Home » Funny » ယခုႏွစ္ေတြမွာ ေယာက်ာ္းထုၾကီး အကာအကြယ္မဲ့ေနလို႕ ေယာက်္ားထုၾကီးကို ကာကြယ္ရမယ့္အခ်ိန္ ေရာက္ၿပီ

ယခုႏွစ္ေတြမွာ ေယာက်ာ္းထုၾကီး အကာအကြယ္မဲ့ေနလို႕ ေယာက်္ားထုၾကီးကို ကာကြယ္ရမယ့္အခ်ိန္ ေရာက္ၿပီ

ယခုႏွစ္ေတြမွာ ေယာက်ာ္းထုၾကီး အကာအကြယ္မဲ့ေနလို႕ ေယာက်္ားထုၾကီးကို ကာကြယ္ရမယ့္အခ်ိန္ ေရာက္ၿပီ

<< Zawgyi ျဖင့္ ဖတ္ရန္ >>

ဒီႏွစ္ေတြမွာ ေယာက်္ားထုၾကီးအတြက္ အကာအကြယ္မဲ့ေနတယ္။ ပထမဆံုး ကိုကို…ေဘဘီ့ကို ေရခ်ိဳးေပးလို႔အခိုင္းခံခဲ့ရတဲ့ အဆိုေတာ္တစ္ေယာက္။ ရက္စက္ၾကမ္းၾကဳတ္ေသာ ပုဒ္မေတြနဲ႔ အခုအထဲကို ေရာက္ေနၿပီ။ ေဘဘီ..ေပ်ာ္ရဲ႕လား လို႔ေမးၿပီး သူကေတာ့ မေပ်ာ္ႏိုင္ေတာ့ဘူး။

 Image may contain: 3 people

ၿပီးေတာ့ ဂ်ပန္ေခတ္ေတာ္လွန္ေရးသူရဲေကာင္းႀကီး။ သူလဲ ကံေကာင္းလို႔ လြတ္တာ။ သမီးကေလ.. သမီးကေလဆိုၿပီး ေျပာလိုက္ရင္ ေနာက္ဂၽြမ္းပါပစ္သြားႏိုင္တဲ့ အန္တီၾကီးက မဟားဒရားလုပ္ပါတယ္ဆိုၿပီး တိုင္တာ။ ။ လြတ္လပ္ေရးအတြက္ၾကိဳးပမ္းခဲ့တဲ့ မ်က္ႏွာကိုမွ မေထာက္။ အခုထိ အမႈက စစ္ေနတုန္းပဲ။

 Image may contain: 1 person, sitting and closeup

အခုတစ္ခါ လာျပန္ၿပီ။ မိုးေတြကရြာ၊ ကားကမပါေတာ့၊ အခန္းထဲမွာ ဘာညာျဖစ္ခဲ့တဲ့ဇာတ္လမ္း။ ေတြ႔ေတြ႔ခ်င္းဘာညာလိမ့္မယ္လို႔ မထင္ခဲ့ဘူးတဲ့။ နဂိုထဲက ပရဟိတဆို ေရွ႕ဆံုးကေရာက္တတ္လြန္းလို႔ လူမုန္းခံေနရပါတယ္ဆို ခုေတာ့ သူတို႔အတြက္ ခ်နင္းစရာ အကြက္ ေတြကို ျဖစ္လို႔။

 Image may contain: 2 people, people standing

ဖက္ေပၚဆူးက်လဲ ဆူးက်ိဳး၊ ဆူးေပၚဖက္က်လဲ ဆူးက်ိဳး။ ဖက္ေၾကာတင္းတဲ့ေခတ္။ တြင္းထဲမွာ ေအာင္းေအာင္း၊ တြင္းျပင္မွာ သြားသြား။ တြင္းနားေရာက္ၿပီဆိုတာနဲ႔ ေျမြအျပစ္ျဖစ္တဲ့ေခတ္။ ဂစ္..။

 

ဟိုအဖြားအရြယ္နဲ႔ျဖစ္တယ္ဆိုတဲ့ ကတံုးမင္းသား မွတ္မိလား။ အဲလိုျဖစ္တာ မဟုတ္ပါဘူးလို႔ ငိုယိုၿပီးရွင္းျပတုန္းကလဲ လူေတြ လက္မခံ ဘူး၊ အခု ပရဟိတမင္းသားၾကီး၊ ရယ္ေမာၿပီး ရွင္းျပေတာ့လဲ လူေတြက ေသာက္ျမင္ကပ္ၿပီးဆဲၾကျပန္ေရာ။ ကိုယ့္အေကာင့္ထဲက ေဒါက္တာၾကီးတစ္ေယာက္ကေတာင္ စေတးတပ္ေရးၿပီးရွယ္တယ္။ ခုေတာ့ရြံသြားၿပီတဲ့။ So Sad 😞

 

စမူဆာျပႆနာတက္ၿပီဆိုတာနဲ႔ ေယာက်္ားထုၾကီးက အလိုအေလ်ာက္အရံႈးပဲ။ ေက်ာက္ပ်ဥ္ေပၚဥက်လဲ ဥကြဲ၊ ဥေပၚေက်ာက္ပ်ဥ္က်လဲ ဥကြဲ။ ဘယ္လိုလိုေနေနခံဘက္ ျဖစ္ေနရၿပီ။ ပလာယာနဲ႔အညွပ္ခံရတဲ့ သံလိုမ်ိဳး ပလာယာၾကားမွာ လိုသလိုပံုေဖာ္ ေကြးေကာက္ခံေနရၿပီ။

 

ဒါဟာ ဘုရားဆုပန္ဖို႔ ေယာက်္ား ေလးျဖစ္ေအာင္အရင္ဆုေတာင္းရတယ္ဆိုတဲ့ ေယာက်္ားထုေရႊေခတ္ၾကီး တစ္ျဖည္းျဖည္းေပ်ာက္ဆံုးလာတဲ့ သေဘာ။ ဒီၾကားထဲ မထက္တို႔လိုမ်ိဳး ေမြးရာပါအပင္ကို ခုတ္လွဲေနၾကသူေတြေၾကာင့္ မၾကာခင္ ေယာက်္ားထုၾကီး ျမန္မာႏိုင္ငံမွာ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားမယ့္ အေနအထားမွာ ရွိေနတယ္။

 

ဒီအခ်ိန္မွာ ကၽြန္ေတာ္တို႔ ဒီတိုင္းေနလို႔မရေတာ့ဘူး။
ကၽြန္ေတာ္တို႔ ေယာက်္ားထုၾကီးကို ကာကြယ္ရမယ့္ အခ်ိန္ေရာက္ေနပါၿပီ။

 

Source From ဦးတိန္!

 

<< Unicode ဖြင့် ဖတ်ရန် >>

ဒီနှစ်တွေမှာ ယောကျ်ားထုကြီးအတွက် အကာအကွယ်မဲ့နေတယ်။ ပထမဆုံး ကိုကို…ဘေဘီ့ကို ရေချိုးပေးလို့အခိုင်းခံခဲ့ရတဲ့ အဆိုတော်တစ်ယောက်။ ရက်စက်ကြမ်းကြုတ်သော ပုဒ်မတွေနဲ့ အခုအထဲကို ရောက်နေပြီ။ ဘေဘီ..ပျော်ရဲ့လား လို့မေးပြီး သူကတော့ မပျော်နိုင်တော့ဘူး။

 

ပြီးတော့ ဂျပန်ခေတ်တော်လှန်ရေးသူရဲကောင်းကြီး။ သူလဲ ကံကောင်းလို့ လွတ်တာ။ သမီးကလေ.. သမီးကလေဆိုပြီး ပြောလိုက်ရင် နောက်ဂျွမ်းပါပစ်သွားနိုင်တဲ့ အန်တီကြီးက မဟားဒရားလုပ်ပါတယ်ဆိုပြီး တိုင်တာ။ ။ လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ မျက်နှာကိုမှ မထောက်။ အခုထိ အမှုက စစ်နေတုန်းပဲ။

 

အခုတစ်ခါ လာပြန်ပြီ။ မိုးတွေကရွာ၊ ကားကမပါတော့၊ အခန်းထဲမှာ ဘာညာဖြစ်ခဲ့တဲ့ဇာတ်လမ်း။ တွေ့တွေ့ချင်းဘာညာလိမ့်မယ်လို့ မထင်ခဲ့ဘူးတဲ့။ နဂိုထဲက ပရဟိတဆို ရှေ့ဆုံးကရောက်တတ်လွန်းလို့ လူမုန်းခံနေရပါတယ်ဆို ခုတော့ သူတို့အတွက် ချနင်းစရာ အကွက် တွေကို ဖြစ်လို့။

 

ဖက်ပေါ်ဆူးကျလဲ ဆူးကျိုး၊ ဆူးပေါ်ဖက်ကျလဲ ဆူးကျိုး။ ဖက်ကြောတင်းတဲ့ခေတ်။ တွင်းထဲမှာ အောင်းအောင်း၊ တွင်းပြင်မှာ သွားသွား။ တွင်းနားရောက်ပြီဆိုတာနဲ့ မြွေအပြစ်ဖြစ်တဲ့ခေတ်။ ဂစ်..။

 

ဟိုအဖွားအရွယ်နဲ့ဖြစ်တယ်ဆိုတဲ့ ကတုံးမင်းသား မှတ်မိလား။ အဲလိုဖြစ်တာ မဟုတ်ပါဘူးလို့ ငိုယိုပြီးရှင်းပြတုန်းကလဲ လူတွေ လက်မခံ ဘူး၊ အခု ပရဟိတမင်းသားကြီး၊ ရယ်မောပြီး ရှင်းပြတော့လဲ လူတွေက သောက်မြင်ကပ်ပြီးဆဲကြပြန်ရော။ ကိုယ့်အကောင့်ထဲက ဒေါက်တာကြီးတစ်ယောက်ကတောင် စတေးတပ်ရေးပြီးရှယ်တယ်။ ခုတော့ရွံသွားပြီတဲ့။ So Sad 😞

 

စမူဆာပြဿနာတက်ပြီဆိုတာနဲ့ ယောကျ်ားထုကြီးက အလိုအလျောက်အရှုံးပဲ။ ကျောက်ပျဉ်ပေါ်ဥကျလဲ ဥကွဲ၊ ဥပေါ်ကျောက်ပျဉ်ကျလဲ ဥကွဲ။ ဘယ်လိုလိုနေနေခံဘက် ဖြစ်နေရပြီ။ ပလာယာနဲ့အညှပ်ခံရတဲ့ သံလိုမျိုး ပလာယာကြားမှာ လိုသလိုပုံဖော် ကွေးကောက်ခံနေရပြီ။

 

ဒါဟာ ဘုရားဆုပန်ဖို့ ယောကျ်ား လေးဖြစ်အောင်အရင်ဆုတောင်းရတယ်ဆိုတဲ့ ယောကျ်ားထုရွှေခေတ်ကြီး တစ်ဖြည်းဖြည်းပျောက်ဆုံးလာတဲ့ သဘော။ ဒီကြားထဲ မထက်တို့လိုမျိုး မွေးရာပါအပင်ကို ခုတ်လှဲနေကြသူတွေကြောင့် မကြာခင် ယောကျ်ားထုကြီး မြန်မာနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အနေအထားမှာ ရှိနေတယ်။

 

ဒီအချိန်မှာ ကျွန်တော်တို့ ဒီတိုင်းနေလို့မရတော့ဘူး။
ကျွန်တော်တို့ ယောကျ်ားထုကြီးကို ကာကွယ်ရမယ့် အချိန်ရောက်နေပါပြီ။

 

Source From ဦးတိန်!