Home » Celebrity News » မင်္ဂလာသက်တမ်း (၁၄)နှစ်ပြည့်မှာ ချစ်ဇနီးလေးအတွက် ဘယ်တော့ဟောင်းနွမ်းမသွားမဲ့ အချစ်တွေကို ထုတ်ပြလိုက်တဲ့ လူမင်းရဲ့ ကြည်နူးဖွယ်ရာ စာတစ်စောင်

မင်္ဂလာသက်တမ်း (၁၄)နှစ်ပြည့်မှာ ချစ်ဇနီးလေးအတွက် ဘယ်တော့ဟောင်းနွမ်းမသွားမဲ့ အချစ်တွေကို ထုတ်ပြလိုက်တဲ့ လူမင်းရဲ့ ကြည်နူးဖွယ်ရာ စာတစ်စောင်

မင်္ဂလာသက်တမ်း (၁၄)နှစ်ပြည့်မှာ ချစ်ဇနီးလေးအတွက် ဘယ်တော့ဟောင်းနွမ်းမသွားမဲ့ အချစ်တွေကို ထုတ်ပြလိုက်တဲ့ လူမင်းရဲ့ ကြည်နူးဖွယ်ရာ စာတစ်စောင်

အနုပညာကို ချစ်မြတ်နိုးလွန်းတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အခုအချိန်အထိ သရုပ်ဆောင်အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ အကယ်ဒမီ လူမင်းကတော့ မိသားစုကိုလည်း အသေးစိတ်ကအစ ဂရုတစိုက်ရှိလွန်းသူတစ်ဦးပါ။

လူမင်းကတော့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့(၁၄) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ချစ်ဇနီးလေးအတွက် အမှတ်တရလေးလုပ်ပေးခဲ့ပါတယ်။ ချစ်ပရိသတ် တွေအတွက် အချိန်တွေဘယ်လောက်ပဲ ကြာကြာ အချစ်တွေ လတ်ဆတ်နေဆဲဖြစ်တဲ့ လူမင်းတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ကြည်နူးစရာ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လူမင်းကတော့ ” နှလုံးသား ဇာတ် ညွှန်း ” ဇာတ် ဆရာအလို ကျငိုဆိုငို ၊ ရယ်ဆိုရယ်ခဲ့ပြီ ။အနိမ့်အမြင့် ၊ အတက်အကျ အနှေးအမြန် ၊ ဇာတ်အရှိန်တွေ လည်းစုံခဲ့ပြီ ။ ဇနီးမယား ၊ သမီးသားနဲ့ ဂျုံးဂျုံးဂျက်ဂျက် ၊ ပေါ်ပေါ်ပူ ပူ သံသရာ ရထားကြီးလည်း မီးခိုးတွေ အူလှပြီ။ ပုဝါမကူ ၊ ရေမရှူဒိုင်မရှိ အနားသတ်မရှိ ဘဝဆိုတဲ့ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် ဆိုတာကလည်း အကန့် အသတ်မဲ့ ၊ မပြီးနိုင်မစီးနိုင် ၊ မဆုံးနိုင်။ အဆုံးမဲ့  ပန်းတိုင် တွေဆီ ချီတက်ရင်းသီးချိန် ပွင့်ချိန် ရောက်ပြန်တော့လည်း ခွဲရခွာကြရဦးမည်

။အဲဒီအချိန်ကျ မင်း ဘေးမှာ ငါ ၊ငါ့ဘေးမှာမင်းဘဲရှိမှာမို့ တရား သဘောမှတ် ကျောက်အတင်ခြဲ့ကရင်းအိုအောင်မင်း အောင် ပေါင်းကြဘို့ ဆိုတာ ဖိုး ဖိုးကလည်းဖွားဖွားကို ပြောပါမယ် ချစ်တယ် ( ၁ ၄ ) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ ။” ဆိုပြီး

သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ချစ်ဇနီးလေးအတွက် ရေးသားပေးထားတာပါ။