Home » Celebrity News » တရားစွဲခံခဲ့ရမှုအပေါ် အေးဆေးစွာ တုန့်ပြန်စကားဆိုလိုက်တဲ့ ရွှေအိမ်စည်

တရားစွဲခံခဲ့ရမှုအပေါ် အေးဆေးစွာ တုန့်ပြန်စကားဆိုလိုက်တဲ့ ရွှေအိမ်စည်

တရားစွဲခံခဲ့ရမှုအပေါ် အေးဆေးစွာ တုန့်ပြန်စကားဆိုလိုက်တဲ့ ရွှေအိမ်စည်

Zawgyi Font


Image may contain: 1 person, standing, shorts and outdoor

Image may contain: 1 person, sitting



Image may contain: 1 person, smiling, closeup

 

 

 

Unicode Font

အလှမယ် ရွှေအိမ်စည်တစ်ယောက် တရားစွဲခံရမှုနဲ့ပတ်သက်ပြီး သတင်းစကားများ အလွန်ပျံ့နှံ့လျက်ရှိပြီး လူမှုကွန်ယက်ပေါ်တွင်လည်း အလွန်ဂယက်ထလျက်ရှိပါတယ်။ ရွှေအိမ်စည်ကို Hello Madam Co.,Ltd. ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စိုးယုဝေ က သူမအား ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှုနဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ထားရတာဖြစ်ကြောင်း သိရပါတယ်။

 

ထိုအမှုကိစ္စရပ်နဲ့ပတ်သက်ပြီး ရွှေအိမ်စည်က သူမရဲ့လူမှုစာမျက်နှာမှတဆင့် အခုလို အေးဆေးစွာ တုန့်ပြန်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။ “ အိမ်စည့် ကို မှီပြီး သူတို့ attention ပြန်ယူ ချင်နေ တဲ့ အဖွဲ့အစည်း တခု အတွက်ကြောင့် ပရိသတ်ကြီး စိတ်မပူစေ ချင်ပါ ။ ဒီနေ့ ပဲခူးမှာ shooting ရှိတာ သွားရတာလေး နည်းနည်း နောက်ကျ တာက လွဲလို့ ပုံမှန် အတိုင်း အလုပ်တွေ ဆက်လုပ် လျက်ပါ ။ ဒီ ကိစ္စကြီး အဖြေထွက်ရင် ပရိသတ်ကြီး နှင့် တူတူ အောင်ပွဲ ခံဖို့ စိတ်လှုပ်ရှားနေ နှင့်ပြီ ” ဆိုပြီး ​အေး​ဆေး တည်​ငြိမ်​စွာ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

 

ရွှေအိမ်စည်ဟာ ငယ်ရွယ်ပြီး ထူးချွန်ထက်မြက်တဲ့ မိန်းကလေးဖြစ်တဲ့အပြင် ဆုံးဖြတ်ချက်ပြတ်သားခိုင်မာသူလည်း ဖြစ်ပါတယ်။ မည်သည့်ကိစ္စမဆို အေးဆေးစွာ ဖြေရှင်းတတ်တဲ့ ရွှေအိမ်စည်ရဲ့ အခုလိုတုန့်ပြန်လိုက်မှုအပေါ်မှာလည်း ပရိသတ်များ ဘယ်လိုမြင်မိပါသလဲ။

 

 

Source From Shwe Eain Si