Home » Gallery » Health » နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

<<< Zawgyi ဖြင့်ဖတ်ရန် >>>

နားတွင်းပိုးဝင်ရောက်ခြင်းနှင့် အခန့်မသင် ရေဝင်တဲ့အခါမှာ နားကိုက်ခြင်း ဖြစ်စေပါတယ် ။ထို့အပြင် အအေးမိခြင်း ၊ နားတွင်းနဖားချေးများခြင်း  ၊နား၊ နှာခေါင်းလမ်းကြောင်းတွင်း   တစ်ခုခုပိတ်ဆို့နေခြင်း၊  နားအတွင်းထိခိုက်ဒဏ်ရာဖြစ်ခြင်း နှင့် နားအတွင်း လေဖိအားများခြင်းတို့ကြောင့်လည်  နားကိုက်ခြင်းကို  ဖြစ်စေပါတယ် ။

နားကိုက်ခြင်းဟာ လူကို မသက်မသာဖြစ်စေပြီး အလုပ်ပျက်၊အကိုင်ပျက်တဲ့အထိ အနှောင့်အယှက်ပေးပါတယ် ။ ကြီးကြီးမားမားမဟုတ်တဲ့ ရိုးရိုးသာမန်နာကိုက်ခြင်းအတွက် မိမိအိမ်မှာပင် ကိုယ်တိုင်ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ် ။

၁။ သံလွင်ဆီ

သံလွင်ဆီကို အနည်းငယ်အပူပေးပါ ။ ထို့နောက် နားအတွင်းသို့ ၃၊၄စက် ချပေးပါ ။ အစက်ချတဲ့အခါ ဂွမ်းဖြင့်တို့ကာ ညှစ်ချပေးတာ ပိုပြီး ထိရောက်ကောင်းမွန်ပါတယ်။ သံလွင်ဆီ နေရာမှာ  မုန်ညှင်းဆီသုံးရင်လည်  အကျိုးထိရောက်မှုခြင်း အတူတူပါပဲ ။

၂။ ရေနွေးပုလင်း

နားကိုက်တဲ့ နေရာရာတဝိုက်ကို အပူကပ်ပေးခြင်းကလည် သက်သာစေပါတယ်။ ပုလင်းထဲသို့  ရေနွေးထည့်ပြီး အဝတ် (သို့) သဘက်ဖြင့်ပတ်ကာ နားတဝိုက်ကို မိနစ်အနည်းငယ်ကြာ အပူကပ်ပေးရမှာပါ။  မကြာခဏ ဆိုသလို ကပ်ပေးနိုင်ပါတယ်။

၃။ ချင်း

သန့်ရှင်းလတ်ဆတ်သော ချင်း(ဂျင်း)ကို အရည်ညှစ်ယူ၍ နားတွင်းသို့ ၂စက် ၊ ၃စက်ခန့် ချပေးခြင်းကလည် နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ် ။

 


 









Ref : Healthy