Home » Political » ဇူကာဘတ္ရဲ႕ ေဖ့စ္ဘုတ္အေကာင့္ကို လိုက္ဖ္လႊင့္ၿပီးဖ်က္ျပမည့္ ထိုင္ဝမ္ဟက္ကာ အစီအစဥ္ ပယ္ဖ်က္လိုက္

ဇူကာဘတ္ရဲ႕ ေဖ့စ္ဘုတ္အေကာင့္ကို လိုက္ဖ္လႊင့္ၿပီးဖ်က္ျပမည့္ ထိုင္ဝမ္ဟက္ကာ အစီအစဥ္ ပယ္ဖ်က္လိုက္

ဇူကာဘတ္ရဲ႕ ေဖ့စ္ဘုတ္အေကာင့္ကို လိုက္ဖ္လႊင့္ၿပီးဖ်က္ျပမည့္ ထိုင္ဝမ္ဟက္ကာ အစီအစဥ္ ပယ္ဖ်က္လိုက္

ထုိင္ဝမ္ဟက္ကာတစ္ေယာက္ဟာ မာ့ခ္ဇူကာဘတ္ရဲ႕ လိုက္ဖ္လႊင့္ၿပီး ဖ်က္ျပမယ့္အစီအစဥ္ကို ပယ္ဖ်က္လုိက္ပါတယ္။ခ်န္ခ်ိ-ယြမ္အမည္ရ ဟက္ကာဟာ အားနည္းခ်က္ေတြကို ရွာေဖြၿပီး အသိေပးျခင္းျဖင့္ ေငြေၾကးရရွိသူျဖစ္ပါတယ္။ သူက ဗုဒၶဟူးေန႔က ေဖ့စ္ဘုတ္ခ္ပုိ႔စ္တစ္ခုမွာ ေဖ့စ္ဘုတ္ခ္ စီအီးအိုကုိ ပစ္မွတ္ထားတုိက္ခုိက္မယ္လု႔ိ ေျပာခဲ့ပါတယ္။ သူက သူ႔ရည္ရြယ္ခ်က္ေအာင္ျမင္ေအာင္ ဘယ္လုိနည္းေတြ သံုးမယ္ဆုိတာကိုေတာ့ အေသးစိတ္မေျပာခဲ့ပါဘူး။

လုိက္ဖ္ဗီဒီယုိကို တနဂၤေႏြေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၆ နာရီမွာ ျပဳလုပ္မယ္လုိ႔ ရည္ရြယ္ခဲ့ပါတယ္။ ဒါေပမဲ့ ေသာၾကာေန႔မွာေတာ့ ခ်န္းက ဒီအစီအစဥ္ကို ဖ်က္သိမ္းခဲ့ပါတယ္။”ကၽြန္ေတာ့္ လုိက္ဖ္ကို ဖ်က္လိုက္ပါၿပီ။ အဲဒီအားနည္းခ်က္ကို ေဖ့စ္ဘုတ္ခ္ကို အသိေပးၿပီး ေဖ့စ္ဘုတ္ခ္ဆီက ဆုေၾကးရတဲ့အခါက်ရင္ ကၽြန္ေတာ္သက္ေသျပပါ့မယ္” လို႔ သူက ဘလြန္းဘတ္သတင္းဌာနကိုေျပာပါတယ္။

ခ်န္းဟာ ဂ်ပန္နည္းပညာလုပ္ငန္း လုိင္းေကာ္ပိုေရးရွင္းရဲ႕ အားနည္းခ်က္ရွာေဖြသူမ်ားအဖြဲ႔မွာ အထူးပါဝင္လႈပ္ရွားသူ တစ္ဦးျဖစ္တယ္လုိ႔ သိရပါတယ္။ တခ်ိန္တုန္းက ထုိင္ဝမ္ဘတ္စ္ကားလုပ္ငန္းတစ္ခုက ခ်န္းကို တရားစြဲခဲ့ဖူးၿပီး သူဟာ ထုိင္ဝမ္ ၁ ေဒၚလာတည္းနဲ႔ လက္မွတ္ဝယ္ဖုိ႔ ဘတ္စ္ကားစနစ္ကို ဟက္ခဲ့ဖူးေၾကာင္း စြပ္စြဲခံခဲ့ရတယ္လုိ႔ ထိုင္ဝမ္နိပ္စ္မဂၢဇင္းက ေဖာ္ျပခဲ့ပါတယ္။ဇူကာဘက္ရဲ႕အေကာင့္ဟာ အရင္တုန္းကလည္း အဟက္ခံခဲ့ရဖူးပါတယ္။

၂၀၁၁ ခုနွစ္က ဟက္ကာတစ္ဦးဟာ သူ႔အေကာင့္ကို ဟက္ၿပီး “ဟက္ကင္းစတင္လုိက္ၾကရေအာင္” ဆိုတဲ့ စာသားတင္ခဲ့ပါတယ္။ ေဖ့စ္ဘုတ္ခ္ဟာ ဧၿပီလတုန္းကလည္း သူနဲ႔ကုမၸဏီ အဟက္ခံရမွာစိုးလို႔ ဇူကာဘက္ရဲ႕ သီးသန္႔မက္ေဆ့ခ်္တခ်ိဳ႕ကို ဖ်က္ခ်ဖူးေၾကာင္း သိရပါတယ္။
Reference-www.reuters.com

Unicode ဖြင့်ဖတ်ရန်

ထိုင်ဝမ်ဟက်ကာတစ်ယောက်ဟာ မာ့ခ်ဇူကာဘတ်ရဲ့ လိုက်ဖ်လွှင့်ပြီး ဖျက်ပြမယ့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။ချန်ချိ-ယွမ်အမည်ရ ဟက်ကာဟာ အားနည်းချက်တွေကို ရှာဖွေပြီး အသိပေးခြင်းဖြင့် ငွေကြေးရရှိသူဖြစ်ပါတယ်။ သူက ဗုဒ္ဓဟူးနေ့က ဖေ့စ်ဘုတ်ခ်ပို့စ်တစ်ခုမှာ ဖေ့စ်ဘုတ်ခ် စီအီးအိုကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ပြောခဲ့ပါတယ်။ သူက သူ့ရည်ရွယ်ချက်အောင်မြင်အောင် ဘယ်လိုနည်းတွေ သုံးမယ်ဆိုတာကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။

လိုက်ဖ်ဗီဒီယိုကို တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ပြုလုပ်မယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ သောကြာနေ့မှာတော့ ချန်းက ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။”ကျွန်တော့် လိုက်ဖ်ကို ဖျက်လိုက်ပါပြီ။ အဲဒီအားနည်းချက်ကို ဖေ့စ်ဘုတ်ခ်ကို အသိပေးပြီး ဖေ့စ်ဘုတ်ခ်ဆီက ဆုကြေးရတဲ့အခါကျရင် ကျွန်တော်သက်သေပြပါ့မယ်” လို့ သူက ဘလွန်းဘတ်သတင်းဌာနကိုပြောပါတယ်။

ချန်းဟာ ဂျပန်နည်းပညာလုပ်ငန်း လိုင်းကော်ပိုရေးရှင်းရဲ့ အားနည်းချက်ရှာဖွေသူများအဖွဲ့မှာ အထူးပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ တချိန်တုန်းက ထိုင်ဝမ်ဘတ်စ်ကားလုပ်ငန်းတစ်ခုက ချန်းကို တရားစွဲခဲ့ဖူးပြီး သူဟာ ထိုင်ဝမ် ၁ ဒေါ်လာတည်းနဲ့ လက်မှတ်ဝယ်ဖို့ ဘတ်စ်ကားစနစ်ကို ဟက်ခဲ့ဖူးကြောင်း စွပ်စွဲခံခဲ့ရတယ်လို့ ထိုင်ဝမ်နိပ်စ်မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ဇူကာဘက်ရဲ့အကောင့်ဟာ အရင်တုန်းကလည်း အဟက်ခံခဲ့ရဖူးပါတယ်။

၂၀၁၁ ခုနှစ်က ဟက်ကာတစ်ဦးဟာ သူ့အကောင့်ကို ဟက်ပြီး “ဟက်ကင်းစတင်လိုက်ကြရအောင်” ဆိုတဲ့ စာသားတင်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်ခ်ဟာ ဧပြီလတုန်းကလည်း သူနဲ့ကုမ္ပဏီ အဟက်ခံရမှာစိုးလို့ ဇူကာဘက်ရဲ့ သီးသန့်မက်ဆေ့ချ်တချို့ကို ဖျက်ချဖူးကြောင်း သိရပါတယ်။
Reference-www.reuters.com