Home » Hot News » မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနှင့် ချစ်နေကြပြီဲဖစ်ကြောင်ူ ထုတ်ဖော်ပြောကြားလိုက်တဲ့ အမေရိကန်သမ္မတ Donald Trump

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနှင့် ချစ်နေကြပြီဲဖစ်ကြောင်ူ ထုတ်ဖော်ပြောကြားလိုက်တဲ့ အမေရိကန်သမ္မတ Donald Trump

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနှင့် ချစ်နေကြပြီဲဖစ်ကြောင်ူ ထုတ်ဖော်ပြောကြားလိုက်တဲ့ အမေရိကန်သမ္မတ Donald Trump

 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တင်းမာမှုပြေလျော့ရေးအတွက် သူ့ဘက်က စိတ်အားထက်သန်မှုကို အမြင့်ဆုံးဖော်ပြတဲ့အနေနဲ့ စနေနေ့က သူ့ကိုထောက်ခံသူတွေနဲ့ တွေ့ဆုံရာမှာ စာတွေ အပြန်အလှန်လဲလှယ်ပြီးနောက် “ကျွန်တော်တို့ ချစ်နေကြပြီ” လို့ ကြေညာခဲ့ပါတယ်။

ထရမ့်နဲ့ကင်မ်တို့ဟာ ကိုရီးယားကျွန်းစွယ်မှာ နျူကလီးယားကင်းစင်ရေးအတွက် ရှေးရှုပြီးလုပ်ဆောင်လိုကြောင်း ပြောခဲ့ကြပြီး ဒီစိတ်ကူးကိုဆွေးနွေးဖို့ ဒီနှစ်ဆန်းပိုင်းက စင်္ကာပူမှာ ကြုံတောင့်ကြုံခဲဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်က အရင်က တကယ်တင်းမာခဲ့တယ်။ သူလည်း ဒီလိုပဲ။ ကျွန်တော်တို့အပြန်အလှန် ပြောခဲ့ကြတယ်”လို့ ထရမ့်က အနောက်ဗာဂျီးနီးယားက စုစည်းမှုတစ်ခုမှာ ပြောပါတယ်။

“နောက်တော့ ကျွန်တော်တို့ ချစ်သွားကြပြီ။ ဟုတ်တယ်နော်။ တကယ်ပြောတာပါ-သူက ကျွန်တော့်ကို သဘောကျစရာ စာလေးတွေ ရေးပေးတယ်။ သိပ်ကောင်းတဲ့စာတွေပဲ”လို့ သူကပြောပါတယ်။

သူ့ကို ထောက်ခံသူတွေက ရယ်မောပြီး လက်ခုပ်တီးကြပါတယ်။ ကင်မ့်ကို အခုလို နှစ်သက်စရာစကားလုံးတွေနဲ့ ပုံဖော်တဲ့အတွက် မျက်မှောက်ရေးရာကျွမ်းကျင်သူတွေက သူ့ကို သမ္မတမဆန်ဘူးလို့ ဝေဖန်ကြလိမ့်ဦးမယ်လို့ ထရမ့်က ဆက်လက် အပြစ်တင်ခဲ့ပါတယ်။