Home » Celebrity News » မင်းသမီးတွေထဲက မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မယ့် ထိပ်တန်းမင်းသမီး (၂) ဦး




 





Unicode


မင်းသမီးတွေထဲက မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မယ့် ထိပ်တန်းမင်းသမီး (၂) ဦး
အနုပညာပျိုးခင်းဟာဆိုရင် မင်းသား (၅) ဦးက ဦးဆောင်ပြီးတော့ မင်းသမီးအသစ်လေးတွေကို အနုပညာ လောကမှာ အောင်မြင်အောင် လက်တွဲခေါ်ဆောင်လာတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ ယခုလို အနုပညာရှင် အသစ်လေး တွေကို လက်တွဲခေါ်ဆောင်လာတဲ့ အနုပညာပျိုးခင်း အစီအစဉ်ဟာ အောင်မြင်မှု ရရှိတယ်လို့ ဆိုရမှာပါ။ ယခုဆိုရင် အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတွေဟာ အနုပညာ လောကမှာ ထိပ်တန်းတွေ ရောက်ရှိနေကြ ပြီးတော့ အောင်မြင်မှုတွေကိုပါ ပိုင်ဆိုင်ရရှိထားပြီး ဖြစ်ပါတယ်။ အနုပညာပျိုးခင်းနဲ့ အတူ တောင်ပလာတဲ့ မင်းသမီးတစ်ဦးဟာ ဆိုရင် ယခုအချိန်မှာ အကယ်ဒမီဆု တစ်ဆုကိုပါ သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အနုပညာပျိုးခင်းကို ဦးဆောင်ရွေးချယ်သူတွေက မင်းသားကြီး (၅) ဦးဖြစ်ကြတဲ့ ခန့်စည်သူ၊ နေတိုး၊ လူမင်း၊ ပြေတီဦး နဲ့ မြင့်မြတ်တို့ပဲ ဖြစ်ပါတယ်။ ပထမတစ်ကြိမ် မှာတော့ မင်းသမီး (၃) ဦးကို ရွေးချယ် ခဲ့ပြီးတော့ အိချောပို၊ ရွှေမှုံရတီ၊ ယုသန္တာတင်တို့ပဲ ဖြစ်ပါတယ်။ ဒုတိယတစ်ကြိမ် အနုပညာပျိုးခင်းမှာတော့ ရွှေသမီး၊ ပိုင်ဖြိုးသုနဲ့ ရတနာဗိုတို့ကအရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပိုင်ဖြိုးသုဟာ ယခုဆိုရင် အကယ်ဒမီဆုရှင် အဖြစ် ရပ်တည် နေခဲ့ပါပြီ။ သိပ်မကြာခင် မင်္ဂလာဆောင်ကြတော့မယ့် မင်းသမီး (၂) လက်ကိုဖော်ပြပေး သွားမှာပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကတော့ ရွှေမှုံရတီနဲ့ အကယ်ဒမီကို ပူပူနွေးနွေးလေးရထားတဲ့ ပိုင်ဖြိုးသု တို့ပဲဖြစ်ကြပါတယ်။ ရွှေမှုံရတီကတော့ လာမယ့် နိုဝင်ဘာ (၁၁) မှာ အင်းယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာ ဖြစ်ပြီးတော့ ပိုင်ဖြိုးသုကတော့ 2019 နှစ်ဆန်းပိုင်းလောက်မှာ ဒါရိုက်တာဏကြီးနဲ့ မင်္ဂလာပွဲ ကျင်းပမယ်လို့တော့သိရပါတယ်။