Home » Hot News » လူကာကူကုိ ေဝဖန္ခဲ႔ၾကတဲ႔ ေပါစခုိးနဲ႔ဖာဒီနန္

လူကာကူကုိ ေဝဖန္ခဲ႔ၾကတဲ႔ ေပါစခုိးနဲ႔ဖာဒီနန္

လူကာကူကုိ ေဝဖန္ခဲ႔ၾကတဲ႔ ေပါစခုိးနဲ႔ဖာဒီနန္

 

မန္ခ်က္စတာယူႏုိက္တတ္အသင္းရဲ႕ ဂႏၱဝင္ ကစားသမားေဟာင္းမ်ားျဖစ္ၾကေသာ ကြင္းလယ္လူေပါစခုိးနဲ႔ ေနာက္ခံကစားသမား ရီယုိဖာဒီနန္တုိ႔ႏွစ္ေယာက္ဟာ အသင္းမွာ ေျခစြမ္းေပ်ာက္ဆုံးေနသူ အေထာင္တုိက္စစ္မွဴး လူကာကူကုိ အသီးသီး ေဝဖန္ျပစ္တင္သြားခဲ႔ပါတယ္။

 

လူကာကူဟာ မန္ယူအသင္းအတြက္ ဒီႏွစ္ရာသီမွာ ပရီးမီးယားလိဂ္သြင္းဂုိး ၄ဂုိးအထိကုိ သြင္းယူေပးထားႏုိင္ခဲ႔ေပမယ့္လည္း ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၅ပြဲဆက္တုိက္ ဂုိးေပါက္ေပ်ာက္ဆုံးခဲ႔ရၿပီး မေန႔ညက ယွဥ္ၿပိဳင္ခဲ႔တဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဗလန္စီယာအသင္းဘက္ကုိ ဂုိးသြင္းယူႏုိင္ခဲ႔ျခင္း မရွိပါဘူး။ ဒါေၾကာင့္ သူ႔ကုိ မန္ယူအသင္းရဲ႕ ဂႏၱဝင္ ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ႔ ေပါစခုိးနဲ႔ဖာဒီနန္တုိ႔က ျပစ္တင္ရွုံ႕ခ်ခဲ႔ၾကတာျဖစ္ပါတယ္။ စခုိးနဲ႔ဖာဒီနန္တုိ႔ႏွစ္ေယာက္လုံးကေတာ့ လူကာကူဟာ အသင္းတုိက္စစ္ဆင္တဲ႔အခ်ိန္မွာ ရွိေနသင့္တဲ႔ ေနရာေတြမွာ ရွိမေနပဲ လႈပ္လႈပ္ရွားရွား မေနတတ္သူ ၊ မတ္တပ္ရပ္ၿပီး သြားလာေနတတ္သူလုိ႔ ေဝဖန္ျပစ္တင္ၾကတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လူကာကူအပါအဝင္ မန္ယူကစားသမား အမ်ားစုဟာ ပုံမွန္ေျခစြမ္းေအာက္ကုိ ေရာက္ရွိလုိ႔ေနၿပီး ၿပိဳင္ပြဲစုံ ၃ ပြဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ဆုံးေနလုိ႔ နည္းျပေမာ္ရင္ဟုိပါ ထုိင္ခုံလႈပ္လာခဲ႔ပါတယ္။

 

 

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းများဖြစ်ကြသော ကွင်းလယ်လူပေါစခိုးနဲ့ နောက်ခံကစားသမား ရီယိုဖာဒီနန်တို့နှစ်ယောက်ဟာ အသင်းမှာ ခြေစွမ်းပျောက်ဆုံးနေသူ အထောင်တိုက်စစ်မှူး လူကာကူကို အသီးသီး ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

 

လူကာကူဟာ မန်ယူအသင်းအတွက် ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ရပြီး မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗလန်စီယာအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် သူ့ကို မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းများဖြစ်ကြတဲ့ ပေါစခိုးနဲ့ဖာဒီနန်တို့က ပြစ်တင်ရှုံ့ချခဲ့ကြတာဖြစ်ပါတယ်။ စခိုးနဲ့ဖာဒီနန်တို့နှစ်ယောက်လုံးကတော့ လူကာကူဟာ အသင်းတိုက်စစ်ဆင်တဲ့အချိန်မှာ ရှိနေသင့်တဲ့ နေရာတွေမှာ ရှိမနေပဲ လှုပ်လှုပ်ရှားရှား မနေတတ်သူ ၊ မတ်တပ်ရပ်ပြီး သွားလာနေတတ်သူလို့ ဝေဖန်ပြစ်တင်ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လူကာကူအပါအဝင် မန်ယူကစားသမား အများစုဟာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိလို့နေပြီး ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေလို့ နည်းပြမော်ရင်ဟိုပါ ထိုင်ခုံလှုပ်လာခဲ့ပါတယ်။