Home » Hot News » မန္ယူအသင္္းဆီ ျပန္သြားၿပီး ဂုိးေတြသြင္းေပးခ်င္ေနတဲ့ ရြန္နီ

မန္ယူအသင္္းဆီ ျပန္သြားၿပီး ဂုိးေတြသြင္းေပးခ်င္ေနတဲ့ ရြန္နီ

မန္ယူအသင္္းဆီ ျပန္သြားၿပီး ဂုိးေတြသြင္းေပးခ်င္ေနတဲ့ ရြန္နီ

မန္ယူအသင္း ရဲ႕ တုိက္စစ္မွဴးေဟာင္း ရြန္နီ ကေတာ့ သူ႕အသင္းေဟာင္းရဲ႕ လက္ရွိအေျခအေနေတြနဲ႔ ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနေၾကာင္း သူ႕ရဲ႕ အင္တာဗ်ဴး ေမးခြန္းေတြကတစ္ဆင့္ သက္ေသျပလုိက္ပါတယ္။ စေနေန႔က ကစားခဲ့တဲ့ မြန္ရီယယ္အသင္းနဲ႔ပြဲစဥ္မွာ အသင္းအတြက္ သြင္းဂုိး (၂) ဂုိးသြင္းယူေပးႏုိင္ခဲ့တဲ့ ရြန္နီ က ပြဲအၿပီးမွာ အေမရိကန္အားကစားသတင္းေရဒီယုိ တစ္ခုနဲ႔ အင္တာဗ်ဴး လုပ္ခဲ့ၿပီး မန္ယူအသင္းနဲ႔ ပတ္သက္ခဲ့တဲ့ ေမးခြန္းတခ်ိဳ႕ကုိ ေျဖၾကားသြားခဲ့ပါတယ္။

ရြန္နီက မန္ယူအသင္းရဲ႕ သတင္းမွန္သမွ်ကုိ ေစာင့္ၾကည့္ေနခဲ့ၿပီး အသင္းေဖာ္ကစားသမားေဟာင္းေတြ ဆီကလည္း မန္ယူအသင္းအေျခအေနေတြကုိ စုံစမ္းေနမိတယ္လုိ႔ ဆုိလုိက္ပါတယ္။ အေၾကာင္းကေတာ့ မန္ယူအသင္းရဲ႕ လက္ရွိအေျခအေနေတြက အဆုိးရြားဆုံးအခ်ိန္တစ္ခုကုိ ေရာက္ေနတာေၾကာင့္ အသင္းအေပၚ သံေယာဇဥ္ရွိသူေတြဟာ စိတ္ပူပန္ေနရတာေၾကာင့္ပါပဲ လုိ႔ ဆုိခဲ့တာပါ။

မြန္ရီယယ္အသင္းကုိ (၅-၀) ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ပြဲစဥ္မွာ ရြန္နီသြင္းယူခဲ့တဲ့ ဒုတိယေျမာက္ သြင္းဂုိးက ကုိက္ (၄၀) အကြာကေန သြင္းယူေပးခဲ့တာျဖစ္ၿပီး အေရွ႕တက္ေနတဲ့ ဂုိးသမားကုိ ပါးနပ္စြာပဲ ေက်ာ္သြင္းခဲ့တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ရြန္နီဟာ ဒီစီယူႏုိက္တက္ အသင္းအတြက္ (၁၅) ပြဲကစား၊ (၇) ဂုိးသြင္းထားၿပီး ေမဂ်ာလိဂ္မွာ ဂုိးျမဴးေနပါတယ္။

သူ႕ရဲ႕သြင္းဂုိးေတြနဲ႔ ပတ္သက္တဲ့ ေမးျမန္းမႈေတြကုိေတာ့ ရြန္နီက ေပ်ာ္ရႊင္စြာနဲ႔ပဲ ေျဖဆုိသြားခဲ့ၿပီး မန္ယူအသင္းကုိ ကူညီဖုိ႔ အဂၤလန္ေျမကုိ ျပန္မသြားခ်င္ဘူးလား ဆုိတဲ့ ေမးခြန္းမွာေတာ့ ရြန္နီဟာ အနည္းငယ္ တုန္႔ဆုိင္းေနခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ “ယူႏုိက္တက္ဟာ ကၽြန္ေတာ့္စိတ္ထဲမွာ အၿမဲရွိေနတဲ့အရာပါ၊ ကၽြန္ေတာ္ ဘယ္ေနရာေရာက္ေရာက္ ယူႏုိက္တက္နဲ႔ ပတ္သက္တဲ့ သတင္းေတြကုိ အၿမဲနားစြင့္ေနခဲ့တာပါပဲ။ အသင္းရဲ႕ လက္ရွိအေျခအေနအတြက္ ကၽြန္ေတာ့္ကုိ လုိအပ္ေနတယ္ဆုိရင္ ကၽြန္ေတာ္ အဲဒီကုိျပန္သြားၿပီး ဂုိးေတြသြင္းေပးခ်င္တာေပါ့ဗ်ာ” လုိ႔ ေျဖဆုိသြားခဲ့ပါတယ္

မန်ယူအသင်း ရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီ ကတော့ သူ့အသင်းဟောင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြောင်း သူ့ရဲ့ အင်တာဗျူး မေးခွန်းတွေကတစ်ဆင့် သက်သေပြလိုက်ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ မွန်ရီယယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရွန်နီ က ပွဲအပြီးမှာ အမေရိကန်အားကစားသတင်းရေဒီယို တစ်ခုနဲ့ အင်တာဗျူး လုပ်ခဲ့ပြီး မန်ယူအသင်းနဲ့ ပတ်သက်ခဲ့တဲ့ မေးခွန်းတချို့ကို ဖြေကြားသွားခဲ့ပါတယ်။

ရွန်နီက မန်ယူအသင်းရဲ့ သတင်းမှန်သမျှကို စောင့်ကြည့်နေခဲ့ပြီး အသင်းဖော်ကစားသမားဟောင်းတွေ ဆီကလည်း မန်ယူအသင်းအခြေအနေတွေကို စုံစမ်းနေမိတယ်လို့ ဆိုလိုက်ပါတယ်။ အကြောင်းကတော့ မန်ယူအသင်းရဲ့ လက်ရှိအခြေအနေတွေက အဆိုးရွားဆုံးအချိန်တစ်ခုကို ရောက်နေတာကြောင့် အသင်းအပေါ် သံယောဇဉ်ရှိသူတွေဟာ စိတ်ပူပန်နေရတာကြောင့်ပါပဲ လို့ ဆိုခဲ့တာပါ။

မွန်ရီယယ်အသင်းကို (၅-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရွန်နီသွင်းယူခဲ့တဲ့ ဒုတိယမြောက် သွင်းဂိုးက ကိုက် (၄၀) အကွာကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး အရှေ့တက်နေတဲ့ ဂိုးသမားကို ပါးနပ်စွာပဲ ကျော်သွင်းခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရွန်နီဟာ ဒီစီယူနိုက်တက် အသင်းအတွက် (၁၅) ပွဲကစား၊ (၇) ဂိုးသွင်းထားပြီး မေဂျာလိဂ်မှာ ဂိုးမြူးနေပါတယ်။

သူ့ရဲ့သွင်းဂိုးတွေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကိုတော့ ရွန်နီက ပျော်ရွှင်စွာနဲ့ပဲ ဖြေဆိုသွားခဲ့ပြီး မန်ယူအသင်းကို ကူညီဖို့ အင်္ဂလန်မြေကို ပြန်မသွားချင်ဘူးလား ဆိုတဲ့ မေးခွန်းမှာတော့ ရွန်နီဟာ အနည်းငယ် တုန့်ဆိုင်းနေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ “ယူနိုက်တက်ဟာ ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေတဲ့အရာပါ၊ ကျွန်တော် ဘယ်နေရာရောက်ရောက် ယူနိုက်တက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အမြဲနားစွင့်နေခဲ့တာပါပဲ။ အသင်းရဲ့ လက်ရှိအခြေအနေအတွက် ကျွန်တော့်ကို လိုအပ်နေတယ်ဆိုရင် ကျွန်တော် အဲဒီကိုပြန်သွားပြီး ဂိုးတွေသွင်းပေးချင်တာပေါ့ဗျာ” လို့ ဖြေဆိုသွားခဲ့ပါတယ်