Home » Gallery » Health » ဆိုင်တွင်ဆံပင်ဆေးဆိုးသကဲ့သို့ လှပစေမည့် ကိုယ်တိုင်ဆံပင်ဆေးဆိုးနည်း ၅ နည်း…

ဆိုင်တွင်ဆံပင်ဆေးဆိုးသကဲ့သို့ လှပစေမည့် ကိုယ်တိုင်ဆံပင်ဆေးဆိုးနည်း ၅ နည်း…

ဆိုင်တွင်ဆံပင်ဆေးဆိုးသကဲ့သို့ လှပစေမည့် ကိုယ်တိုင်ဆံပင်ဆေးဆိုးနည်း ၅ နည်း…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

အမျိုးသမီးများအတွက် ဆံပင်ဆေးဆိုးခြင်းမှာ ပေါ်ပြူလာဖြစ်သည့် အလှပြင်နည်းတခုဖြစ်ပါတယ်။ သို့သော် ဆံပင်ဆေးဆိုးရန်အတွက် ဆိုင်သို့သွားရောက်ဆိုးလျှင် ပိုက်ဆံဖြုန်းတီးတာနဲ့တူသောကြောင့် အမျိုးသမီးအများစုမှာ နေအိမ်တွင် ကိုယ်တိုင်ဆံပင်ဆေးဆိုးကြပါတယ်။ ကိုယ်တိုင်ဆံပင်ဆေးဆိုးသည့်အခါ ဆိုင်တွင် သွားဆိုးသကဲ့သို့ မလှပဲဖြစ်စေပါတယ်။ ဆံပင်အရောင်များမညီခြင်း ဆံပင်များခြောက်သွေ့ပြီး ဆံပင်အဖျားများကွဲခြင်း စသည့်တို့ကို ဖြစ်သောကြောင့် စိတ်ပျက်စရာကောင်းလှပါတယ်။ သို့သော် ဆိုင်တွင် ဆံပင်ဆေးသွားဆိုးသကဲ့သို့ လှပစေမည့် ကိုယ်တိုင်ဆံပင်ဆေးဆိုး နည်းလမ်းများကို ပြောပြပါမယ်။

ဆံပင်ဆေးမဆိုးခင် ခေါင်းလျှော်ပါ။

ပထမဆုံးအနေဖြင့် ဆံပင်ဆေးမဆိုးမီ ဆံပင်ပေါ်မှ အညစ်အကြေးများကို မရှိစေရန်အတွက် ခေါင်းလျှော်ရမှာ ဖြစ်ပါတယ်။ အခုလိုခေါင်းလျှော်ခြင်းဖြင့် အညစ်အကြေးများကို ချွတ်ထုတ်စေသည့်အပြင် ဆံပင်ဆိုးဆေးများ ဆံသားထဲသို့ကောင်းစွာ စိမ့်ဝင်စေပါတယ်။ ခေါင်းလျှော်သည့်အချိန်တွင် ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပြီး Hair Conditioner မသုံးသင့်ပါ။

ဆံပင်နှင့်သင့်တော်သည့် ဆိုးဆေးပမာဏကိုစပ်ရန်

ဆံပင်ဆိုးဆေးပမာဏစပ်ရာတွင် ဆံပင်နှင့်သင့်တော်သည့် ပမာဏကို စပ်ရမှာဖြစ်ပါတယ်။ အချို့သောသူများရဲ့ ဆံပင်များမှာ ဆေးအရောင်ညီစေရန်အတွက် တကြိမ်တည်း ဆံပင်ဆိုးဆေးခရမ်လ်ကို စပ်သင့်ပါတယ်။ ဒါ့အပြင် ဆံပင်ဆိုးဆေးဗူးတွင် ရေးထားသည်အညွန်းအတိုင်း ဆံပင်ဆေးဆိုးခရမ်လ်ကို စပ်ပါက လိုအပ်သည့်အရောင်အတိုင်း ရရှိမှာဖြစ်ပါတယ်။

ဆံပင်အရင်းကို နောက်မှဆိုးပါ။

ဆံပင်အရင်းများ ဆံပင်အဖျားထက် ပိုတောက်ပသည့် ပြဿနာကို အမြဲတမ်းကြုံတွေ့ကြရပါတယ်။ အဘယ်ကြောင့်ဆိုသော် ဆံပင်အရင်းမှာ ဆံပင်ဆိုးဆေးစွဲလွယ်သည့်နေရာဖြစ်သောကြောင့် ဆံပင်ဆေးဆိုး သည်အချိန်တွင် နောက်ဆုံးဆိုးခြင်းဖြင့် ဆံပင်အရောင်များ ပိုညီစေပါတယ်။

ဆံပင်အရောင်များပြန့်နှံ့စေရန် ပြုလုပ်ပါ။

ဆံပင်အရောင်ဆိုးပြီးသည့်အချိန်တွင် မိနစ် 20 ခန့် ထားပြီး အဲဒီနောက်တွင် ရေဖြင့်ဆေးကြောပေးခြင်းဖြင့် ဆံပင်အရောင်များ နေရာအနှံ့ပျံ့နေမှာ ဖြစ်ပါတယ် ဒီနည်းလမ်းက ဆံပင်အရောင်များ ပိုပြန့်နှံ့စေပါတယ်။

နောက်တကြိမ်ထပ်ဆိုးပါ။

ဆံပင်ဆေးဆိုးသည့်အချိန် ဆေးမပြန့်နှံ့မှုကို ကာကွယ်ရန်အတွက် ဆံပင်ဆိုးဆေးအချို့ကို သိမ်းဆည်းထားပြီး ထပ်ဆိုးသင့်ပါတယ်။ သို့သော် ဒီအဆင့်တွင် ဆံပင်မခြောက်သွေ့စေရန်အတွက် အကြာကြီး မထားသင့်ပေ။ 10 မိနစ်ခန့်ထားပြီး ရေဖြင့်လျှော်ပေးရမှာ ဖြစ်ပါတယ်။













Ref : Stylecraze