Home » Hot News » ေလးခ်ီေျမာက္မွာ ခါဘစ္ကုိ အရွုံးေပးခဲ႔ရတဲ႔ မက္ဂရီေဂၚ

ေလးခ်ီေျမာက္မွာ ခါဘစ္ကုိ အရွုံးေပးခဲ႔ရတဲ႔ မက္ဂရီေဂၚ

ေလးခ်ီေျမာက္မွာ ခါဘစ္ကုိ အရွုံးေပးခဲ႔ရတဲ႔ မက္ဂရီေဂၚ

အေမရိကန္ႏိုင္ငံ၊ လက္စ္ေဗးဂက္မွာ ဒီေန႔နံနက္ပိုင္းထုိးသတ္ခဲ့တဲ့ UFC လိုက္ဖ္၀ယ္တာ၀ိတ္တန္းခ်န္ပီယံစိန္ေခၚပြဲမွာ လက္ရွိခ်န္ပီယံ ရုရွား ဖိုက္တာ ခါဘစ္ဟာ နာမည္ေက်ာ္အိုင္ယာလန္ ဖိုက္တာ မက္ဂရီေဂၚကိုေလးခ်ီ ထိုးသတ္အႏိုင္ရျပီး လက္ရွိခ်န္ပီယံဘြဲ႔ကိုကာကြယ္သြားႏိုင္ခဲ့ပါတယ္။ မက္ဂရီေဂၚဟာ အရင္ပြဲေတြမွာ ေျခစြာလက္စြာရွိျပီး ျပိဳင္ဘက္ကို ျဖဲလံုးေတြနဲ႔ အသာရယူေလ့ရွိေပမယ့္ ဒီေန႔ ခါဘစ္နဲ႔ပြဲမွာေတာ့ သာမန္ဖိုက္တာတစ္ေယာက္အသြင္ေလာက္ပဲရွိခဲ့ပါတယ္။ ခါဘစ္က ပြဲခ်ိန္တစ္ေလွ်ာက္လံုး လက္ရည္အသာစီးနဲ႔ မက္ဂရီေဂၚကို ဖိအားေပးထုိးသတ္ႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ မက္ဂရီေဂၚရဲ႕ သက္လံုပိုင္းမွာလည္း ေလ်ာ့နည္းေနတာကိုလည္းေတြ႔ရတယ္။ ေလးခ်ီေျမာက္မွာေတာ့ ခါဘစ္ရဲ႕ခ်ဳပ္ကြက္မိသြားခ့ဲတာေၾကာင့္ မက္ဂရီေဂၚဟာ အညံ့ခံအရံႈးေပးလိုက္ရပါတယ္။ ဒီခ်ဳပ္ကြက္ေၾကာင့္ ခါဘစ္ဟာ 27 ပြဲဆက္ရံႈးပြဲမရွိရလဒ္နဲ႔အတူ လက္ရွိခ်န္ပီယံဘြဲ႕ကိုကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲအျပီးမွာ ခါဘစ္က မက္ဂရီေခၚရဲ႕ အသင္းသား ဒါနီလုိဒါနစ္ကို သံကြန္ခ်ာထဲကေန လူအုပ္ထဲခုန္ဆင္းျပီး တိုက္ခိုက္သြားခဲ့တာေၾကာင့္ ရုတ္ရုတ္သဲသဲျဖစ္ခဲ့ရပါတယ္။ ပြဲၾကည့္စဥ္မွာ ခါဘစ္ေၾကာင့္ ရုတ္ရုတ္သဲသဲျဖစ္ေနတာကို ထိန္းေနခ်ိန္မွာ ခါဘစ္ရဲ႕ အသင္းသားေတြ သံကြန္ခ်ာထဲ ခုန္၀င္ျပီး မက္ဂရီေဂၚကို တိုက္ခိုက္သြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ခါဘစ္ကို ခါးပတ္မေပးခဲ့ဘဲ လံုျခံဳေရးတင္းက်ပ္မႈနဲ႔ အ၀တ္လဲခန္းထဲျပန္ပို႔ခဲ့ရပါတယ္။ ေနာက္ဆံုးမွာ ပြဲေၾကညာသူ ဘရုစ္ဘူဖာက ခါဘစ္အႏုိင္ရပါဆိုတာကို ေၾကညာေပးသြားခဲ့ပါတယ္။

 

 

အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂက်မှာ ဒီနေ့နံနက်ပိုင်းထိုးသတ်ခဲ့တဲ့ UFC လိုက်ဖ်ဝယ်တာဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲမှာ လက်ရှိချန်ပီယံ ရုရှား ဖိုက်တာ ခါဘစ်ဟာ နာမည်ကျော်အိုင်ယာလန် ဖိုက်တာ မက်ဂရီဂေါ်ကိုလေးချီ ထိုးသတ်အနိုင်ရပြီး လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်သွားနိုင်ခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ အရင်ပွဲတွေမှာ ခြေစွာလက်စွာရှိပြီး ပြိုင်ဘက်ကို ဖြဲလုံးတွေနဲ့ အသာရယူလေ့ရှိပေမယ့် ဒီနေ့ ခါဘစ်နဲ့ပွဲမှာတော့ သာမန်ဖိုက်တာတစ်ယောက်အသွင်လောက်ပဲရှိခဲ့ပါတယ်။ ခါဘစ်က ပွဲချိန်တစ်လျှောက်လုံး လက်ရည်အသာစီးနဲ့ မက်ဂရီဂေါ်ကို ဖိအားပေးထိုးသတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဂရီဂေါ်ရဲ့ သက်လုံပိုင်းမှာလည်း လျော့နည်းနေတာကိုလည်းတွေ့ရတယ်။ လေးချီမြောက်မှာတော့ ခါဘစ်ရဲ့ချုပ်ကွက်မိသွားခဲ့တာကြောင့် မက်ဂရီဂေါ်ဟာ အညံ့ခံအရှုံးပေးလိုက်ရပါတယ်။ ဒီချုပ်ကွက်ကြောင့် ခါဘစ်ဟာ 27 ပွဲဆက်ရှုံးပွဲမရှိရလဒ်နဲ့အတူ လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ ခါဘစ်က မက်ဂရီခေါ်ရဲ့ အသင်းသား ဒါနီလိုဒါနစ်ကို သံကွန်ချာထဲကနေ လူအုပ်ထဲခုန်ဆင်းပြီး တိုက်ခိုက်သွားခဲ့တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါတယ်။ ပွဲကြည့်စဉ်မှာ ခါဘစ်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေတာကို ထိန်းနေချိန်မှာ ခါဘစ်ရဲ့ အသင်းသားတွေ သံကွန်ချာထဲ ခုန်ဝင်ပြီး မက်ဂရီဂေါ်ကို တိုက်ခိုက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ခါဘစ်ကို ခါးပတ်မပေးခဲ့ဘဲ လုံခြုံရေးတင်းကျပ်မှုနဲ့ အဝတ်လဲခန်းထဲပြန်ပို့ခဲ့ရပါတယ်။ နောက်ဆုံးမှာ ပွဲကြေညာသူ ဘရုစ်ဘူဖာက ခါဘစ်အနိုင်ရပါဆိုတာကို ကြေညာပေးသွားခဲ့ပါတယ်။

 

Ref – Skynet Sports Channel