Home » Gallery » Health » လူနာမ်ား အေမးမ်ားတဲ့ ဆီးခ်ိဳေဆး Metformin နဲ႕ပတ္သက္တဲ့ အေၾကာင္းအရာမ်ား

လူနာမ်ား အေမးမ်ားတဲ့ ဆီးခ်ိဳေဆး Metformin နဲ႕ပတ္သက္တဲ့ အေၾကာင္းအရာမ်ား

လူနာမ်ား အေမးမ်ားတဲ့ ဆီးခ်ိဳေဆး Metformin နဲ႕ပတ္သက္တဲ့ အေၾကာင္းအရာမ်ား

Zawgyi Font

ဆီးခ်ိဳေရာဂါဟာ ကမၻာတဝွမ္း၌ တျဖည္းျဖည္း အျဖစ္မ်ားလာခဲ့ပါတယ္။ ဆီးခ်ိဳေရာဂါရဲ့ ေနာက္ဆက္တြဲျပႆနာကေတာ့ မ်က္စိကြယ္တာ၊ ေက်ာက္ကပ္ပ်က္စီးတာ၊ ေလျဖတ္တာ စတဲ့ ဆိုးက်ိဳးေတြဟာလည္း ကၽြန္ေတာ္တို႔ လူသားေတြကို တျဖည္းျဖည္း ခ်ိန္းေျခာက္လာေနပါတယ္။

Related image

ဆီးခ်ိဳေရာဂါ လို႔ေျပာလိုက္တာနဲ႔ ဆီးခ်ိဳေဆး Metformin ဟာလည္း ကမၻာတဝွမ္းမွာ တြင္တြင္ က်ယ္က်ယ္ အသုံးျပဳေနၾကတာကိုလည္း စာဖတ္သူတို႔ သိျပီးသားျဖစ္မွာပါ။ ဒါဆို Metformin နဲ႔ ပတ္သတ္ျပီး လူနာေတြ ဆီက အေမးမ်ားတဲ့ ေမးခြန္းေလးေတြကို ၾကည့္ၾကရေအာင္….

 

၁။ Metformin ဆိုတာဘာလဲ?

Image result for Metformin and food

– Metformin ဆိုတာ ဆီးခ်ိဳ ေရာဂါ အမ်ိဳးအစား ၂ အတြက္ သုံးတဲ့ ဆီးခ်ိဳ ေဆး တစ္မ်ိဳးပါ။ ဆီးခ်ိဳေရာဂါ ကို အၾကမ္းအားျဖင့္ အမ်ိဳးအစား ၁ နဲ႔ ၂ ဆိုပီး ၂ မ်ိဳး ခြဲထားပါတယ္။ အမ်ိဳး အစား ၁ ဆီးခ်ိဳဟာ မုန႔္ခ်ိဳ အိတ္လို႔ေခၚတဲ့ pancreas ကေန insulin လုံးဝ မထုတ္နိုင္တဲ့ ဆီးခ်ိဳ အမ်ိဳးအစား ျဖစ္ပီး ဒီလို ဆီးခ်ိဳ ေရာဂါမွာ insulin သာ အဓိက ထိုးေပးရပါ တယ္။

 

အမ်ိဳးအစား ၂ ဆီးခ်ိဳ ကေတာ့ ကၽြန္ေတာ္တို႔ရဲ့ မုန႔္ခ်ိဳ အိတ္ကေန insulin ထုတ္ေပးနိုင္ေပမဲ့ အဲ့ဒီ insulin ေတြဟာ ဆဲလ္ေတြထဲ ဝင္လို႔မရ (insulin resistance) ျဖစ္ေနတာပါ။ Metformin ဟာ insulin sensitizer ျဖစ္ပီး တစ္နည္းေျပာရရင္ insulin ေတြကို ဆဲလ္ေတြ ထဲ ျမန္ျမန္ ဝင္လို႔ရေအာင္ ကူညီေပးတဲ့ ေဆးပဲ ျဖစ္ပါတယ္။

 

၂။ Metformin ေသာက္ထားရင္ အစားအေသာက္ မေရွာင္ပဲ ႀကိဳက္တာစားလို႔ ရသလား?

Image result for Metformin and food

– လုံးဝ မရပါဘူး။ Metformin ေသာက္ထားေပမဲ့ အစားအေသာက္ ဆင္ျခင္ရပါမယ္။ အလြန္ခ်ိဳ တဲ့ အစားအစာေတြ ဥပမာ ေရခဲမုန႔္၊ သရက္သီး၊ ကိတ္မုန႔္၊ သၾကားလုံး စတာေတြ လုံးဝ မစားရပါ။

ကဆီဓာတ္ပါတဲ့ ဆန္၊ဂ်ဳံ ေျပာင္း ဥပမာ ထမင္း၊ ေခါက္ဆြဲ၊ ၾကာဆံ၊ အာလူး၊ ေပါင္မုန႔္ စတာေတြကို သာမာန္ထက္ ေလ်ာ့စားရပါမယ္။ အသား၊ ငါး အမ်ိဳးမ်ိဳးနဲ႔ အရြက္အမ်ိဳးမ်ိဳးကေတာ့ ႀကိဳက္သေလာက္ စားလို႔ရပါတယ္။

 

၃။ Metformin ေသာက္ရင္ ဘာေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္နိုင္သလဲ?

Image result for Metformin and food

– အၾကမ္းအားျဖင့္ေျပာရရင္ metformin ေသာက္ရင္ အစားအေသာက္ အနည္းငယ္ ပ်က္တတ္ပါတယ္။ ေခါင္းမူးတာ၊ ေအာ့အန္တာ၊ ဗိုက္ေအာင့္တာ၊ ဝမ္းေလ်ာတာေတြလည္း အခန႔္ မသင့္ရင္ ျဖစ္တတ္ပါတယ္။

 

ရွားရွားပါးပါး အေနနဲ႔ metformin ေသာက္တဲ့ လူနာ ၃၀၀၀၀ မွာ ၁ ေယာက္ေလာက္က lactic acidosis လို႔ေခၚတဲ့ ဆိုးက်ိဳးတစ္မ်ိဳး လည္း ျဖစ္တတ္ပါတယ္တဲ့။ lactic acidosis ျဖစ္လာရင္ေတာ့ တစ္ကိုယ္လုံး ေညာင္းကိုက္လာတာ၊ ေမာပန္းႏြမ္းနယ္လာတာ စတာေတြ ျဖစ္လာတတ္ပါတယ္။ အဲလို ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာရင္ေတာ့ သက္ဆိုင္ရာ ကၽြမ္းက်င္ ဆရာဝန္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ သင့္ပါတယ္။

 

၄။ Metformin ကို အစာ မစားခင္ေသာက္ရမွာလား? စားျပီးမွေသာက္ရမွာလား?

Image result for Metformin and food

– မစားခင္ေကာ စားျပီးေကာ ေသာက္လို႔ရပါတယ္။ ဒါေပမဲ့ metformin ဟာ အစားအေသာက္ပ်က္တတ္လို႔ စားျပီးမွေသာက္တာက လူနာေတြ အတြက္ ပိုျပီး အဆင္ေျပေစပါတယ္။

 

၅။ Metformin ကို ဘယ္ေလာက္ၾကာၾကာ ေသာက္ရမွာလဲ?

Image result for Metformin

– ဒါကေတာ့ လူနာေပၚမွာပဲမူတည္ပါတယ္။ တခ်ိဳ႕ လူနာေတြဟာ တျဖည္းျဖည္း ဆီးခ်ိဳ ေရာဂါကို ထိန္းခ်ဳပ္လာနိုင္ပီး ေနာက္ဆုံး ေဆးမေသာက္ရတဲ့ထိ ျဖစ္လာနိုင္ပါတယ္။ သက္ဆိုင္ရာ သမားေတာ္ရဲ့ လမ္းညႊန္ခ်က္ အတိုင္း လိုက္နာ သင့္ျပီး မိမိသေဘာနဲ႔ ေဆးမျဖတ္သင့္ပါဘူး။

 

၆။ ေက်ာက္ကပ္ေရာဂါ ရွိရင္ Merformin မေသာက္ရဘူးဆို တာ ဟုတ္သလား?

Related image

– အၾကမ္းအားျဖင့္ေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ ေက်ာက္ကပ္ ေရာဂါ အဆင့္ တြက္ခ်က္ပီး ေက်ာက္ကပ္အေနအထား ေကာင္းေသးရင္ေတာ့ ဆရာဝန္ ညႊန္ၾကားတဲ့ အတိုင္း ေသာက္လို႔ရပါတယ္။

 

၇။ ကိုယ္ဝန္ရွိရင္ေကာ metformin ေသာက္လို႔ ရသလား?

Related image

– ယခု လက္ရွိ ေလ့လာစမ္းစစ္ ခ်က္ေတြ အရေတာ့ metformin ဟာ ကိုယ္ဝန္ရွိတဲ့ အမ်ိဳးသမီးေတြမွာ အသုံးျပဳလို႔ရပါတယ္။ သေႏၶသားကို လည္း ထိခိုက္မႈ မရွိ နိုင္ပါဘူး တဲ့။

 

၈။ Metformin ေသာက္တာ ေဆးတိုး မတိုး ဘယ္လိုသိမလဲ?

Image result for Metformin

– အဓိက ကေတာ့ ေသြးတြင္း သၾကားဓာတ္ မွတ္တမ္းေလး ထားေပးထားရင္ ေဆး တိုးမတိုး သိနိုင္တဲ့ အျပင္ ေဆးကုသရာမွာ လည္းမ်ားစြာ အက်ိဳးရွိေစမွာပါ။ မနက္စာ မစားခင္၊ ေန႔လည္စာ စားျပီး ၂ နာရီ၊ ညစာစားျပီး ၂ နာရီ အခ်ိန္ေတြမွာ ေသြးခ်ိဳ စစ္ေပးရမွာ ျဖစ္ျပီး စစ္ေဆးလို႔ရတဲ့ အေျဖေတြကို မွတ္တမ္းေလးနဲ႔ မွတ္ေပးထားသင့္ပါတယ္။

 

၉။ Metformin ေသာက္ျပီး ေသြးခ်ိဳ တအား က်သြားတတ္လား?

Image result for Metformin

– မက်တတ္ပါဘူး။ Metformin ဟာ insulin ေတြကို ဆဲလ္ထဲ ဝင္ေအာင္သာ လုပ္ေပးျပီး insulin ပိုထြက္လာတာမ်ိဳး မရွိတဲ့ အတြက္ ေသြး ခ်ိဳ အဂမ္းက်ဖို႔ အလြန္ရွားပါတယ္။ ဒါေပမဲ့ အလုပ္ပင္ပင္ ပန္းပန္း လုပ္တာ၊ အစာလုံးဝ မစားတာမ်ိဳးေတြ ရွိရင္ေတာ့ ဆီးခ်ိဳ ျပဳတ္က်နိုင္ပါတယ္။

 

အထက္မွာ ေဖာ္ၿပ ထားတာေတြကေတာ့ metformin နဲ႔ ပတ္သတ္ပီး အေမးမ်ားတဲ့ ေမးခြန္းေလးေတြျဖစ္ပါ တယ္။ အားလုံး လည္း ဗဟုသုတရၾကျပီး က်န္းမာ ေပ်ာ္ရႊင္ နိုင္ပါေစ။

 

Credit to ေမာင္ခမ္း (ေဆး ၁)

ကုသုိလ္ျဖင့္ ျပန္လည္မွ်ေ၀ပါသည္။

 

 

 

Unicode Font

ဆီးချိုရောဂါဟာ ကမ္ဘာတဝှမ်း၌ တဖြည်းဖြည်း အဖြစ်များလာခဲ့ပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာကတော့ မျက်စိကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ လေဖြတ်တာ စတဲ့ ဆိုးကျိုးတွေဟာလည်း ကျွန်တော်တို့ လူသားတွေကို တဖြည်းဖြည်း ချိန်းခြောက်လာနေပါတယ်။

 

ဆီးချိုရောဂါ လို့ပြောလိုက်တာနဲ့ ဆီးချိုဆေး Metformin ဟာလည်း ကမ္ဘာတဝှမ်းမှာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြတာကိုလည်း စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ ဒါဆို Metformin နဲ့ ပတ်သတ်ပြီး လူနာတွေ ဆီက အမေးများတဲ့ မေးခွန်းလေးတွေကို ကြည့်ကြရအောင်….

 

၁။ Metformin ဆိုတာဘာလဲ?

 

– Metformin ဆိုတာ ဆီးချို ရောဂါ အမျိုးအစား ၂ အတွက် သုံးတဲ့ ဆီးချို ဆေး တစ်မျိုးပါ။ ဆီးချိုရောဂါ ကို အကြမ်းအားဖြင့် အမျိုးအစား ၁ နဲ့ ၂ ဆိုပီး ၂ မျိုး ခွဲထားပါတယ်။ အမျိုး အစား ၁ ဆီးချိုဟာ မုန့်ချို အိတ်လို့ခေါ်တဲ့ pancreas ကနေ insulin လုံးဝ မထုတ်နိုင်တဲ့ ဆီးချို အမျိုးအစား ဖြစ်ပီး ဒီလို ဆီးချို ရောဂါမှာ insulin သာ အဓိက ထိုးပေးရပါ တယ်။

 

အမျိုးအစား ၂ ဆီးချို ကတော့ ကျွန်တော်တို့ရဲ့ မုန့်ချို အိတ်ကနေ insulin ထုတ်ပေးနိုင်ပေမဲ့ အဲ့ဒီ insulin တွေဟာ ဆဲလ်တွေထဲ ဝင်လို့မရ (insulin resistance) ဖြစ်နေတာပါ။ Metformin ဟာ insulin sensitizer ဖြစ်ပီး တစ်နည်းပြောရရင် insulin တွေကို ဆဲလ်တွေ ထဲ မြန်မြန် ဝင်လို့ရအောင် ကူညီပေးတဲ့ ဆေးပဲ ဖြစ်ပါတယ်။

 

၂။ Metformin သောက်ထားရင် အစားအသောက် မရှောင်ပဲ ကြိုက်တာစားလို့ ရသလား?

 

– လုံးဝ မရပါဘူး။ Metformin သောက်ထားပေမဲ့ အစားအသောက် ဆင်ခြင်ရပါမယ်။ အလွန်ချို တဲ့ အစားအစာတွေ ဥပမာ ရေခဲမုန့်၊ သရက်သီး၊ ကိတ်မုန့်၊ သကြားလုံး စတာတွေ လုံးဝ မစားရပါ။

ကဆီဓာတ်ပါတဲ့ ဆန်၊ဂျုံ ပြောင်း ဥပမာ ထမင်း၊ ခေါက်ဆွဲ၊ ကြာဆံ၊ အာလူး၊ ပေါင်မုန့် စတာတွေကို သာမာန်ထက် လျော့စားရပါမယ်။ အသား၊ ငါး အမျိုးမျိုးနဲ့ အရွက်အမျိုးမျိုးကတော့ ကြိုက်သလောက် စားလို့ရပါတယ်။

 

၃။ Metformin သောက်ရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ?

 

– အကြမ်းအားဖြင့်ပြောရရင် metformin သောက်ရင် အစားအသောက် အနည်းငယ် ပျက်တတ်ပါတယ်။ ခေါင်းမူးတာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျောတာတွေလည်း အခန့် မသင့်ရင် ဖြစ်တတ်ပါတယ်။

 

ရှားရှားပါးပါး အနေနဲ့ metformin သောက်တဲ့ လူနာ ၃၀၀၀၀ မှာ ၁ ယောက်လောက်က lactic acidosis လို့ခေါ်တဲ့ ဆိုးကျိုးတစ်မျိုး လည်း ဖြစ်တတ်ပါတယ်တဲ့။ lactic acidosis ဖြစ်လာရင်တော့ တစ်ကိုယ်လုံး ညောင်းကိုက်လာတာ၊ မောပန်းနွမ်းနယ်လာတာ စတာတွေ ဖြစ်လာတတ်ပါတယ်။ အဲလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

 

၄။ Metformin ကို အစာ မစားခင်သောက်ရမှာလား? စားပြီးမှသောက်ရမှာလား?

 

– မစားခင်ကော စားပြီးကော သောက်လို့ရပါတယ်။ ဒါပေမဲ့ metformin ဟာ အစားအသောက်ပျက်တတ်လို့ စားပြီးမှသောက်တာက လူနာတွေ အတွက် ပိုပြီး အဆင်ပြေစေပါတယ်။

 

၅။ Metformin ကို ဘယ်လောက်ကြာကြာ သောက်ရမှာလဲ?

 

– ဒါကတော့ လူနာပေါ်မှာပဲမူတည်ပါတယ်။ တချို့ လူနာတွေဟာ တဖြည်းဖြည်း ဆီးချို ရောဂါကို ထိန်းချုပ်လာနိုင်ပီး နောက်ဆုံး ဆေးမသောက်ရတဲ့ထိ ဖြစ်လာနိုင်ပါတယ်။ သက်ဆိုင်ရာ သမားတော်ရဲ့ လမ်းညွှန်ချက် အတိုင်း လိုက်နာ သင့်ပြီး မိမိသဘောနဲ့ ဆေးမဖြတ်သင့်ပါဘူး။

 

၆။ ကျောက်ကပ်ရောဂါ ရှိရင် Merformin မသောက်ရဘူးဆို တာ ဟုတ်သလား?

 

– အကြမ်းအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ် ရောဂါ အဆင့် တွက်ချက်ပီး ကျောက်ကပ်အနေအထား ကောင်းသေးရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း သောက်လို့ရပါတယ်။

 

၇။ ကိုယ်ဝန်ရှိရင်ကော metformin သောက်လို့ ရသလား?

 

– ယခု လက်ရှိ လေ့လာစမ်းစစ် ချက်တွေ အရတော့ metformin ဟာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေမှာ အသုံးပြုလို့ရပါတယ်။ သန္ဓေသားကို လည်း ထိခိုက်မှု မရှိ နိုင်ပါဘူး တဲ့။

 

၈။ Metformin သောက်တာ ဆေးတိုး မတိုး ဘယ်လိုသိမလဲ?

 

– အဓိက ကတော့ သွေးတွင်း သကြားဓာတ် မှတ်တမ်းလေး ထားပေးထားရင် ဆေး တိုးမတိုး သိနိုင်တဲ့ အပြင် ဆေးကုသရာမှာ လည်းများစွာ အကျိုးရှိစေမှာပါ။ မနက်စာ မစားခင်၊ နေ့လည်စာ စားပြီး ၂ နာရီ၊ ညစာစားပြီး ၂ နာရီ အချိန်တွေမှာ သွေးချို စစ်ပေးရမှာ ဖြစ်ပြီး စစ်ဆေးလို့ရတဲ့ အဖြေတွေကို မှတ်တမ်းလေးနဲ့ မှတ်ပေးထားသင့်ပါတယ်။

 

၉။ Metformin သောက်ပြီး သွေးချို တအား ကျသွားတတ်လား?

 

– မကျတတ်ပါဘူး။ Metformin ဟာ insulin တွေကို ဆဲလ်ထဲ ဝင်အောင်သာ လုပ်ပေးပြီး insulin ပိုထွက်လာတာမျိုး မရှိတဲ့ အတွက် သွေး ချို အဂမ်းကျဖို့ အလွန်ရှားပါတယ်။ ဒါပေမဲ့ အလုပ်ပင်ပင် ပန်းပန်း လုပ်တာ၊ အစာလုံးဝ မစားတာမျိုးတွေ ရှိရင်တော့ ဆီးချို ပြုတ်ကျနိုင်ပါတယ်။

 

အထက်မှာ ဖော်ပြ ထားတာတွေကတော့ metformin နဲ့ ပတ်သတ်ပီး အမေးများတဲ့ မေးခွန်းလေးတွေဖြစ်ပါ တယ်။ အားလုံး လည်း ဗဟုသုတရကြပြီး ကျန်းမာ ပျော်ရွှင် နိုင်ပါစေ။

 

Credit to မောင်ခမ်း (ဆေး ၁)

ကုသိုလ်ဖြင့် ပြန်လည်မျှဝေပါသည်။