Home » Gallery » Health » သွားချေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းထက်နည်းလမ်း (၃) ခုကိုဖော်ပြလိုက်ပါတယ်…

သွားချေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းထက်နည်းလမ်း (၃) ခုကိုဖော်ပြလိုက်ပါတယ်…

သွားချေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းထက်နည်းလမ်း (၃) ခုကိုဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

လူတစ်ယောက်မှာ အဆွဲဆောင်နိုင်ဆုံးသော အချက်ကတော့ သူ့ရဲ့အပြစ်ကင်းတဲ့ အပြုံးတစ်ချက် ဖြစ်နိုင်ပါတယ်။ ကံဆိုးစွာပဲ ဆေးလိပ်သောက်ခြင်း၊ ကဖင်းဓာတ် လွန်ကဲစွာ စားသုံးခြင်းနဲ့ သွားကို သေချာဂရုမစိုက်ခြင်း စတာတွေကြောင့် သွားကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ် လုပ်နေကျ အလေ့အကျင့်လေးတွေကနေပြီး သွားချေးဖြစ်ခြင်း ကဲ့သို့သော သွားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

  1. မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို သဘာဝကြေးချွတ်ဆေးအဖြစ်နဲ့ သုံးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းကို ဆားအနည်းငယ်နဲ့ ရောပြီး သွားတိုက်တံကို ရေစွတ်ကာ ဒီအမှုန့်အရောနဲ့ သွားတိုက်ပေးပါ။

  1. ပိုပြီးအစွမ်းထက်တဲ့ သဘာဝသွားတိုက်ဆေး ရဖို့အတွက်ဆိုရင် –
  • ရေတစ်ခွက်
  • မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်
  • ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုရာဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး သွားတိုက်ဆေးအဖြစ် သုံးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သွားတွေကို ဖြူဖွေးတောက်ပြောင်ပြီး ကျန်းမာစေနိုင်ပါတယ်။

  1. လိမ္မော်ခွံ

လိမ္မော်သီး စားပြီးရင် သွားကို လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးခြင်းက သွားရဲ့ကြွေလွှာတွေကို သန့်စင်စေတဲ့ လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက သွားကို ဖြူဖွေးစေပြီး အရောင်စွဲခြင်းကို ကာကွယ်ကာ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ မိနစ် အနည်းငယ်ကြာအောင် ပွတ်တိုက်ပြီးနောက် ရေအနည်းငယ်နဲ့ ဆေးချပါ။







  1. လိမ်မောျခှံ


Ref : Healthlife