Home » Celebrity News » တိုက်ဆိုင်မှုတွေရှိနေပြန်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ

တိုက်ဆိုင်မှုတွေရှိနေပြန်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ

တိုက်ဆိုင်မှုတွေရှိနေပြန်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ

ယနေ့ နာမည်ကြီးနေတဲ့ အဆိုတော်ရွှေထူး နဲ့ သရုပ်ဆောင်မင်းသမီးလေးရွှေမှုံရတီတို့ရဲ့ လက်ထပ်မင်္ဂလာပွဲ နေ့ရက် တိုက်ဆိုင်မှု နိုင်ငံကျော် ဆယ်လီ (၂) ယောက် စေ့စပ်လက်ထပ်မှုဟာ လူမှုကွန်ယက်မှာ လူပြောများ ဝေဖန်မှုများစွာ တွေ့လျှက်ရှိပါတယ်။ သူတို့ (၂) ယောက်ရဲ့ စေ့စပ်ပွဲကို တိုးတိုးတိတတိတ်နဲ့ အောက်တိုဘာလ (၃) ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ ကြပါတယ်။

လက်ထပ်ပွဲကိုတော့ ရန်ကုန် အင်းလျားလိဒ်ဟိုတယ် မှာ ကျင်းပပြုလုပ်သွားကြမယ်လို့ သိရပြီး လက်ထပ်ရက်ကို နိုဝင်ဘာ (၁၁) ရက်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။ ဒီနိုဝင်ဘာလ (၁၁)ဆိုရင် ဟာ ရွှေထူးအတွက် တိုက်ဆိုင်မှု (၁) ခု ရှိနေပါတယ်။ ရွှေထူးဟာ (၆)

နှစ်လောက် လက်တွဲခဲ့ပြီး လွန်ခဲ့တဲ့ (၂)လလောက်ဝန်းကျင်ကမှ ပြတ်ဆဲခဲ့တဲ့ ချစ်သူဟောင်းနဲ့ အချစ်သက်သေ ချစ်သူဖြစ်ခဲ့ကြတာ နိုဝင်ဘာ (၁၁) ရက်နေ့ပဲ ဖြစ်ပါတယ်။ ဒါကို ချစ်သူဟောင်း ရဲ့ လူမှုကွန်ယက်မှာတော့ (11.11.11) anniversary ဆိုပြီး

သက်သေထူခဲ့ပါတယ်။ ခု ရွှေထူးနဲ့ ရွှေမှုံတို့ လက်ထက်မယ့် ရက်ကိုလည်း (11-11-18)ရွေးချယ်ထားပါတယ်။ ဒါဟာ ကြံဖန်ပြီတော့ပဲ တိုက်ဆိုင်တာလား ဒါမှမဟုတ် တိုက်ဆိုင်မှု  တစ်ခုထက်ပိုနေမလား ဆိုတာကတော့ ကာယကံရှင်တွေပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ပရိတ်သတ်တွေကတော့ ဒီတိုက်ဆိုင်မှုအပေါ် ပြင်းထန်စွာ ဝေဖန်နေကြတာကိုလည်း တွေ့မြင်နေရပါတယ်။