Home » Celebrity News » သားလေးအတွက် တစ်နှစ်ပြည့် မွေးနေ့အလှူ ပြုလုပ်ပေးနေတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသာစု

သားလေးအတွက် တစ်နှစ်ပြည့် မွေးနေ့အလှူ ပြုလုပ်ပေးနေတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသာစု

သားလေးအတွက် တစ်နှစ်ပြည့် မွေးနေ့အလှူ ပြုလုပ်ပေးနေတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသာစု

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇) ရက်နေ့ ကျရောက်ခဲ့တဲ့ သားလေးရဲ့ မွေးနေ့အတွက် မွေးနေ့အလှူတွေ လုပ်ပေးနေတာတွေ့ရပါတယ်။ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇) ရက်နေ့မှာ ကျရောက်တဲ့ သားလေးရဲ့ မွေးနေ့အတွက် မွေးနေ့အလှူတွေ ပြုလုပ်ပေးနေတာလည်း တွေ့ရပါတယ်။

နိုဝင်ဘာ(၆)ရက်နေ့မှာ သားလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ သံဃာများကို လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပြီးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ သားလေး ကျော်မျိုးမြင့်ကို ၂၀၁၇ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့က သဘာဝအတိုင်း မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့မှာတော့ တစ်နှစ်ပြည့်သွားခဲ့ပြီးပဲ ဖြစ်ပါတယ် သားလေးဟာ ပရိသတ်တွေရဲ့ အချစ်တော် ကလေးလေးလည်း ဖြစ်ပါတယ်။ မက်မွန်သီး လေးလို့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ သားလေးဟာ ဖြူဖြူလုံးလုံးလေးနဲ့ တကယ့်ကို ချစ်ဖို့ ကောင်းပါတယ်။

သားလေး မက်မွန်သီးလေးက အမေနဲ့ နေတာများလို့ အမေကို ပိုကပ်တယ်လို့ သိရပါတယ်။သူ့ရဲ့ ခန္ဓာကိုယ်လေးကလည်း အသားများများနဲ့ လုံးလုံး ကစ်ကစ်လေး ဆိုတော့ ချစ်ဖို့ကောင်းနေတာပဲ ဆိုပြီးတော့လည်း သားသားအကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောပြခဲ့ ပါသေးတယ်။

သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။