Home » Gallery » Health » အဆုတ်ကင်ဆာ ဆဲလ်များကို သေစေနိုင်သည့် ရဲယိုရွက်ကို သုံးပေးသင့်ပါတယ်…

အဆုတ်ကင်ဆာ ဆဲလ်များကို သေစေနိုင်သည့် ရဲယိုရွက်ကို သုံးပေးသင့်ပါတယ်…

အဆုတ်ကင်ဆာ ဆဲလ်များကို သေစေနိုင်သည့် ရဲယိုရွက်ကို သုံးပေးသင့်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ရဲယိုရွက်က ဆေးဘက်ဝင် အသီးအဖြစ် ရာစုနှစ်ပေါင်းများစွာလူတွေ လက်ခံစားသုံးလာကြတဲ့ အသီး ပါဘဲ။ မကြာသေးခင်ကမှ သိပ္ပံပညာရှင်များ၏ စမ်းသပ်ချက်အရ ရဲယိုသီးမှာလည်း ကင်ဆာတွေကို ကာကွယ် နိုင်ပြီး အဆုတ်ကင်ဆာ ဆဲလ်တွေကို သေစေနိုင်တဲ့ အစွမ်း ရှိတယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။

အခုလက်ရှိ ကျင့်သုံးနေတဲ့ ကင်ဆာဆဲလ်တွေကို သေအောင် ဓာတ်ကင်၊ ကီမို ဆေးတွေထက်တောင် အစွမ်းသတ္တိများတယ်လို့ သုတေသနက ဖော်ပြထားပါတယ်။ Molecular and Cellular Biochemistry မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသန ပြုချက်အရ ရဲယိုရွက်မှာ အဆုတ်ကင်ဆာကို ကာကွယ်နိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။

အဆုတ်ကင်ဆာကြောင့် နှစ်စဉ် လူပေါင်း ၁.၂ သန်းသေဆုံးနေပါတယ်။ အဆုတ်ကင်ဆာ ရောဂါတွေ ထဲက ၈၀%ဟာ ဓာတ်ရောင်ခြည် နဲ့ ကီမိုဆေးသွင်းတာကို ခုခံနိုင်တဲ့ ဆဲလ်အမျိုးအစားတွေဖြစ်တဲ့ NSCLC တွေ ဖြစ်နေပါတယ်။ အများအားဖြင့် အဆင့်မြင့်သွားတဲ့ NSCLC ဆဲလ်တွေ က ကီမိုကိုခံခုနိုင်တာကြောင့် ထိ ရောက်မှု သိပ်မရှိတော့တာကြောင့် ဆေးသွင်းပြီး ၁၀ လကနေ ၁၂ လ ကြားဘဲ အသက်ရှင်ကြပါတယ်။

ယိုရွက်က ခန္ဓာကိုယ်ထဲက ကျန်းမာစေတဲ့ ဆဲလ်တွေကို ပိုထုတ်ဖို့အားပေးကာ ခန္ဓာကိုယ်အတွက် မေ ကာင်းတဲ့ ဆဲလ်တွေကို တိုက်ဖျက် လျော့နည်းအောင် လုပ်ဆောင်ပေးပါတယ်။ အဆုတ်ယောင်နေတာကို ကျေ စပြီး Antioxidants ဓာတ်တွေ ပိုထုတ်လုပ်စေတာကြောင့် ကောင်းမွန်တဲ့ ဆဲလ်အသစ်တွေကို ဖန်တီးကာ ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့ Apoptotic ဆဲလ်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ဆေးလည်းသက်သာတယ်၊ ၀ယ်ယူရလည်း လွယ်ကူတဲ့ ရဲယိုရွက်ရဲ့ အကျိုးကျေးဇူးကတော့ အံ့မခန်းပါဘဲ။







Ref : lifestyle