Home » Political » အေမရိကန္က ျပံဳယမ္းကုိ ပိတ္ဆုိ႔မႈေတြဆက္လက္ခ်မွတ္ဖုိ႔ရွိသ၍ လက္နက္ျဖဳတ္သိမ္းဖို႔ မျဖစ္ႏုိင္ဘူးလုိ႔ ေျမာက္ကုိရီးယားႏုိင္ငံျခားေရးဝန္ၾကီးက ေျပာၾကား

အေမရိကန္က ျပံဳယမ္းကုိ ပိတ္ဆုိ႔မႈေတြဆက္လက္ခ်မွတ္ဖုိ႔ရွိသ၍ လက္နက္ျဖဳတ္သိမ္းဖို႔ မျဖစ္ႏုိင္ဘူးလုိ႔ ေျမာက္ကုိရီးယားႏုိင္ငံျခားေရးဝန္ၾကီးက ေျပာၾကား

အေမရိကန္က ျပံဳယမ္းကုိ ပိတ္ဆုိ႔မႈေတြဆက္လက္ခ်မွတ္ဖုိ႔ရွိသ၍ လက္နက္ျဖဳတ္သိမ္းဖို႔ မျဖစ္ႏုိင္ဘူးလုိ႔ ေျမာက္ကုိရီးယားႏုိင္ငံျခားေရးဝန္ၾကီးက ေျပာၾကား

အေမရိကန္ျပည္ေထာင္စုက ျပံဳယမ္းကုိ ပိတ္ဆုိ႔မႈေတြဆက္လက္ခ်မွတ္ဖုိ႔ တြန္းအားေပးေနသမွ် ေျမာက္ကုိရီးယားအေနနဲ႔ အရင္လက္နက္ျဖဳတ္သိမ္းဖို႔ မျဖစ္ႏုိင္ဘူးလုိ႔ ေျမာက္ကုိရီးယားႏုိင္ငံျခားေရးဝန္ၾကီးက ကုလသမဂၢကုိ စေနေန႔က ေျပာပါတယ္။

ကုသမဂၢအေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ရီေယာင္ဟိုက ဝါရွင္တန္ဟာ ကိုရီးယားကြ်န္းဆြယ္ ႏ်ဴကင္းစင္ေရးေဆြးေႏြးပြဲမွာ မဆုတ္သာ မတိုးသာအေျခအေနတစ္ခုကို ဖန္တီးခဲ့တယ္လုိ႔ စြပ္စြဲခဲ့ပါတယ္။

‘မၾကာေသးမီကျဖစ္ခဲ့တဲ့သည္အေျခအေနဟာ ယံုၾကည္မႈတည္ေဆာက္ေရးကိုပ်က္စီးေစတဲ့ အတင္းအဓမၼလုပ္တဲ့ အစီအမံေတြအေပၚ အေမရိကန္က အားကုိးလုိက္တာေၾကာင့္ျဖစ္ပါတယ္’
‘အေမရိကန္ကုိ မယံုၾကည္ရဘူးဆိုရင္ေတာ့ ကြ်န္ေတာ္တုိ႔ရဲ႕ တုိင္းျပည္လံုျခံဳေရးကိုလည္း စိတ္ခ်ယံုၾကည္လို႔ မရပါဘူး၊ သည္လုိအေျခအေနမွာ ကြ်န္ေတာ္တုုိ႔ဘက္က တစ္ဖက္သတ္ အရင္ဆံုး လက္နက္ျဖဳတ္သိမ္းဖို႔ မျဖစ္ႏိုင္ပါဘူး။’

အေမရိကန္ျပည္ေထာင္စုက ‘သူတို႔ရဲ႕ ရည္မွန္းခ်က္ကုိေအာင္ျမင္ဖို႔အတြက္ ပိတ္ဆို႔မႈေတြနဲ႔ ဖိအားေတြ ျမင့္တက္လာေစတဲ့’ ‘ႏ်ဴလက္နက္အရင္ဖ်က္သိမ္းေရး’ မူဝါဒကုိ အျပင္းအထန္ ေတာင္းဆုိေနတယ္လုိ႔ ႏိုင္ငံျခားေရးဝန္ၾကီးက ေျပာခဲ့ပါတယ္။
Reference-www.politico.com

Unicode ဖြင့်ဖတ်ရန်

အမေရိကန်ပြည်ထောင်စုက ပြုံယမ်းကို ပိတ်ဆို့မှုတွေဆက်လက်ချမှတ်ဖို့ တွန်းအားပေးနေသမျှ မြောက်ကိုရီးယားအနေနဲ့ အရင်လက်နက်ဖြုတ်သိမ်းဖို့ မဖြစ်နိုင်ဘူးလို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂကို စနေနေ့က ပြောပါတယ်။

ကုသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ရီယောင်ဟိုက ဝါရှင်တန်ဟာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးဆွေးနွေးပွဲမှာ မဆုတ်သာ မတိုးသာအခြေအနေတစ်ခုကို ဖန်တီးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

‘မကြာသေးမီကဖြစ်ခဲ့တဲ့သည်အခြေအနေဟာ ယုံကြည်မှုတည်ဆောက်ရေးကိုပျက်စီးစေတဲ့ အတင်းအဓမ္မလုပ်တဲ့ အစီအမံတွေအပေါ် အမေရိကန်က အားကိုးလိုက်တာကြောင့်ဖြစ်ပါတယ်’
‘အမေရိကန်ကို မယုံကြည်ရဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ တိုင်းပြည်လုံခြုံရေးကိုလည်း စိတ်ချယုံကြည်လို့ မရပါဘူး၊ သည်လိုအခြေအနေမှာ ကျွန်တော်တုုိ့ဘက်က တစ်ဖက်သတ် အရင်ဆုံး လက်နက်ဖြုတ်သိမ်းဖို့ မဖြစ်နိုင်ပါဘူး။’

အမေရိကန်ပြည်ထောင်စုက ‘သူတို့ရဲ့ ရည်မှန်းချက်ကိုအောင်မြင်ဖို့အတွက် ပိတ်ဆို့မှုတွေနဲ့ ဖိအားတွေ မြင့်တက်လာစေတဲ့’ ‘နျူလက်နက်အရင်ဖျက်သိမ်းရေး’ မူဝါဒကို အပြင်းအထန် တောင်းဆိုနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Reference-www.politico.com