Home » Gallery » Health » ပြောင်လက်တောက်ပတဲ့ ဆံကေသာကိုရရှိဖို့ ခေါင်းလျှော်တဲ့အခါ ဘာတွေထည့်ပေးနိုင်သလဲ…

ပြောင်လက်တောက်ပတဲ့ ဆံကေသာကိုရရှိဖို့ ခေါင်းလျှော်တဲ့အခါ ဘာတွေထည့်ပေးနိုင်သလဲ…

ပြောင်လက်တောက်ပတဲ့ ဆံကေသာကိုရရှိဖို့ ခေါင်းလျှော်တဲ့အခါ ဘာတွေထည့်ပေးနိုင်သလဲ…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

          အကယ်၍သင်ဟာ ဆံကေသာတွေ ခြောက်သွေ့ကြမ်းတမ်းနေတာကြောင့် စူပါမားကတ်တွေ၊  ဈေှးဆိုင်တွေမှာ ဘယ်ခေါင်းလျှော်ရည်က ကောင်းသလဲဆိုပြီး သေချာမေးမြန်းပြီး လိုက်ဝယ်နေရပါသလား။ ထိုကဲ့သို့ ခေါင်းလျှော်ရည်တွေဟာ ဆံကေသာကိုအလွန်ပျက်စီးစေနိုင်သည့် ဓာတုဓာတ်ပေါင်းများ အင်မတန်ပါဝင်တာကြောင့် MyStyle ကနေပြီး ယခုတခါ ဆံကေသာအတွက် အထူးကောင်းမွန်သော သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ထိုကဲ့သို့ ဆံကေသာ ပြဿနာတွေအတွက် သကြားက အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။  ခေါင်းလျှော်ရည်အထဲကို သကြားတစ်ဇွန်းထည့်ပေးရုံဖြင့် ဆံပင်သန့်ရှင်းစေရုံသာမက ဦးရေပြားကိုပါ ချေးချွတ်ပေးနိုင်ပါတယ်။ ထို့အပြင် ဆံပင်အရင်းကိုကြံ့ခိုင်လာစေပြီး ဆံကေသာကို ကျန်းမာလာစေနိုင်ပါတယ်။ ထိုအခါမှာ conditioner သည်လည်းပိုမိုထိရောက်မှုရှိမှာဖြစ်ပါတယ်။

တစ်ခုသိထားရမှာက ဆံပင်ရှိလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်တာကြောင့်  ခေါင်းလျှော်တဲ့အခါတိုင်း မလုပ်မိဖို့ပါပဲ။ လေးကြိမ် သို့မဟုတ် ငါးကြိမ်လောက်မှတစ်ခါ လုပ်ပေးပါ။





Ref : instyle