Home » Celebrity News » သီချင်းတစ်ပုဒ်ကို နှစ်ရက်အတွင်း အပြီးရေးနိုင်ခဲ့တဲ့ G Fatt ရဲ့ အနုပညာပါရမီ

သီချင်းတစ်ပုဒ်ကို နှစ်ရက်အတွင်း အပြီးရေးနိုင်ခဲ့တဲ့ G Fatt ရဲ့ အနုပညာပါရမီ

သီချင်းတစ်ပုဒ်ကို နှစ်ရက်အတွင်း အပြီးရေးနိုင်ခဲ့တဲ့ G Fatt ရဲ့ အနုပညာပါရမီ

Zawgyi Font


Image may contain: 1 person, standing, sunglasses and outdoor




 

 

 

 

Unicode Font

မြန်မာ့ဂီတလောကရဲ့ကြယ်ပွင့်တစ်ဦး ဖြစ်လာတဲ့ နိုင်ငံကျော်အဆိုတော် G Fatt ဟာ လူငယ်ပရိသတ်များရဲ့ပိုမိုအားပေးမှုကို ရရှိထားတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် နိုင်ငံကျော် သရုပ်ဆောင်မလေးရဲ့ ချစ်သူကောင်လေးလည်း ဖြစ်ပါတယ်။ G Fatt ဟာ ဂီတသံစဉ်အသစ်များကို ကြိုးစားပြုလုပ်နေပြီး နယ်ရှိုးပွဲများကိုလည်း ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ လူငယ်များအကြိုက်နဲ့ ထပ်တူကျစေမယ့် သီချင်းလေးများကို ပြုလုပ်လေ့ရှိတာကြောင့် G Fatt ရဲ့သီချင်းအသစ်လေးကို ပရိသတ်များက စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်များအတွက် သတင်းကောင်းလေး ရှိခဲ့ပါပြီ။

 

G Fatt ဟာ ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး သီချင်းအသစ်တစ်ပုဒ်ကို ကလောမှာ ရေးခဲ့တာဖြစ်ပြီး နှစ်ရက်အတွင်း တစ်ပုဒ်လုံးပြီးသွားခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ရောက်မှ တီးလုံးကို ဖန်တီးရမှာ ဖြစ်ပါတယ်။ G Fatt က သူ့ရဲ့ကြိုးစားရေးသားထားတဲ့ သီချင်းလေးအကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။ “၂၀၁၉ ရဲ့ ပထမဆုံး သီချင်းအသစ် တစ်ပုဒ်ကို ကလောမှာရေးခဲ့တယ် .. ကျွန်တော်တည်းတဲ့ အခန်းရဲ့အပြင်က တောင်တန်းတွေ ပါတ်ပါတ်လည်ပဲ .အဲ့တောင်တန်းတွေကြောင့်ပဲ . သီချင်းအရမ်းရေးချင်လာတာနဲ့ ဂစ်တာငှားပြီး ရေးလိုက်တာ ကလောမှာနေတဲ့ နှစ်ရက်အတွင်း တစ်ပုဒ်လုံးပြီးသွားတယ်

အခုရန်ကုန်ရောက်မှ တီးလုံးအတွက် ထပ်ခေါင်းစားရဦးမယ်ပေါ့ သေချာတာတော့ ဒီသီချင်းအကြာင်းအရာ ဟာ (ကျွန်တော့်အတွက်) ရန်ကုန်မှာ ရေးလို့ မရနိုင် ဘူးဆိုတာပဲ ကဲ .. ညွှန်းတာတွေလဲ သိပ်များသွားပြီဗျာ” လို့ဆိုခဲ့ပြီး ပရိသတ်များ နားဆင်ပေးဖို့အတွက်လည်း “..အခွေထဲထည့်ဖြစ်မလား/ဒီတိုင်းထုတ်ဖြစ်မလား /မသိသေးဘူး သီချင်းထွက်လာမှပဲ ခံစားကြည့်ပေးကြတော့ဗျာ ..” ဆိုပြီး ဆိုခဲ့ပါတယ်။

 

ကဲ .. ပရိသတ်ကြီးရေ ..  သီချင်းနာမည်ကတော့ *မင်းမရှိတဲ့ ရာသီ* တဲ့ .. 💔 …။

 

 

Source From G Fatt