Home » Gallery » Health » သင့်နားအနောက်ဘက် ( သို့ ) လည်ပင်းနားတ၀ိုက်မှာ အဖုအကြိတ်များစမ်းမိနေပါက ဖြေရှင်းနည်း..

သင့်နားအနောက်ဘက် ( သို့ ) လည်ပင်းနားတ၀ိုက်မှာ အဖုအကြိတ်များစမ်းမိနေပါက ဖြေရှင်းနည်း..

သင့်နားအနောက်ဘက် ( သို့ ) လည်ပင်းနားတ၀ိုက်မှာ အဖုအကြိတ်များစမ်းမိနေပါက ဖြေရှင်းနည်း..

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

<<< Zawgyi ဖြင့်ဖတ်ရန် >>>

          လူတော်တော်များများရဲ့ နားအနောက် သို့မဟုတ် လည်ပင်းနားတ၀ိုက်မှာ အဖုအကြိတ်လေးများရှိတတ်ကြပါတယ်။ အချို့သောအဖုငယ်များဟာ အဆီဖုသို့မဟုတ်ဝက်ခြံများဖြစ်တတ်ပြီး စိုးရိမ်လောက်စရာမရှိပါဘူး။ သို့သော် အချို့သောနားတ၀ိုက်နဲ့လည်ပင်းအကြိတ်တွေကတော့ ကြီးမားတဲ့ရောဂါများရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တတ်တာမို့ မပေါ့ဆသင့်ပါဘူး။

(၁)အချို့သောအဖုအကြိတ်များသည် ကင်ဆာဆဲလ်များရှိနေတတ်သည်။

လည်ပင်းအနောက်ဘက်ရှိ အဖုအကြိတ်များဟာ နှာခေါင်းနှင့်လည်ပင်းကင်ဆာရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ထိုအကြိတ်များဟာ နာကျင်ခြင်းမရှိတာမို့ လူတော်တော်များများဟာ လျစ်လျူရှုတတ်ကြပါတယ်။လည်ပင်းအနောက်ဘက် အဖုများအပြင် အကြားအာရုံချို့တဲ့လာခြင်း၊နှာပိတ်ခြင်း၊နှာခေါင်းသွေးယိုခြင်း၊အမြင်အာရုံေ၀၀ါးခြင်း၊မျက်နှာထုံကျင်ခြင်းနဲ့ခေါင်းကိုက်ခြင်းတို့ကိုပါ တွဲဖက်ခံစားလာရပြီဆိုပါက လုံးဝမပေါ့ဆပဲ ဆရာဝန်ထံပြသဖို့လိုအပ်နေပါပြီ။

နားအနောက်ရှိ အဖုအကြိတ်များဟာလဲ အချို့သောကင်ဆာရောဂါများနဲ့ဆက်စပ်လေ့ရှိတတ်ပါတယ် ဥပမာ အရေပြားကင်ဆာ။ကင်ဆာမဟုတ်သောအဖုများလဲရှိတတ်ပါသေးတယ်။အဖုတွေစာ နာကျင်ခြင်းမရှိတတ်သလိုအချိန်ကြာပေမယ့်အရွယ်အစားမကြီးလာပဲနဂိုအရွယ်အတိုင်းရှိတဲ့အဖုတွေရှိတတ်သလို အချို့သောအဖုများဟာ အချိန်နဲ့အမျှ ကြီးထွားလာတာလဲ တွေ့ရပါတယ်။အဖုသေးဖြစ်စေ အဖုကြီးဖြစ်စေ နားအနောက်ဘက်ရှိအဖုအကြိတ်များကို မပေါ့ဆသင့်ပါဘူး။

(၂)ပြန်ရည်ကြောစနစ်ချို့ယွင်းမှုကြောင့်လဲ ဖြစ်တတ်ပါတယ်။

ပြန်ရည်ကြောစနစ် ပုံမှန်အတိုင်းအလုပ်မလုပ်သောအခါ ပြန်ရည်ကြောပြွန်များပိတ်ဆို့ရာမှ ပြန်ရည်ကြောထုံးများ ဖောင်းပွလာကာအကြိတ်များထွက်ပေါ်လာပါတယ်။ထိုအခြင်းအရာကို ဆေးပညာအရ lymphadenopathy လို့ခေါ်ပါတယ်။တကိုယ်လုံးမှာရှိသော ပြန်ရည်ကြောထုံးများဖောင်းပွလာပြီးလည်ပင်းနားတ၀ိုက်နဲ့ နားတ၀ိုက်တွင် အဖုအကြိတ်များထွက်ပေါ်လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။မပေါ့ဆပဲ ဆရာဝန်ထံအမြန်ပြသဖို့ လိုအပ်ပါတယ်။

လည်ပင်းနား၊လက်မောင်းအောက်နဲ့ ပေါင်ခြံအကြိတ်များထွက်ပေါ်ခြင်းဟာ သွေးဖြူဥကင်ဆာလက္ခဏာတစ်ခုဖြစ်ပါတယ်။ဖျားခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ညဘက်ချွေးပြန်ခြင်းတို့ပါ ယှဉ်တွဲတွေ့ရတတ်ပါတယ်။

(၃)သင့်ကိုယ်ထဲသို့ ရောဂါပိုးများဝင်ရောက်ခြင်း(infection)ကြောင့်လဲ ဖြစ်တတ်ပါတယ်။

ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးများ ၀င်ရောက်ခြင်းကြောင့် နားနဲ့လည်ပင်းအကြိတ်များထွက်ပေါ်တတ်ပါသေးတယ်။ ၀က်သက်ရောဂါပိုးဝင်ခြင်း၊ရေကျောက်ပေါက်ခြင်းနဲ့ စထရပ်တိုမိုင်ဆင်ရောဂါပိုးဝင်ခြင်းတို့ကြောင့် အဖြစ်များပါတယ်။ ပါးချိတ်ရောင်ရောဂါပိုးဝင်ခြင်းကြောင့်လဲ ပါးတစ်ဖက်တစ်ချက်ဆီမှာ ယောင်ယမ်းတတ်ပါသေးတယ်။ထိုပါးချိတ်ရောင်ရောဂါကြောင့် ပါးရိုးများငေါထွက်လာပြီး နားအနောက်ဘက်တွင် အဖုအကြိတ်များထွက်ပေါ်လာစေပါတယ်။

(၄)သင့်အဖုအကြိတ်တွေဟာ အဆီကျိတ်ဟုတ်မဟုတ်လဲ စစ်ဆေးဖို့လိုပါတယ်။

          နားနဲ့လည်ပင်းအကျိတ်တွေဟာ အဆီကျိတ်တွေလဲ ဖြစ်နိုင်ပါသေးတယ်။ကျွန်တော်တို့အရေပြားနဲ့ဆံသားကိုအဆီထုတ်ပေးသော အဆီပြွန်များပိတ်ဆို့ရာကနေအဆီကြိတ်များဖြစ်ပေါ်လာပါတယ်။အဆီကြိတ်များနဲ့ သာမန်အကြိတ်ကိုခွဲခြားဖို့အတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ လည်ပင်းနဲ့နားတ၀ိုက်အကြိတ်များဟာ မပေါ့ဆသင့်ပဲကုသမှုခံယူသင့်ပါတယ်။ဆရာဝန်နဲ့ပြသခြင်းဖြင့် ခွဲစိတ်ဖို့လိုမလိုသိနိုင်မှာဖြစ်တာမို့ အခြားသောရောဂါလက္ခဏာရှိရှိ မရှိရှိ ဆရာဝန်နဲ့ဆွေးနွေးဖို့ လိုအပ်ပါတယ်။













Ref : dailynews