ႏိုင္ငံက ႐ႈတ္ခ်ေျပာဆိုလုိက္ေပမယ့္ ကမာၻ႔အႀကီးဆုံး စီးပြားေရး အင္အားႀကီးႏွစ္္ႏုိင္ငံၾကား ဆက္ဆံေရး  ဆိုး၀ါးလာေစမွာေၾကာင့္ အေမရိကန္ကို အဆုံးစြန္ထိ စိန္ေခၚသြားဖို႔ အစီအစဥ္မရွိပါလို႔ အတိအလင္း ေျပာလာပါတယ္။

သမၼတ ထရမ့္က တ႐ုတ္ကုန္စည္ အေမရိကန္ေဒၚလာ ဘီလီယံ ၂၀၀ ဖိုးအေပၚ သြင္းကုန္စည္းၾကပ္ခြန္ တိုးျမွင့္ေကာက္ခံၿပီး တ႐ုတ္ႏုိင္ငံ အညံ့ခံလာတဲ့အထိ ဖိအားေပးသြားဖို႔ စိတ္ပိုင္းျဖတ္ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒီလို လုပ္ေဆာင္ခဲ့ၿပီး ရက္အနည္းငယ္အၾကာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀န္ယီက မိန္႔ခြန္းေျပာရာမွာေတာ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ ရင္ဆိုင္ခုခံသြားမယ္လို႔ပါ ေျပာခဲ့ပါတယ္။

“တ႐ုတ္ကို ၿခိမ္းေျခာက္လို႔ ဖိအားေပးလို႔ ရမွာ မဟုတ္ပါဘူး။”လို႔ ကုလသမဂၢ မိန္႔ခြန္းမွာ ၀န္ယီက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီး ၀န္ယီရဲ႕ မိန္႔ခြန္းဟာ အေမရိကန္ကို ရည္ညႊန္းတာ မဟုတ္ဘဲ ၿပီးခဲ့တဲ့ အဂၤါေန႔က ကုလသမဂၢစင္ျမင့္မွာ ထရမ့္ေျပာသြားခဲ့တဲ့ ဂလိုဘယ္လိုက္ေဇးရွင္းကို စြန္႔ပယ္တဲ့ ေျပာဆိုခ်က္ေတြအေပၚ တုံ႔ျပန္ေျပာဆိုတဲ့ပုံ ရပါတယ္။


Reference-www.xinhuanet.com

Unicode ဖြင့်ဖတ်ရန်

ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကျပ်ကိုင်မှုတွေကို တရုတ်နိုင်ငံက ရှုတ်ချပြောဆိုလိုက်ပေမယ့် ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီးနှစ််နိုင်ငံကြား ဆက်ဆံရေး ဆိုးဝါးလာစေမှာကြောင့် အမေရိကန်ကို အဆုံးစွန်ထိ စိန်ခေါ်သွားဖို့ အစီအစဉ်မရှိပါလို့ အတိအလင်း ပြောလာပါတယ်။

သမ္မတ ထရမ့်က တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံပြီး တရုတ်နိုင်ငံ အညံ့ခံလာတဲ့အထိ ဖိအားပေးသွားဖို့ စိတ်ပိုင်းဖြတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ်အကြာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက မိန့်ခွန်းပြောရာမှာတော့ တရုတ်နိုင်ငံအနေနဲ့ ရင်ဆိုင်ခုခံသွားမယ်လို့ပါ ပြောခဲ့ပါတယ်။

“တရုတ်ကို ခြိမ်းခြောက်လို့ ဖိအားပေးလို့ ရမှာ မဟုတ်ပါဘူး။”လို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ဝန်ယီက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝန်ယီရဲ့ မိန့်ခွန်းဟာ အမေရိကန်ကို ရည်ညွှန်းတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂစင်မြင့်မှာ ထရမ့်ပြောသွားခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို စွန့်ပယ်တဲ့ ပြောဆိုချက်တွေအပေါ် တုံ့ပြန်ပြောဆိုတဲ့ပုံ ရပါတယ်။


Reference-www.xinhuanet.com