Home » Celebrity News » “ဖေဖေ၊မေမေတို့ မျက်ခုံးလှုပ်ကြရမယ့် အနုပညာလောကထဲက သမီးချောချောလေးများ”
ယွန်းဝတီလွင်မိုး
ပန်း​ရောင်​ခြယ်
မြူလင်းကိုကို
ပိုပိုဟေသာ
မှုံနံ့သာ
Crd-
Unicode
“ဖေဖေ၊မေမေတို့ မျက်ခုံးလှုပ်ကြရမယ့် အနုပညာလောကထဲက သမီးချောချောလေးများ”
အနုပညာလောကမှာတော့ အနုပညာမျိုးဆက်လေးတွေက ဖေဖေ၊ မေမေတို့ရဲ့ အနုပညာ သွေးတွေကို စီးဆင်းစေပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားတဲ့သူလေးတွေပေါ့နော်။ ဖေဖေ၊မေမေတို့ ခေတ်မှာကျော်ကြား ခဲ့တဲ့ နာမည်တွေကို သားသမီးတွေကလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာမျိုးဆက်သစ်လေးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ဖေဖေ၊မေမေတို့ရဲ့ အလှအပတွေနဲ့ပါ ပေါင်းစပ်ပြီး မွေးဖွားလာကြတော့ ပရိသတ် တွေကလည်း ငယ်ငယ်လေးတည်းက ချစ်ခင်နေခဲ့ကြရတာပါ။ ခုဖော်ပြပေးမှာကတော့ ဖေဖေ၊ မေမေတို့ စိတ် မချနိုင်လောက်အောင် အရမ်းချစ်စရာကောင်း၊ အရမ်းလည်းလှပြီး အရမ်းတော်ကြတဲ့ အနုပညာမျိုးဆက်သစ် လေးတွေပါ။
ယွန်းဝတီလွင်မိုး
သူမကတော့ အကယ်ဒမီ မင်းသားကြီး လွင်မိုးရဲ့ သမီးလေး ဖြစ်ပြီးတော့ သူမရဲ့ ချစ်စရာ ကောင်းပြီး ပြုံးလိုက်တဲ့အပြံုးတွေဟာ သူမရဲ့ပရိသတ်တွေကို အမှန်တကယ်ကြွေစေခဲ့ပါတယ်။ သူမကိုတော့ မြန်မာနိုင်ငံကယောက်ကျားလေးတော်တော်များများ နှစ်သက်ကြပြီး မိန်းကလေးတွေရဲ့ ချစ်ခင်အားကျမှု လေးတွေကိုလည်း ပိုင်ဆိုင်ထားရသူတစ်ယောက်ပါ။ လက်ရှိမှာတော့ သြစတေးလျမှာ ကျောင်းတက်လျှက် ရှိနေပြီး မကြာသေးခင်ကမှ အိမ်ထောင်ကျသွားခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖေဖေလွင်မိုးအနေနဲ့ ကတော့ မျက်ခုံးလှုပ်ရမယ့် သမီးလေးမဟုတ်တော့ပါဘူးနော်။
ပန်းရောင်ခြယ်
သူမကတော့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးချောလေးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ တကိုယ်တော်ခွေတစ်ခွေထွက်ရှိထားပြီး ပရိသတ်များရဲ့ချစ်ခင်အားပေးမှုကို လက်ခံရရှိနေသူလေး တစ်ဦးဖြစ်ပါတယ်။ ဆံနွယ်ရှည်ရှည်လေးနဲ့ ရိုးသားတဲ့မျက်နှာလေးကတကြောင်း ချိုသာနူးညံ့တဲ့ အသံလေး တွေကြောင့် ပရိသတ်ကို ညှို့ယူဖမ်းစားထားနိုင်သူလေးလည်း ဖြစ်ပါတယ်။
မြူလင်းကိုကို
သူမကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ သမီးလေးတစ်ဦး ဖြစ်ပြီး Australia မှာကျောင်းသွား တက်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကမှ မိခင်နဲ့အတူတူ ကြော်ငြာရိုက်ကွင်းမှာတွေ့ရပြီး ကြော်ငြာတချို့ ရိုက်ကူးထား တာလည်း ဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးလေးအလားထင်မှတ်မှားရတဲ့ မြူလင်းကိိုကိုကတော့ မိခင်ရဲ့ လှပခြင်းတွေကို အကုန်လုံးရရှိထားသူလေးလို့ဆိုရမှာပါ။ သူမဟာ ခုလက်ရှိမှာတော့ ကျောင်းတက်နေတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အနုပညာလောကထဲကို ဝင်ရောက်လာမလားဆိုတာတော့ စိတ်ဝင်စား စရာလေး ပါပဲနော်။
ပိုပိုဟေသာ
ပိုပိုဟေသာကတော့ မကြာသေးခင်ကမှ ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းချိုချိုလေးနဲ့ ပရိသတ်တွေ ကြားထဲ အစွမ်းကုန်ပေါက်သွားတဲ့ သူလေးပါနော်။ သူမကတော့တေးရေးဇဝါရဲ့ သမီးလေးဖြစ်ပြီး ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းကလည်း သူမရဲ့ ဖခင် ရေးစပ်ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ အနုပညာလောက ထဲကို စတင်ဝင်ရောက်ခဲ့တာမကြာသေးပေမယ့်လည်း သူမရဲ့ ပထမဆုံးသီချင်းတစ်ပုဒ်ဟာ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ တော်တော်လေးကိုရေပန်းစားခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့စကားပြောပုံလေးတွေနဲ့ အသံလေးတွေကလည်း ပရိသတ်တွေကြား အသည်းစွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။
မှုံနံ့သာ
ရုပ်ရှင်သရုပ်ဆောင်ကျော်ရဲအောင်ရဲ့သမီးလေးက အဖေ့သွေးပါလို့ အနုပညာကို စိတ်ဝင်စားပါတယ်တဲ့၊ သူမက သရုပ်ဆောင်အလုပ်အပြင် သီးချင်းဆိုတာနဲ့ ဓာတ်ပုံရိုက်ရတာလည်း ဝါသနာပါတဲ့သူလေးပါ။ ငယ်ငယ်ကတည်းက အဖေ့ရှုတင်တွေလည်းလိုက်ခဲ့ပြီးအဖေရဲ့သရုပ်ဆောင်ချက်တွေနဲ့ရင်းနှီးပြီးသားပါတဲ့။ သူမသရုပ်ဆောင်လုပ်မယ်ဆိုရင်တောင်သူမအဖေနဲ့အတူသရုပ်ဆောင်ချင်ကြောင်းလည်းသိရပါတယ်။ သူမအဖေဆီကပညာသင်ခွင့်ရမယ်ဆိုရင်ငိုတဲ့အခန်းတွေကိုသင်ယူချင်ပါတယ်သူမက ငိုတဲ့အခန်း တွေက သူမအတွက်ခက်ခဲတယ်လို့လည်း သိရပါတယ်။ မှုံနံ့သာကျော်ရဲအောင်က ဆယ်လီရုပ်ရှင်ဇာတ်ကား မှာလည်းပါဝင်သရုပ်ဆောင်ထားပြီး ၊ ဆယ်လီရုပ်ရှင်ဇာတ်ကား ကလည်းပရိသတ်တွေအကြိုက် တွေ့ခဲ့ပါတယ်။ သူမကခုလောလောဆယ်မှာတော့ကျောင်းတတ်နေတာဖြစ်တဲ့အတွက်အနုပညာအလုပ်ကိုတောမလုပ်ဖြစ်သေးပါဘူး။