Home » Hot News » မြောက်အမေရိက ကုန်သွယ်ရေးဖြစ်သည့် NTFTA အားပြင်ဆင်သည့် သဘောတူညီချက်အသစ်အား မကြာမီထုတ်ပြန်တော့မည်

မြောက်အမေရိက ကုန်သွယ်ရေးဖြစ်သည့် NTFTA အားပြင်ဆင်သည့် သဘောတူညီချက်အသစ်အား မကြာမီထုတ်ပြန်တော့မည်

မြောက်အမေရိက ကုန်သွယ်ရေးဖြစ်သည့် NTFTA အားပြင်ဆင်သည့် သဘောတူညီချက်အသစ်အား မကြာမီထုတ်ပြန်တော့မည်

မအောင်မြင်မှုတစ်ခုဟု အမေရိကန် သမ္မတဒေါ်နယ်ထရန့်က တံဆိပ်ကပ်ခဲ့သည့် သဘောတူညီချက်အား ပြင်ဆင်မွမ်းမံရန် တစ်နှစ်ကျော်ကြာ ဆွေးနွေးမှုများအပြီး သက်တမ်း ၂၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) အား ပြင်ဆင်ပြီး အစားထိုးရန် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်သစ်တစ်ခု အတွက် နောက်ဆုံးရက် သတ်မှတ်ချက်တစ်ခုကို ကနေဒါနှင့် အမေရိကန်တို့က စက်တင်ဘာ ၃၀ ရက် နှောင်းပိုင်းတွင် ရရှိခဲ့သည်။

ထရန့်က ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ထားသော NAFTA အား အစားထိုးမည့် သဘောတူညီချက်သစ် (USMCA) တွင် မက္ကဆီကိုလည်း ပါဝင်မည်ဖြစ်သည်။ 

ထို ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် သဘောတူညီချက်သည် ဒေသတွင်း၌ ဈေးကွက်ကို ပိုမိုလွတ်လပ်စေပြီး ကုန်သွယ်ရေးကို ပိုမိုမျှတစေကာ စီးပွားရေးတိုးတက်မှုကို ခိုင်မာစေမည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီးယားတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ ခြောက်ပတ်ဆက်တိုက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် ထိုကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

အဆုံးတွင် အမေရိကန်နှင့် ကနေဒါ အစိုးရတို့သည် ကဏ္ဍအချို့၌ အလျှော့ပေးခဲ့ကြပြီး သဘောထားကွဲလွဲမှုများကို ကျော်လွှားခဲ့ကြသည်။ ထို့ပြင် တစ်နှစ်လျှင် ကုန်သွယ်မှု ဒေါ်လာတစ်ထရီလျံရှိသော လူသန်း ၅၀၀ ခန့် နေထိုင်သည့် ဒေသအတွက် သဘောတူညီချက်ဖြစ်ကြောင်းလည်း ၎င်းတို့က ဂုဏ်ပြုခဲ့ကြသည်။