Home » Knowledge » ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (25-11-2018)
ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (25-11-2018)
ဆရာဇင်ယော်နီရဲ့တစ်နေ့စာဟောစာတမ်း (25-11-2018)
မတ်လ ၂၁ မှ ဧပြီ ၂၀ အတွင်းမွေးဖွားသော မိဿရာသီဖွားများ အခက်အခဲ အထစ်အငေါ့များ ပြေလည်သွားနိုင်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် နာရီပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို အုန်းနို့ခေါက်ဆွဲ ဒါနပြုပါလေ …။
ဧပြီ ၂၁ မှ မေ ၂၀ အတွင်းမွေးဖွားသော ပြိဿရာသီဖွားများ မတင်မကျ မရေမရာကိစ္စများ၊ ဆုံးဖြတ်ရခက်သောကိစ္စများ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ဓားတစ်လက်ပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၂ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ကျောက်ကျော ဒါနပြုပါလေ …။
မေ ၂၁ မှ ဇွန် ၂၀ အတွင်းမွေးဖွားသော မေထုန်ရာသီဖွားများ အချိန်းအချက်များလွဲချော်ခြင်း၊ အစီအစဉ်ပြောင်း၊ ရက်ရွှေ့ရခြင်းများ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သစ်ပင်ကြီးကြီးမှာ ကောက်ယူပါ။ ၃ ဂဏန်း၊ ၆ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ဆီချက်ခေါက်ဆွဲ ဒါနပြုပါလေ …။
ဇွန် ၂၁ မှ ဇူလိုင် ၂၀ အတွင်းမွေးဖွားသော ကြဋ်ရာသီဖွားများ သေချာစီစဉ်ထားသည့်ကိစ္စများ ပျက်ချော်သွားတတ်သော၊ အလုပ်များ ထစ်ငေ့ါသွားတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မုန့်ထုပ်ပေါ်မှာ ကောက်ယူပါ။ ၄ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ရွှေရင်အေး ဒါနပြုပါလေ …။
ဇူလိုင် ၂၁ မှ သြဂုတ် ၂၀ အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများ ခက်ခဲကြန့်ကြာနေသောကိစ္စများ အဆင်ပြေသွားနိုင်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ရေခွက်ပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၄ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို မုန့်ဟင်းခါး ဒါနပြုပါလေ …။
သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသော ကန်ရာသီဖွားများ အရှုပ်အထွေးများ ကြားညပ်ဖြေရှင်းရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် မင်္ဂလာဖိတ်စာပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၅ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို သစ်သီးဒါနပြုပါလေ …။
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသော တူရာသီဖွားများ အပျောက်အရှ၊ အပျက်အစီး၊ အလေအလွင့်တွေ များတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အိမ်ရှေ့မှာ ကောက်ယူပါ။ ၇ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ထောပတ်ထမင်း ဒါနပြုပါလေ …။
အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ အတွင်းမွေးဖွားသော ဗြိစ ္ဆာရာသီဖွားများ မထင်မှတ်သော ထူးထူးခြားခြား အောင်မြင်မှုကြီးများ၊ ဝမ်းသာစရာကြီးများ ကြုံရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် အလံပေါ်မှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၇ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို ရှောက်သီးသုပ် ဒါနပြုပါလေ …။
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၀ အတွင်းမွေးဖွားသော ဓနုရာသီဖွားများ အထင်လွဲ၊ အစွပ်အစွဲ ခံရတတ်သော၊ လုပ်ဖော်ကိုင်ဖက်ကြောင့် စိတ်ရှုပ်ရတတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် လမ်းမှာတွေ့သောခွေးမှာ ကောက်ယူပါ။ ၁ ဂဏန်း၊ ၈ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် မိတ်ဆွေများကို တရားစာအုပ် ဒါနပြုပါလေ …။
ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသော မကာရရာသီဖွားများ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ အဝေးပြည်ပဆိုင်ရာ အောင်မြင်နိုင်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကလေးတစ်ယောက်ကို မေးလိုက်ပါ။ ၁ ဂဏန်း၊ ၉ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို အုန်းထမင်း ဒါနပြုပါလေ …။
ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသော ကုမ်ရာသီဖွားများ ငွေဟောင်း၊ ပစ္စည်းဟောင်း၊ အခွင့်အရေးဟောင်း၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သောနေ့ ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် သီချင်းခွေပေါ်မှာ ကောက်ယူပါ။ ၂ ဂဏန်း၊ ၀ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို ကော်ပြန့်ကြော် ဒါနပြုပါလေ …။
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်းမွေးဖွားသော မိန်ရာသီဖွားများ
အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်မျိုး၊ နှစ်ကိုယ်ခွဲသလို အလုပ်များရတတ်သောနေ့ဖြစ်ပါတယ်။ ထီထိုးဖို့ နိမိတ်ကောက်ချင်ရင် ကျေးငှက်တွေကို ကောက်ယူပါ။ ၂ ဂဏန်း၊ ၁ ဂဏန်းများ အကျိုးပေးသောနေ့ ဖြစ်ပါတယ်။ ကံကောင်းရန် နွမ်းပါးသူများကို ဆန် ဒါနပြုပါလေ …။