Home » Knowledge » ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (22-11-2018)
ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (22-11-2018)
ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (22-11-2018)
မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ အခက်အခဲ အထစ်အငေါ့ ဖြစ်နေတဲ့ကိစ္စတွေကို ကောင်းစွာ ဖြေရှင်းနိုင်မယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အလှူခံဖြတ်ပိုင်းပေါ်မှာ ကောက်ယူပါ။ ၉ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ကံ့ကော် ၉ ညွန့် လှူဒါန်းပါလေ …။
ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ ကောင်းသောခရီး၊ ကောင်းသောအပြောင်းအလဲများ၊ လုပ်ငန်းသစ်၊ နေရာသစ်များ စီစဉ်ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် နံရံပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် အရဟံဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ ဆုရ၊ မဲပေါက်သလို ရတောင့်ရခဲ အောင်မြင်မှုတွေ ပေါ်ပေါက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် တံခါးမှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဂုဏ်တော် ၉ ပါးကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ သူတစ်ပါးရဲ့ ဒုက္ခအခက်အခဲ ပြဿနာတွေကို ကြားဝင်ဖြေရှင်း ကူညီရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဓာတ်ပုံအဟောင်းပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် သတ္ထာဒေဝမနုသာနံဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ အလိမ်အညာခံရခြင်း၊ အထင်လွဲခံရခြင်း၊ ငွေမှားပစ္စည်းမှားခြင်းများ သတိပြုရမယ့်နေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဘောင်းဘီတစ်ထည်ပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် လောကဝိဒူဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ ရောက်လာတတ်သော၊ အခက်အခဲကြားက အောင်မြင်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ညောင်ပင်ကြီးကြီးမှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘဂဝါဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ ရန်အပြိုင်အဆိုင်များပေမယ့် အောင်မြင်မှုကြီးများလည်း ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ယပ်တောင်တစ်ချောင်းပေါ်မှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် သုဂတောဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ ကောင်းသောအပြောင်းအလဲတွေ လုပ်ငန်းသစ်စီစဉ်ရတာတွေ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်းကန်ပြားတစ်ချပ်ပေါ်မှာ နိမိတ်ကောက်ယူပါ။ ၅ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဗုဒ္ဓေါဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ အဆင်မပြေ မသင့်မမြတ် ဖြစ်နေသောသူများ၊ မိမိအပေါ် နားလည်မှုလွဲနေသော သူများနှင့် ပြေလည်သွားတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဝတ်ထားတဲ့အကျီီပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် အနုတ္တရောပုရိသဓမ္မသာရထိဂုဏ်တော်ကို ပုတီးပတ် သက်စေ့စိပ်ပါလေ …။
ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ မတင်မကျဖြစ်နေသောကိစ္စတွေကို ခေါင်းအေးအေးနဲ့ အပိုင်ဆုံးဖြတ်သင့်သောနေ့ ဖြစ်ပါတယ်။ မလုပ်ချင်သောအလုပ်တွေ လုပ်ရတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သော့ခလောက်ပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် သမ္ဗုဒ္ဓေဂါထာတော်ကို သက်စေ့ရွတ်ဆိုပါလေ …။
ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ သေချာစီစဉ်ထားသောကိစ္စတွေ လွဲချော်သွားတတ်ပါတယ်။ လူရင်းတွေက ဒုက္ခပေးတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဓာတ်ဘူးတစ်လုံးပေါ်မှာ နိမိတ်ကောက်ယူပါ။ ၃ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပါလေ …။
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ
ဘာသာရေး၊ ပညာရေးကိစ္စများ အထူးကောင်းသောနေ့ ဖြစ်ပါတယ်။ လုပ်ငန်းသစ်၊ အစီအစဉ်သစ်တွေ အလွန်ကောင်းပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်းပွင့်ကို ကောက်ယူပါ။ ၄ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ကိတ်မုန့် လှူဒါန်းပါလေ …။