Home » Hot News » တစ်လခန့် အနားယူရတော့မယ့် ပီတာဆက်ခ်ျ

တစ်လခန့် အနားယူရတော့မယ့် ပီတာဆက်ခ်ျ

တစ်လခန့် အနားယူရတော့မယ့် ပီတာဆက်ခ်ျ

 

အာဆင်နယ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဖြစ်သူ ပီတာဆက်ခ်ျကတော့ ပြီးခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လခန့်လောက်အထိကို အနားယူသွားရတော့မှာဖြစ်ပါတယ်။

ဂိုးသမားကြီး ပီတာဆက်ခ်ျဟာ ဝက်ဖိုဒ့်နဲ့ ပွဲစဉ်မှာ ကြွက်သားနာကျင်မှု ဝေဒနာကို ခံစားလာခဲ့ရလို့ ဂိုးသမားသစ်လေး လီနိုနဲ့ လူစားလဲခံရပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စစ်ဆေးကြည့်တဲ့ အချိန်မှာတော့ ဘယ်ဘက်တံကောက်ကြောဒဏ်ရာကို ခံစားနေရမှန်း သိရှိခဲ့ရပြီး လေးပတ်ခန့် အနားယူသွားရတော့မှာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာတုန်းက ဂိုးသမားသစ်လီနိုကို လေဗာကူဆင်အသင်းကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ဒီနှစ် ပရီးမီးယားလိဂ်ပွဲတိုင်းမှာတော့ ပီတာဆက်ခ်ျကိုသာ ပွဲထွက်ဂိုးသမားအဖြစ် ဆက်တိုက်သုံးစွဲဖြစ်ခဲ့ပါတယ်။ ပီတာဆက်ခ်ျအနေနဲ့ အခုလို တစ်လခန့် အနားယူရတော့မှာဖြစ်လို့ လီနိုဟာ လာမယ့် ဖူဟမ်လ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားရတော့မှာဖြစ်ပါတယ်။ ပီတာဆက်ခ်ျကတော့ လီဗာဘူးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်အမှီ ပြန်လည်သက်သာလာဖွယ် ရှိလို့နေပါတယ်ခင်ဗျာ။

 

 

 

အာဆင်နယ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဖြစ်သူ ပီတာဆက်ချ်ကတော့ ပြီးခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လခန့်လောက်အထိကို အနားယူသွားရတော့မှာဖြစ်ပါတယ်။

ဂိုးသမားကြီး ပီတာဆက်ချ်ဟာ ဝက်ဖိုဒ့်နဲ့ ပွဲစဉ်မှာ ကြွက်သားနာကျင်မှု ဝေဒနာကို ခံစားလာခဲ့ရလို့ ဂိုးသမားသစ်လေး လီနိုနဲ့ လူစားလဲခံရပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စစ်ဆေးကြည့်တဲ့ အချိန်မှာတော့ ဘယ်ဘက်တံကောက်ကြောဒဏ်ရာကို ခံစားနေရမှန်း သိရှိခဲ့ရပြီး လေးပတ်ခန့် အနားယူသွားရတော့မှာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာတုန်းက ဂိုးသမားသစ်လီနိုကို လေဗာကူဆင်အသင်းကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ဒီနှစ် ပရီးမီးယားလိဂ်ပွဲတိုင်းမှာတော့ ပီတာဆက်ချ်ကိုသာ ပွဲထွက်ဂိုးသမားအဖြစ် ဆက်တိုက်သုံးစွဲဖြစ်ခဲ့ပါတယ်။ ပီတာဆက်ချ်အနေနဲ့ အခုလို တစ်လခန့် အနားယူရတော့မှာဖြစ်လို့ လီနိုဟာ လာမယ့် ဖူဟမ်လ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားရတော့မှာဖြစ်ပါတယ်။ ပီတာဆက်ချ်ကတော့ လီဗာဘူးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်အမှီ ပြန်လည်သက်သာလာဖွယ် ရှိလို့နေပါတယ်ခင်ဗျာ။