Home » Celebrity News » ကိုမင္းေသြး ကြယ္လြန္ျခင္း (၂) လျပည့္တြင္ ကိုမင္းေသြး ေျပာလာတဲ့ သတ္ကြင္းဇာတ္ကားအေၾကာင္း

ကိုမင္းေသြး ကြယ္လြန္ျခင္း (၂) လျပည့္တြင္ ကိုမင္းေသြး ေျပာလာတဲ့ သတ္ကြင္းဇာတ္ကားအေၾကာင္း

ကိုမင္းေသြး ကြယ္လြန္ျခင္း (၂) လျပည့္တြင္ ကိုမင္းေသြး ေျပာလာတဲ့ သတ္ကြင္းဇာတ္ကားအေၾကာင္း

<< Zawgyi ျဖင့္ ဖတ္ရန္ >>

ျပည္သူခ်စ္ အႏုပညာရွင္ သရုပ္ေဆာင္နဲ႕အဆိုေတာ္ မင္းေသြးဟာ သူခ်စ္ေသာ မိသားစု၊ သူခ်စ္ေသာ အႏုပညာနဲ႕ သူခ်စ္ေသာ ပရိတ္သတ္မ်ားနဲ႕ခြဲခြာသြားခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန႕တြင္ ႏွစ္လျပည့္ခဲ့ပါၿပီ။ နာမည္ေက်ာ္ မင္သား သရုပ္ေဆာင္ေနတိုးရဲ႕ ညီအရင္းျဖစ္တဲ့ မင္းေသြးဟာ အကိုကဲ့သို႕ အႏုပညာေသြးအျပည့္ပါၿပီး သူ႕ရဲ႕ေအာင္ျမင္မႈအတြက္ သူကိုယ္တိုင္ၾကိဳးစားခဲ့တာျဖစ္ပါတယ္။

Image may contain: 3 people, people sitting and sunglasses

Image may contain: 1 person, text

က်ရာဇာတ္ရုပ္မ်ားကို အိုက္တင္အမူအယာေကာင္းစြာ ပီပီျပင္ျပင္သရုပ္ေဆာင္ႏိုင္ခဲ့တဲ့အျပင္ ေတးဂီတအပိုင္းတြင္လည္း ထူးခၽြန္လွတာေၾကာင့္ ပရိတ္သတ္မ်ားရဲ႕အားေပးခ်စ္ခင္မႈမ်ားကို တခဲနက္ရရွိလာခဲ့ပါတယ္။ မင္းေသြးဟာ “ထိုးစစ္” ဆိုတဲ့တစ္ကိုယ္ေတာ္ေတးစီးရီးအေခြ ထြက္ရွိခဲ့တာျဖစ္ၿပီး ရခိုင္တိုင္းရင္းသားျဖစ္တာေၾကာင့္ ရခိုင္သီခ်င္းမ်ားကို သီဆိုခဲ့တဲ့အခါ ပရိတ္သတ္မ်ားစြာက သေဘာအက်ၾကီးက်ခဲ့ျပန္ပါတယ္။

Image may contain: one or more people, people on stage, people sitting and indoor

မင္းေသြးဟာ ေအာက္တိုဘာလ ၃ ရက္ေန႕တြင္ ဘ၀တစ္ပါးသို႕ ကူးေျပာင္းသြားခဲ့တာေၾကာင့္ ျမန္မာတစ္ျပည္လံုးက ပရိတ္သတ္မ်ားစြာက စိတ္မေကာင္းျဖစ္ခဲ့ၾကၿပီး ငယ္ရြယ္သူၾကယ္ပြင့္တစ္ဦး ေစာစီးစြာ ေၾကြလြင့္ခဲ့တာေၾကာင့္ ႏွေျမာခဲ့ၾကပါတယ္။

Image may contain: 1 person, standing, stripes and outdoor

Image may contain: 1 person, standing, child and outdoor

မင္းေသြးဟာ မုန္းစြဲ၊ သတ္ကြင္း၊ ေလးပါးေၾကာ့ရွိန္ ၀ရဇိန္ စတဲ့ရုပ္ရွင္မ်ားကို ရံုမတင္ရခင္မွာပဲ ရုတ္တရက္ေၾကြလြင့္ခဲ့တာ ျဖစ္ပါတယ္။ ထိုဇာတ္ကားမ်ားမွ “မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ရံုတင္ျပသခဲ့ၿပီး ပရိတ္သတ္မ်ားရဲ႕အားေပးမႈနဲ႕ၾကိဳက္ႏွစ္သက္မႈမ်ားကို မ်ားစြာရရွိထားတဲ့ ဇာတ္ကားၾကီးလည္း ျဖစ္ပါတယ္။ “သတ္ကြင္း” ဇာတ္ကားၾကီးကေတာ့ ဒီဇင္ဘာလ ၁၄ ရက္ေန႕မွာ ရံုတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Image may contain: night and text

Image may contain: 1 person, text

ဒီဇင္ဘာလ ၃ ရက္ေန႕တြင္ “ကိုမင္းေသြး ကြယ္လြန္ျခင္း (၂) လျပည့္တြင္ သတ္ကြင္း အတြက္ အစြမ္းကုန္ အားစိုက္ခဲ့ေသာ ကိုမင္းေသြးရဲ႕ အင္တာဗ်ဴး အစီအစဥ္ ယေန႔ည ၇ နာရီတိတိ တြင္ တင္ဆက္ပါမည္” ဆိုေၾကာင္း သတ္ကြင္း page ကေၾကျငာခဲ့တာျဖစ္ပါတယ္။

ည ၇ နာရီတြင္ေတာ့ ” ပရိတ္သတ္ေတြအတြက္ ေပးခ်င္တဲ့ ရသေလးတစ္ခု ဒီကားထဲမွာ ထည့္ထားတယ္။ ပရိတ္သတ္ေတြရဲ႕ ေ၀ဖန္မႈ၊ အားေပးမႈေလး ေမ ွ်ာ္လင့္ပါတယ္.. တစ္ေခါက္ေလာက္ပဲ ျဖစ္ျဖစ္ေပ့ါေနာ္.. ေ၀ဖန္ျပီး ၾကည့္ေပးပါလို႔ ေျပာခ်င္ပါတယ္ ” မင္းေသြး ဆိုၿပီး မင္းေသြးရဲ႕သတ္ကြင္းအေၾကာင္း ေျပာလာတဲ့ အင္တာဗ်ဴးေလးကို မွ်ေ၀ေပးခဲ့တာျဖစ္ပါတယ္။

တစ္ေခါက္ေလာက္ပဲ ျဖစ္ျဖစ္ ၾကည့္ျပီး ေ၀ဖန္ေပးပါ – မင္းေသြး

" ပရိတ္သတ္ေတြအတြက္ ေပးခ်င္တဲ့ ရသေလးတစ္ခု ဒီကားထဲမွာ ထည့္ထားတယ္။ ပရိတ္သတ္ေတြရဲ႕ ေ၀ဖန္မႈ၊ အားေပးမႈေလး ေမ ွ်ာ္လင့္ပါတယ္.. တစ္ေခါက္ေလာက္ပဲ ျဖစ္ျဖစ္ေပ့ါေနာ္.. ေ၀ဖန္ျပီး ၾကည့္ေပးပါလို႔ ေျပာခ်င္ပါတယ္ " မင္းေသြး***သတ္ကြင္း*** 14-12-18 တြင္ျပျပီ။ #သတ္ကြင္း #KillingFieldMovie #MinThway #မင္းေသြး

Posted by သတ္ကြင္း – Killing Field on Monday, December 3, 2018

ေအးခ်မ္းတဲ့ေနရာတစ္ခုမွာ ေရာက္ရွိေနၿပီျဖစ္တဲ့ မင္းေသြး ရိုက္ကူးခဲ့တဲ့ “သတ္ကြင္း” ရုပ္ရွင္ဇာတ္ကားၾကီးကို ရံုတင္ျပသတဲ့အခါ သြားေရာက္ၾကည့္ရႈၾကပါဦးေနာ္။

 

 

<< Unicode ဖြင့် ဖတ်ရန် >>

ပြည်သူချစ် အနုပညာရှင် သရုပ်ဆောင်နဲ့အဆိုတော် မင်းသွေးဟာ သူချစ်သော မိသားစု၊ သူချစ်သော အနုပညာနဲ့ သူချစ်သော ပရိတ်သတ်များနဲ့ခွဲခွာသွားခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် နှစ်လပြည့်ခဲ့ပါပြီ။ နာမည်ကျော် မင်သား သရုပ်ဆောင်နေတိုးရဲ့ ညီအရင်းဖြစ်တဲ့ မင်းသွေးဟာ အကိုကဲ့သို့ အနုပညာသွေးအပြည့်ပါပြီး သူ့ရဲ့အောင်မြင်မှုအတွက် သူကိုယ်တိုင်ကြိုးစားခဲ့တာဖြစ်ပါတယ်။

 

ကျရာဇာတ်ရုပ်များကို အိုက်တင်အမူအယာကောင်းစွာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့အပြင် တေးဂီတအပိုင်းတွင်လည်း ထူးချွန်လှတာကြောင့် ပရိတ်သတ်များရဲ့အားပေးချစ်ခင်မှုများကို တခဲနက်ရရှိလာခဲ့ပါတယ်။ မင်းသွေးဟာ “ထိုးစစ်” ဆိုတဲ့တစ်ကိုယ်တော်တေးစီးရီးအခွေ ထွက်ရှိခဲ့တာဖြစ်ပြီး ရခိုင်တိုင်းရင်းသားဖြစ်တာကြောင့် ရခိုင်သီချင်းများကို သီဆိုခဲ့တဲ့အခါ ပရိတ်သတ်များစွာက သဘောအကျကြီးကျခဲ့ပြန်ပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာကြောင့် မြန်မာတစ်ပြည်လုံးက ပရိတ်သတ်များစွာက စိတ်မကောင်းဖြစ်ခဲ့ကြပြီး ငယ်ရွယ်သူကြယ်ပွင့်တစ်ဦး စောစီးစွာ ကြွေလွင့်ခဲ့တာကြောင့် နှမြောခဲ့ကြပါတယ်။

 

မင်းသွေးဟာ မုန်းစွဲ၊ သတ်ကွင်း၊ လေးပါးကြော့ရှိန် ဝရဇိန် စတဲ့ရုပ်ရှင်များကို ရုံမတင်ရခင်မှာပဲ ရုတ်တရက်ကြွေလွင့်ခဲ့တာ ဖြစ်ပါတယ်။ ထိုဇာတ်ကားများမှ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီး ပရိတ်သတ်များရဲ့အားပေးမှုနဲ့ကြိုက်နှစ်သက်မှုများကို များစွာရရှိထားတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ “သတ်ကွင်း” ဇာတ်ကားကြီးကတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

 

ဒီဇင်ဘာလ ၃ ရက်နေ့တွင် “ကိုမင်းသွေး ကွယ်လွန်ခြင်း (၂) လပြည့်တွင် သတ်ကွင်း အတွက် အစွမ်းကုန် အားစိုက်ခဲ့သော ကိုမင်းသွေးရဲ့ အင်တာဗျူး အစီအစဉ် ယနေ့ည ၇ နာရီတိတိ တွင် တင်ဆက်ပါမည်” ဆိုကြောင်း သတ်ကွင်း page ကကြေငြာခဲ့တာဖြစ်ပါတယ်။

 

ည ၇ နာရီတွင်တော့ ” ပရိတ်သတ်တွေအတွက် ပေးချင်တဲ့ ရသလေးတစ်ခု ဒီကားထဲမှာ ထည့်ထားတယ်။ ပရိတ်သတ်တွေရဲ့ ဝေဖန်မှု၊ အားပေးမှုလေး မေ ျှာ်လင့်ပါတယ်.. တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ်ပေ့ါနော်.. ဝေဖန်ပြီး ကြည့်ပေးပါလို့ ပြောချင်ပါတယ် ” မင်းသွေး ဆိုပြီး မင်းသွေးရဲ့သတ်ကွင်းအကြောင်း ပြောလာတဲ့ အင်တာဗျူးလေးကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။

 

အေးချမ်းတဲ့နေရာတစ်ခုမှာ ရောက်ရှိနေပြီဖြစ်တဲ့ မင်းသွေး ရိုက်ကူးခဲ့တဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတဲ့အခါ သွားရောက်ကြည့်ရှုကြပါဦးနော်။

 

 

Source From သတ္ကြင္း