Home » Knowledge » (မကၠဆီကန္) ပုဇြန္သုပ္နည္း

(မကၠဆီကန္) ပုဇြန္သုပ္နည္း

(မကၠဆီကန္) ပုဇြန္သုပ္နည္း

<< Zawgyi ျဖင့္ ဖတ္ရန္ >>

Shrimp ceviche

Image may contain: 1 person, food

မကၠဆီကန္ စတိုင္လ္ သုပ္ထားတဲ ့ပုဇြန္သုပ္ေလးပါ။ လူၾကိဳက္မ်ားတဲ ့ပုဇြန္သုပ္တမ်ိဳးလဲ ျဖစ္ျပီး ျမန္မာပါးစပ္နဲ ့လဲ ကိုက္တဲ ့အသုပ္တမ်ိဳးပါ။ ဒီပုဇြန္သုပ္နည္းမသိခင္ကေတာ့ အျပင္ကေန ခနခန ၀ယ္စားျဖစ္ပါတယ္။ တကယ္ေတာ့ အရမ္းလြယ္ကူျပီးစားလို ့ေကာင္းတဲ ့ပုဇြန္သုပ္ေလးပါ။

 

ပါ၀င္ေသာပစၥည္းမ်ား

 

၁။ ပုဇြန္ (ေခါင္းမပါ) – ၁၀ ေကာင္

၂။ ၾကက္သြန္နီ (အတုံးေသးေသးလွီး) – ခြက္ တ ၀က္

၃။ ခရမ္းခ်ဥ္သီး (အတုံးေသးေသးလွီး) – ခြက္တ ၀က္

၄။ နံနံပင္ (ပါးပါးလွီး) – ထမင္းစားဇြန္း – ၁ ဇြန္း (သို ့) ၁ ဇြန္းခဲြ

၅။ ဆား – အနည္းငယ္

၆။ သံပုရာသီး – ၂ စိတ္ (သံပုရာရည္ – ထမင္းစားဇြန္း ၁ ဇြန္း စာ)

 

ျပဳလုပ္နည္း

 

၁။ ပုဇြန္အခြံ ႏႊာထားပါ။

၂။ ပုဇြန္ျပဳတ္ ရန္ ေရေႏြးအိုးတည္ပါ။ ေရေႏြးပြက္လွ်င္ ပုဇြန္ကိုထည့္ မီးပိတ္ျပီး ၂ မိနစ္ (သို ့) ၃ မိနစ္ ထားပါ။ ထို ့ေနာက္ ပုဇြန္ ကို ေရစစ္ပါ။ (၃ မိနစ္ထက္ ပိုထားလွ်င္ ပုဇြန္ အသားမွ အခ်ိဳမ်ားထြက္သြားတတ္သည္။)

၃။ ပုဇြန္ကို ေက်ာရိုးအလည္မွ ထက္ပိုင္းပိုင္းပါ။

၄။ ပန္းကန္ တခုထဲ တြင္ ပုဇြန္ကို ထည့္ သံပုရာရည္ ညွစ္ ျပီး အနည္းဆုံး မိနစ္ ၃၀ ႏွပ္ထားပါ။

၅။စားခါနီးတြင္ လွီးထားေသာ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ နံနံ ႏွင့္ ဆားတို ့ကို ပန္းကန္တခုထဲတြင္ သမေအာင္နယ္ပါ။

၆။ ထို ့ေနာက္ ပုဇြန္ ကို ေလာင္းထည့္ျပီး ဖြဖြေလး သမေအာင္နယ္ပါ။

အရမ္းစားေကာင္းျပီး အရသာရွိတဲ ့ပုဇြန္သုပ္ကို သုံးေဆာင္နိုင္ပါျပီ။

 

(မွတ္ခ်က္။ ။ ၾကက္သြန္နီ ႏွင္ ့ခရမ္းခ်ဥ္သီးကို ၾကိဳက္ႏွစ္သက္က ပိုထည့္နိုင္ပါသည္။)

(၁ ခြက္ = 240ml = ရိုးရိုးေကာ္ဖီခြက္ ၁ ခြက္) (ထမင္းစားဇြန္း = 1 tablespoon= 15 ml

 

 

 

<< Unicode ဖြင့် ဖတ်ရန် >>

Shrimp ceviche

 

မက္ကဆီကန် စတိုင်လ် သုပ်ထားတဲ ့ပုဇွန်သုပ်လေးပါ။ လူကြိုက်များတဲ ့ပုဇွန်သုပ်တမျိုးလဲ ဖြစ်ပြီး မြန်မာပါးစပ်နဲ ့လဲ ကိုက်တဲ ့အသုပ်တမျိုးပါ။ ဒီပုဇွန်သုပ်နည်းမသိခင်ကတော့ အပြင်ကနေ ခနခန ဝယ်စားဖြစ်ပါတယ်။ တကယ်တော့ အရမ်းလွယ်ကူပြီးစားလို ့ကောင်းတဲ ့ပုဇွန်သုပ်လေးပါ။

 

ပါဝင်သောပစ္စည်းများ

 

၁။ ပုဇွန် (ခေါင်းမပါ) – ၁၀ ကောင်

၂။ ကြက်သွန်နီ (အတုံးသေးသေးလှီး) – ခွက် တ ဝက်

၃။ ခရမ်းချဉ်သီး (အတုံးသေးသေးလှီး) – ခွက်တ ဝက်

၄။ နံနံပင် (ပါးပါးလှီး) – ထမင်းစားဇွန်း – ၁ ဇွန်း (သို ့) ၁ ဇွန်းခွဲ

၅။ ဆား – အနည်းငယ်

၆။ သံပုရာသီး – ၂ စိတ် (သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း စာ)

 

ပြုလုပ်နည်း

 

၁။ ပုဇွန်အခွံ နွှာထားပါ။

၂။ ပုဇွန်ပြုတ် ရန် ရေနွေးအိုးတည်ပါ။ ရေနွေးပွက်လျှင် ပုဇွန်ကိုထည့် မီးပိတ်ပြီး ၂ မိနစ် (သို ့) ၃ မိနစ် ထားပါ။ ထို ့နောက် ပုဇွန် ကို ရေစစ်ပါ။ (၃ မိနစ်ထက် ပိုထားလျှင် ပုဇွန် အသားမှ အချိုများထွက်သွားတတ်သည်။)

၃။ ပုဇွန်ကို ကျောရိုးအလည်မှ ထက်ပိုင်းပိုင်းပါ။

၄။ ပန်းကန် တခုထဲ တွင် ပုဇွန်ကို ထည့် သံပုရာရည် ညှစ် ပြီး အနည်းဆုံး မိနစ် ၃၀ နှပ်ထားပါ။

၅။စားခါနီးတွင် လှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံ နှင့် ဆားတို ့ကို ပန်းကန်တခုထဲတွင် သမအောင်နယ်ပါ။

၆။ ထို ့နောက် ပုဇွန် ကို လောင်းထည့်ပြီး ဖွဖွလေး သမအောင်နယ်ပါ။

အရမ်းစားကောင်းပြီး အရသာရှိတဲ ့ပုဇွန်သုပ်ကို သုံးဆောင်နိုင်ပါပြီ။

 

(မှတ်ချက်။ ။ ကြက်သွန်နီ နှင် ့ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်က ပိုထည့်နိုင်ပါသည်။)

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml

 

 

Source From Ei San Homemade Inspiration