Home » Hot News » ဆီးရီးယားရှိအကြမ်းဖက်ဌာနချုပ်တစ်ခု ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံ

ဆီးရီးယားရှိအကြမ်းဖက်ဌာနချုပ်တစ်ခု ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံ

ဆီးရီးယားရှိအကြမ်းဖက်ဌာနချုပ်တစ်ခု ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံ

ဆီးရီးယားရှိ အကြမ်းဖက်ဌာနချုပ်တစ်ခုသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် အီရန်နိုင်ငံ၊ အဗစ်မြို့၌ လူ ၂၄ ဦးကို သေစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက အဗစ်မြို့တွင် ၁၉၈၀-၁၉၈၈ ခုနှစ်က အီရန်-အီရတ် စစ်ပွဲနှစ်ပတ်လည်အတွက် စစ်ရေးပြအခမ်းအနား ကျင်းပစဉ် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ချေမှုန်းမည်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ကတိပြုထားသည်။

“တော်လှန်ရေးအစောင့်တပ်ရဲ့ လေတပ်တပ်ခွဲဟာ အဗစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ရာဇ၀တ်မှုအတွက် တာဝန်ရှိသူတွေကို ပဲ့ထိန်းဒုံးကျည်အချို့နဲ့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ ပစ်ခတ်ခဲ့ပါတယ်” ဟု အစောင့်တပ်က ၎င်းတို့၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

“အစောပိုင်း သတင်းပေးပို့ချက်အရ အခု ဒုံးကျည်တိုက်ခိုက်မှုအတွင်းမှာ အဗစ်က အကြမ်းဖက်ရာဇ၀တ်မှုအတွက် တာဝန်ရှိတဲ့ တက်ဖိုင်ရီ ခေါင်းဆောင်တွေ၊ အကြမ်းဖက်သမားတွေ အများအပြားသေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟုလည်း ၎င်းတို့က ဖော်ပြထားခဲ့သည်။ ‘တက်ဖိုင်ရီ’ ဆိုသည်မှာ ဆွန် နီမွတ်စလင်အစွန်းရောက်များကို ခေါ်ဆိုခြင်းဖြစ်သည်။ ဒုံးကျည်ပစ်ခတ်လိုက်သည့် ရုပ်ပုံများကိုလည်း အစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Reference-www.reuters.com