Home » Knowledge » ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (23-11-2018)

ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (23-11-2018)

ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (23-11-2018)

မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ

အန္တရာယ်များတတ်သော၊ ကျန်းမာရေး သတိထားသင့်သောနေ့ ဖြစ်ပါတယ်။ ဒေါသထွက်စရာတွေ ကြုံရတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဖတ်လက်စ စာအုပ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၄ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ဆီထမင်း လှူဒါန်းပါလေ …။

ဧပြီ ၂၁ မှ မေ ၂၀  အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ

မျက်နှာပွင့်၊ ကံပွင့်၊ လာဘ်ပွင့်မယ့်နေ့ ဖြစ်ပါတယ်။ အပြိုင်အဆိုင်ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် စက်ဘီးတစ်စင်းမှာ ကောက်ယူပါ။ ၆ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ရွှေရင်အေး လှူဒါန်းပါလေ …။

မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ

အဖိုးတန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ၊ ပျောက်ရှတာ သတိထားသင့်သောနေ့ ဖြစ်ပါတယ်။ စိတ်လေနေတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အအေးဘူးပေါ်မှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ မုန့်လုံးရေပေါ် လှူဒါန်းပါလေ …။

ဇွန် ၂၁ မှ ဇူလိုင် ၂၀  အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ

ငွေဟောင်း၊ ပစ္စည်းဟောင်း၊ အလုပ်ဟောင်းတွေ ပြန်ပြီး အကျိုးပေးတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ခဲတံတစ်ချောင်းပေါ်မှာ ကောက်ယူပါ။ —— ဂဏန်း၊ —— ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ သံပုရာရည် လှူဒါန်းပါလေ …။

ဇူလိုင် ၂၁ မှ သြဂုတ် ၂၀  အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ

အခက်အခဲပြဿနာတွေ ထူပြောတတ်သော၊ ဘာမဆို အထစ်အငေါ့ကြုံနေရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိမ်နံပါတ်ပေါ်မှာ ကောက်ယူပါ။ ၉ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ နို့ထမင်း လှူဒါန်းပါလေ …။

သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂  အတွင်းမွေးဖွားသော ကန်ရာသီဖွားများ

အောက်လက်ငယ်သား၊ မောင်နှမတို့အတွက် ၀မ်းသာရတတ်သောနေ့ ဖြစ်ပါတယ်။ ကူညီမယ့်သူ ပေါ်လာတတ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်းအိုးပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ ရှောက်ယို လှူဒါန်းပါလေ …။

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂  အတွင်းမွေးဖွားသော တူရာသီဖွားများ

ကွဲကွာနေသော ဆွေမျိုးမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပုလင်းတစ်လုံးပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ဘုရားမှာ သန့်ရှင်းရေးကုသိုလ်ပြုပါလေ …။

အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂  အတွင်းမွေးဖွားသော ဗြိစ္ဆာရာသီဖွားများ

ခရီးကံကောင်းသောနေ့၊ လုပ်ငန်းအဆက်အသွယ်သစ်များ တိုးတက်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ပန်ကာပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၃ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ဦးထုပ် လှူဒါန်းပါလေ …။

နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀  အတွင်းမွေးဖွားသော ဓနုရာသီဖွားများ

အထင်လွဲ စွပ်စွဲခံရတာတို့၊ သူတစ်ပါးရဲ့ ပူပင်သောကကို ကူညီဖြေရှင်းရတာတို့ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် လက်ကိုင်ပုဝါပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ငွေ ၂ ဂဏန်း လှူဒါန်းပါလေ …။

ဒီဇင်ဘာ ၂၁ မှ ဇန်န၀ါရီ  ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ

စိတ်နှစ်ခွ ဖြစ်စရာတွေ၊ စိတ်တိုင်းမကျစရာတွေ များတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကုလားထိုင်ပေါ်မှာ ကောက်ယူပါ။ ၅ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို ဆေးဝါး လှူဒါန်းပါလေ …။

ဇန်န၀ါရီ  ၂၀ မှ ဖေဖော်ဝါရီ ၁၈  အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ

ပင်ပန်းရကျိုးမနပ်သော၊ သူတစ်ပါးအတွက် အချိန်ကုန်ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ရုပ်မြင်သံကြားပေါ်မှာ ကောက်ယူပါ။ ၈ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို လက်ဖက် လှူဒါန်းပါလေ …။

ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀  အတွင်းမွေးဖွားသော မိန်ရာသီဖွားများ

ငွေတွေ၊ ပစ္စည်းတွေ မကုန်သင့်ဘဲကုန်၊ မထွက်သင့်ဘဲထွက်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဂေါ်ဖီထုပ်ပေါ်မှာ ကောက်ယူပါ။ ၃ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် ကြီးကဲသူများကို မုန့်ဟင်းခါး လှူဒါန်းပါလေ …။