Home » Hot News » ေရေအာက္ထဲမွာ အျပင္းအထန္ ေလက်င့္ေနတဲ႔ ေအာင္လအန္ဆန္

ေရေအာက္ထဲမွာ အျပင္းအထန္ ေလက်င့္ေနတဲ႔ ေအာင္လအန္ဆန္

ေရေအာက္ထဲမွာ အျပင္းအထန္ ေလက်င့္ေနတဲ႔ ေအာင္လအန္ဆန္

One Championship ၿပိဳင္ပြဲရဲ႕ MMA ၀ိတ္တန္းႏွစ္ခု ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္ဟာ မစ္ဒယ္၀ိတ္တန္း ခ်န္ပီယံကာကြယ္ပြဲအတြက္ အႀကိဳျပင္ဆင္မႈတစ္ရပ္အေနနဲ႔ ေရေအာက္ထဲမွာ အျပင္းအထန္ ေလ့က်င့္ေနပုံမ်ားကုိ သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚကေနတစ္ဆင့္ ေဖာ္ျပသြားခဲ႔ပါတယ္။

“ျပီးခဲ့တဲ့တနဂၤေႏြကေတာ့အနားယူရတဲ့အခ်ိန္ျဖစ္ပါတယ္။ျပီးေတာ့ အျပင္းအထန္လုပ္ရဦးမယ့္Trainingအတြက္လည္းအားျပန္ျဖည့္ရတာေပါ့။သံုးပတ္ေတာင္မလိုေတာ့တဲ့အခ်ိန္အတြင္းမွာ One Championshipရဲ႕ ကစားကြင္းထဲမွာျမန္မာျပည္ကိုကိုယ္စားျပဳျပီး ျပန္ကစားရဦးမွာပါ။MMA Fighter တစ္ေယာက္အေနနဲ႔ ျမန္မာျပည္ပရိသတ္ေတြအတြက္ကိုယ္စားျပဳျပီးျပိဳင္ရတာ ကြ်န္ေတာ့အတြက္ဂုဏ္အယူရဆံုးပါ။ဒီျပိဳင္ပြဲမွာကြ်န္ေတာ့္ရဲ႕ပရိသတ္ေတြ မိသားစုေတြ သူငယ္ခ်င္းမိတ္ေဆြေတြအတြက္ ဂုဏ္ယူစရာေတြနဲ႔ ေပ်ာ္ရႊင္မွူေတြယူလာေပးပါမယ္။

Sunday is a day to relax and get ready for a week of hard training. Less than 3 weeks left and I am back in the ONE Championship cage representing 🇲🇲. As an MMA fighter I am honored to be able to represent my people. I’m blessed to be able to compete and bring happiness and pride to my people, my family and my friends”

 

ျမန္မာ့စပါးအုံးေျမြ ေအာင္လအန္ဆန္နဲ႔ လက္ဘႏြန္ႏို္င္ငံသား မုိဟာမက္ကရာကီတို႔ ထိုးသတ္ၾကမယ့္ မစ္ဒယ္၀ိတ္တန္း ခ်န္ပီယံကာကြယ္ပြဲကို ေအာက္တိုဘာ ၂၆ ရက္ ရန္ကုန္ျမိဳ႕ အမ်ိဳးသား အားကစားရုံ (၁) သု၀ဏၰမွာ က်င္းပမည္ ျဖစ္ပါတယ္။အသက္ (၃၃) ႏွစ္အရြယ္ ေအာင္လအန္ဆန္ဟာ MMA ၿပိဳင္ပြဲ ၃၃ ပြဲမွာ ၂၃ ပြဲႏိုင္၊ ၁၀ ပြဲ ႐ႈံးနိမ့္ထားၿပီး ဇြန္လ ၂၉ ရက္က ေနာက္ဆုံးယွဥ္ၿပိဳင္တဲ႔ MMA ၿပိဳင္ပြဲမွာ ဂ်ပန္ႏိုင္ငံသား ကန္ဟန္ဆက္ဂါ၀ါကို အႏိုင္ရရွိကာ မစ္ဒယ္၀ိတ္တန္း ခ်န္ပီယံ ခါးပတ္ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။ ေအာင္လႏွင့္ယွဥ္ၿပိဳင္ထုိုးသတ္မယ့္ ၿပိဳင္ဘက္ အသက္ (၂၇) ႏွစ္အရြယ္ မိုဟာမက္ကရာကီဟာ MMA သက္တမ္း တစ္ေလွ်ာက္ ကိုးပြဲ ထိုးသတ္ကာ ကိုးပြဲစလံုး အႏုိင္ရရွိထားသူျဖစ္ၿပီး ဧၿပီ ၅ ရက္က ေနာက္ဆံုးယွဥ္ၿပိဳင္တဲ႔ MMA ၿပိဳင္ပြဲမွာ ျပင္သစ္ႏုိင္ငံသား ဒက္ဟက္ဆီကို ပထမအခ်ီအတြင္း အလဲထိုးျဖင့္ အႏုိင္ရရွိခဲ့တယ္။

 

 

 

One Championship ပြိုင်ပွဲရဲ့ MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် အကြိုပြင်ဆင်မှုတစ်ရပ်အနေနဲ့ ရေအောက်ထဲမှာ အပြင်းအထန် လေ့ကျင့်နေပုံများကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတစ်ဆင့် ဖော်ပြသွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့တနင်္ဂနွေကတော့အနားယူရတဲ့အချိန်ဖြစ်ပါတယ်။ပြီးတော့ အပြင်းအထန်လုပ်ရဦးမယ့်Trainingအတွက်လည်းအားပြန်ဖြည့်ရတာပေါ့။သုံးပတ်တောင်မလိုတော့တဲ့အချိန်အတွင်းမှာ One Championshipရဲ့ ကစားကွင်းထဲမှာမြန်မာပြည်ကိုကိုယ်စားပြုပြီး ပြန်ကစားရဦးမှာပါ။MMA Fighter တစ်ယောက်အနေနဲ့ မြန်မာပြည်ပရိသတ်တွေအတွက်ကိုယ်စားပြုပြီးပြိုင်ရတာ ကျွန်တော့အတွက်ဂုဏ်အယူရဆုံးပါ။ဒီပြိုင်ပွဲမှာကျွန်တော့်ရဲ့ပရိသတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေအတွက် ဂုဏ်ယူစရာတွေနဲ့ ပျော်ရွှင်မှူတွေယူလာပေးပါမယ်။

Sunday is a day to relax and get ready for a week of hard training. Less than 3 weeks left and I am back in the ONE Championship cage representing 🇲🇲. As an MMA fighter I am honored to be able to represent my people. I’m blessed to be able to compete and bring happiness and pride to my people, my family and my friends”

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်နဲ့ လက်ဘနွန်နို်င်ငံသား မိုဟာမက်ကရာကီတို့ ထိုးသတ်ကြမယ့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၂၆ ရက် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁) သုဝဏ္ဏမှာ ကျင်းပမည် ဖြစ်ပါတယ်။အသက် (၃၃) နှစ်အရွယ် အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲ ၃၃ ပွဲမှာ ၂၃ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားပြီး ဇွန်လ ၂၉ ရက်က နောက်ဆုံးယှဉ်ပြိုင်တဲ့ MMA ပြိုင်ပွဲမှာ ဂျပန်နိုင်ငံသား ကန်ဟန်ဆက်ဂါ၀ါကို အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အောင်လနှင့်ယှဉ်ပြိုင်ထိုုးသတ်မယ့် ပြိုင်ဘက် အသက် (၂၇) နှစ်အရွယ် မိုဟာမက်ကရာကီဟာ MMA သက်တမ်း တစ်လျှောက် ကိုးပွဲ ထိုးသတ်ကာ ကိုးပွဲစလုံး အနိုင်ရရှိထားသူဖြစ်ပြီး ဧပြီ ၅ ရက်က နောက်ဆုံးယှဉ်ပြိုင်တဲ့ MMA ပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံသား ဒက်ဟက်ဆီကို ပထမအချီအတွင်း အလဲထိုးဖြင့် အနိုင်ရရှိခဲ့တယ်။

 

 

Ref – Aung La Na Sang Facebook