Home » Gallery » Health » ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာ (၄) မျိုး…

ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာ (၄) မျိုး…

ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာ (၄) မျိုး…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

၁။ ဟင်းနုနွယ်ရွက် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်တဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တ ကူ ဝယ်ယူရရှိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဟင်းနုနွယ်ရွက်ဟာဆိုရင် ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဗီတာမင် A, ဗီတာမင် K နဲ့ မရှိမဖြစ် လိုအပ်တဲ့ Folate ဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။ ကြက်သွန်နဲ့ရောပြီး Omelet လုပ်စားနိုင်သလို ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။

၂။ ပဲအနက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အင်တီအောက်ဆီးဒင့်တွေ အပြည့်ပါဝင်သော အနက်ရောင်ပဲတွေဟာ အစာချေ နှေးတဲ့အတွက် အချိန်ကြာ ဗိုက်ပြည့်နေစေပါတယ်။ ဒါ့အပြင် ဒီပဲတွေမှာ ကယ်ဆီယမ်၊ အသားဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး အရသာလည်း အလွန်ကောင်းပါတယ်။

၃။ သစ်ကြားသီး အခြားအခွံမာသီးတွေထက် အင်တီအောက်ဆီးဒင့် ပိုများတဲ့ သစ်ကြားသီးမှာဆိုရင် ဗိတာမင် E ၊ အပင်ကရတဲ့ ဆီယမ်၊ Omega 3 အပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ အများကြီး ပါဝင်ပါတယ်။ သစ်ကြားသီးကို အိတ်ထဲမှာ အလွယ်တကူဆောင်ပြီး စားနိုင်ပါတယ်။

၎။ Beet (သကြားမုန်လာ) ဦးနှောက်အတွက် ကောင်းမွန်ပြီး သွေးပေါင်ချိန်ကျစေတဲ့ ဒီမုန်လာ အမျိုးအစား ကလည် ကမ္ဘာပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေအနက်က တစ်ခုပါပဲ။ ဒီအရောင်  တောက်တဲ့ အမြစ်ကနေရတဲ့ မုန်လာဥမှာဆိုရင် ဖောလိတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါ တယ်။ အသုပ်တွေထဲမှာ ထည့်ပြီး စားသောက်နိုင်ပါတယ်။






Ref : draxe