Home » Gallery » Health » အချိန်ကြာကြာထိုင်လျက် အလုပ်လုပ်ရသူများ အတွက် သတိပြုစရာများကို သိထားသင့်တယ်နော်…

အချိန်ကြာကြာထိုင်လျက် အလုပ်လုပ်ရသူများ အတွက် သတိပြုစရာများကို သိထားသင့်တယ်နော်…

အချိန်ကြာကြာထိုင်လျက် အလုပ်လုပ်ရသူများ အတွက် သတိပြုစရာများကို သိထားသင့်တယ်နော်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ဒီတစ်ခေါက်မှာ ပြောချင်လွန်းလို့ကနေ ကျန်းမာရေးဗဟုသုတအနေနဲ့ နေ့စဉ် ၈ နာရီ ခန့် ထိုင်လျက် အလုပ်လုပ်သူများ အတွက် သတိပြုနိုင်ဖို့ အချက်လေးတွေ ပြောပြချင်ပါတယ် ။

(1) စိတ်ဖိစီးလာနိုင်ခြင်း

ရုံးရောက်လို့ ကိုယ့် အလုပ်စားပွဲ ထိုင်လိုက်ပြီဆိုတာနဲ့ Computer စခရင်ပေါ်က အလုပ်တွေကို အာရုံ စိုက်ရပါပြီ ။ ဒီလို Movenment ဆိုတဲ့ရွေ့လျားမှုနည်းသွားတဲ့ကြောင့် Stress တွေ များလာပြီး စိတ်ဓာတ်ကျဆ င်း မှု ဖြစ်လာနိုင်ပါတယ်။

(2) အဝလွန်ခြင်း

ခန္ဓာကိုယ် လှုပ်ရှားမှု နည်းသွားတဲ့အခါ ကိုယ့်ရဲ့အစာချေဖျက် စနစ်ဟာ ကယ်လိုရီ တွေကို ချေဖျက် ရမယ့် အစား အဆီ အဖြစ်ကို သိုလှောင်တဲ့ အတွက် ရုံးမှာအထိုင်များ တဲ့လူတွေဟာ အလုပ်သက်တမိး ကြာ လာလေ ပိုဝလာလေပါပဲ ။

(3) ကျောရိုးအားစိုက်ရခြင်း

ပုံမှန်လူတစ်ယောက်ရဲ့ ကျောရိုးဟာ S ပုံသဏ္ဍာန်ဖြစ်ပါတယ် ။ ဒါပေမယ့် အထိုင်များတဲ့ လူတစ်ယော က်အနေနဲ့ C ပုံသဏ္ဍာန် ဖြစ်သွားပြီးတော့ ဦးနှောက်ကို သွေးလွှတ်မှု လျော့နည်းလာခြင်း ၊ ဝမ်းဗိုက်ကြွက်သား ပုံပျင်လာခြင်းမျိုး စတာတွေ ဖြစ်ပွားလာနိုင်ပါတယ်။

(4) သွေးလည်ပတ်မှု အားနည်းခြင်း

အချိန်အတော်ကြာ မလှုပ်ရှားပဲနေလိုက်တဲ့အခါ ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်တွေ အားနည်းလာ ပါတယ်။ ဒီလိုမျိုးက ယောကျာ်း ၊ မိန်းမ နှစ်မျိုးစလုံးမှာ ဖြစ်တတ်ပေမယ့် မိန်းမတွေ အများစုကတော့ ဒီလိုမျိုး သွေးအားနည်းတာ တွေ အဖြစ်များကြပါတယ်။

(5) ညအိပ်မပျော်ခြင်း

တစ်နေကုန် အလုပ်လုပ်ထားရတဲ့အတွက် အားအင်ကုန်ခမ်းပြီး အိပ်ချင်နေတယ်ထင်ရပေမယ့် ခန္ဓာ ကိုယ် က မလှုပ်ရှားရတဲ့အတွက်ကြောင့် ကိုယ့်ကိုယ် ကို အနားမပေးတော့ပါဘူး ။ အရမ်းပင်ပန်းနေပြီး မအိပ် ပျော်ဘူး ဆိုတာမျိုးက ရုံးမှာအထိုင်များတဲ့ လူတွေဆီမှာ ဖြစ်လေ့ရှိပါတယ် ။













Ref : BrightSide