Home » Gallery » Health » ကလီစာစားခြင်း၏ အကျိုးကျေးဇူးများနှင့် ဘေးအန္တရာယ်များ …

ကလီစာစားခြင်း၏ အကျိုးကျေးဇူးများနှင့် ဘေးအန္တရာယ်များ …

ကလီစာစားခြင်း၏ အကျိုးကျေးဇူးများနှင့် ဘေးအန္တရာယ်များ …

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ကလီစာများတွင် အာဟာရဓာတ်များ ပါဝင်သော်လည်း စားသုံး ချိန်တွင် အကျိုးကျေးဇူးများ ရနိုင်သည့်အပြင် အချို့သောအန္တရာယ် များလည်း ရှိနိုင်သည်။

ကလီစာများတွင် ဗီတာမင်နှင့် အာဟာရဓာတ်အချို့ မြင့်မား စွာ ပါဝင်သည်။ သို့သော် သေချာစွာ သန့်စင်ခြင်းမရှိပါက အူများ တွင် အန္တရာယ်ရှိသော ဗက်တီးရီးယားများ ရှိနိုင်သည်။ ထို့အပြင် ဦးနှောက်များမှတစ်ဆင့် Mad Cow Disease ခေါ် အာရုံကြော စနစ် ပျက်ပြားစေသောရောဂါ ကူးစက်နိုင်ခြေရှိသည်။

ကလီစာများတွင် ဗီတာမင်ဘီ၊ သံဓာတ်၊ ဖော့စပရပ်စ်၊ ကြေး နီဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်အေ၊ ဒီ၊ အီးနှင့်ကေတို့ ပါဝင်သည်။ ကလီစာများတွင် အသည်းသည် အာဟာရဓာတ် အများဆုံး ပါဝင်သော အစားအစာဖြစ်ပြီး ဗီတာမင်အေပမာဏ ကြွယ်ဝစွာ ပါဝင်သည်။ အသည်းတွင် ဖောလစ်အက်စစ်၊ သံဓာတ်၊ ခရိုမီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်တို့ ပါဝင်သည်။

အာဟာရဓာတ်များနှင့် ပရိုတိန်း ကြွယ်ဝစွာ ပါဝင်သော ကျောက်ကပ်များတွင် အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်သည်။ ဦးနှောက်တွင်လည်း အိုမီဂါ-၃ ဖက်တီးအက်စစ်၊ အာဟာရ ဓာတ်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ နှလုံးတွင် ဗီတာမင် B2, B6 နှင့် B12 တို့ ကြွယ်ဝစွာပါဝင်ပြီး သံဓာတ်၊ သွပ်ဓာတ်တို့လည်း ကြွယ်ဝသည်။ လျှာသည် ကယ်လိုရီနှင့် ဖက်တီးအက်စစ်ကြွယ်ဝစွာ ပါဝင် ပြီး သွပ်ဓာတ်၊ သံဓာတ်တို့လည်း ပါဝင်ကာ အထူးသဖြင့် ကိုယ်ဝန် ဆောင်များအတွက် ကောင်းသောအစားအစာဖြစ်သည်။

သို့သော် ကလီစာတွင် ကိုလက်စထရောနှင့် ကျန်းမာရေးနှင့် မညီသည့် အဆီများ မြင့်မားစွာ ပါဝင်သည်။ အဆစ်အမြစ်ရောင် ရောဂါရှိသူများ ကလီစာမစားသင့်ပေ။ သို့သော် ခန္ဓာကိုယ်ထဲ ဝင် ရောက်လာသည့် အဆိပ်အတောက်များကို အသည်းနှင့် ကျောက် ကပ်တို့က ရှင်းလင်းပေးရသဖြင့် ယင်းကလီစာများကို စားပါက အန္တရာယ်ရှိနိုင်သည်။ ထို့အပြင် ကျန်းမာသော တိရစ္ဆာန်များမှရ သော ကလီစာများဖြစ်ရန်နှင့် လတ်ဆတ်ရန် အထူးလိုအပ်သည်။







Ref : Daily