Home » Celebrity News » လက်ထပ်ပွဲမတိုင်မီ ကျပ်သိန်း (၁၀၀)ကျော် လျော်ပေးခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ
လက်ထပ်ပွဲမတိုင်မီ ကျပ်သိန်း (၁၀၀)ကျော် လျော်ပေးခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ
လက်ထပ်ပွဲမတိုင်မီ ကျပ်သိန်း (၁၀၀)ကျော် လျော်ပေးခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ
Unicode
လက်ထပ်ပွဲမတိုင်မီ ကျပ်သိန်း (၁၀၀)ကျော် လျော်ပေးခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင်ရွှေမှုန်ရတီ
ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်တဲ့ ရွှေမှုန်ရတီကတော့ လတ်တလောမှာ ချစ်ရသောသူ အဆိုတော် ရွှေထူးနဲ့ လက်ထပ်တော့မှာမို့ မင်္ဂလာကိစ္စတွေနဲ့ အလုပ်များနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုန်ရတီက မင်္ဂလာဆောင်ရန်အတွက် ရိုက်ကွင်းဖျက်ခဲ့တာကြောင့် သူမနဲ့ ရိုက်ကူးမယ့် “ငါမုန်းတဲ့ အက္ခရာ” ဇာတ်ကား ကို မင်းသမီးပြောင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ အဆိုပါသတင်းကိုတော့ ရွှေမှုန်ရတီက သူမရဲ့My Day မှာ ပြန်လည်ဖြေရှင်းထားခဲ့တာ တွေ့နေရပါတယ်။ သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးက အင်တာဗျူးတစ်ခုရဲ့အောက်မှာ သူမရဲ့အကြောင်းကို ရေးသားထားတာကြောင့် ရွှေမှုန်ရတီက ချက်ခြင်းဆိုသလို ပြန်လည်ဖြေရှင်းပေးခဲ့တာပါ။ ရွှေမှုန်ရတီကတော့ ကားရိုက်ကိစ္စက သူမဖျက်တာ မဟုတ်ကြောင်းနှင့်၊ အဆင်ပြေအောင် ညှိပေးခဲ့ပေမယ့် သူတို့ဘက်က လုံးဝ ဆက်မရိုက်တော့တဲ့ အကြောင်း ပြောထားခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ကုန်ကျစရိတ်တွေအားလုံးကို လျော်ပေးပါဆိုပြီး ကျပ်သိန်း (၁၀၀) ကျော် ဘာပြဿနာမှမရှာပဲ တောင်းသလောက် ပြန်လျော်ပေးလိုက် ပါတယ်လို့ သူမကဆိုထားပါသေးတယ်နော်။ ရွှေမှုန်လေးကတော့ သူမကို အခုလိုအထင်အမြင် လွဲနေတာ တွေကို ပြတ်ပြတ်သားသား ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။