Home » Gallery » Health » ကမ်းခြေမှာ ရေဆော့မယ်ဆိုရင် မမေ့သင့်တဲ့အရာများကိုဖော်ပြလိုက်ပါတယ်…

ကမ်းခြေမှာ ရေဆော့မယ်ဆိုရင် မမေ့သင့်တဲ့အရာများကိုဖော်ပြလိုက်ပါတယ်…

ကမ်းခြေမှာ ရေဆော့မယ်ဆိုရင် မမေ့သင့်တဲ့အရာများကိုဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ပွင့်လင်းရာသီရောက်လာပြီဆိုတာနဲ့ လူတိုင်းရဲ့စိတ်ထဲမှာ ပင်လယ်ကမ်းခြေကိုသာ အရင်ဆုံး မြင်တတ် ကြပါတယ်။ ကျောင်းတွေ၊ အလုပ်တွေရဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ဖြေဖျောက်ဖို့အတွက် ပင်လယ်ကမ်းခြေမှာ ပျော် ပျော်ကြီး အချိန်ကုန်ဆုံးတတ်သူတွေအတွက် ကမ်းခြေမှာ ရေဆော့ပြီးရင် ပြုလုပ်သင့်တဲ့အရာလေးတွေကို လက်တို့ပေးလိုက်ပါတယ်။

မျက်လုံးနဲ့ ပါးစပ်တို့ကို ကာကွယ်ပါ။

လူအများစုဟာ ကမ်းခြေရောက်ပြီဆိုတာနဲ့ ရေထဲကို ပြေးဆင်းတတ်ကြပါတယ်။ သို့ပေမယ့် သတိပြု ရမယ့် အချက်ကလေး တစ်ချက်၊နှစ်ချက်လောက်ကိုတော့ မေ့နေတတ်ကြပါတယ်။ ပင်လယ်ရေတွေဟာ အ ညစ်အကြေးပေါင်းစုံ စုနေနိုင်တဲ့အတွက် မျက်လုံးနဲ့ ပါးစပ်တွေထဲ မ၀င်အောင် အထူးသတိပြုသင့်ပါတယ်။ ပင် လယ်ရေမှာ ဘက်တီးရီးယားမျိုးစုံ ပါဝင်နေနိုင်တဲ့အတွက် မျက်လုံးနဲ့ပါးစပ်နေရာတွေကို ရေတွေဝင်သွားတဲ့အခါ မျက်လုံးနာတာ၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကမ်းခြေမှာ ရေဆော့မယ်ဆိုရင် မျက်လုံးနဲ့၊ ပါးစပ်ထဲကို ပင်လယ်ရေတွေ မ၀င်အောင် ဂရုစိုက်သင့်ပါတယ်။

သက်သောင့်သက်သာရှိတာကို ၀တ်ဆင်ပါ။

ကမ်းခြေမှာ ရေဆော့တော့မယ်ဆိုရင် သက်သောင့်သက်သာ အရှိဆုံးဝတ်စုံတွေကို ရွေးချယ်သင့်ပါ တယ်။ သောင်ပြင်ကျယ်နဲ့ ပင်လယ်ပြင်ကြီးရဲ့ ရှေ့ကို ရောက်နေပြီဆိုမှတော့ ဟန်တစ်လုံး၊ ပန်တစ်လုံးနဲ့ ပွဲ တက်သလိုတွေ ၀တ်ဆင်မယ့်အစား သက်သောင့်သက်သာရှိပြီး စတိုင်လ်ကျမယ့် ကမ်းခြေဖက်ရှင်မျိုးကို ၀တ် ဆင်သင့်ပါတယ်။ လှရင်ပြီးရောဆိုပြီး နေရထိုင်ရတာ အဆင်မပြေတဲ့ အ၀တ်အစားမျိုးတွေ ၀တ်မိတဲ့အခါ နေ ကပူ၊ ရေကစိုနဲ့ တော်တော်လေး ကသိကအောက် ဖြစ်စေနိုင်ပါတယ်။ ကြပ်ထုတ်ပြီး နေရထိုင်ရ ခက်စေတဲ့ အ၀တ်အစားတွေနဲ့ ရေဆော့မယ်ဆိုရင် လိုအပ်တာထက်ပိုပြီး ပင်ပန်းစေတယ်ဆိုတာကိုလည်း သတိပြုပါ။

ရေပြန်ချိုးဖို့ မမေ့ပါနဲ့။

ကမ်းခြေမှာ စိတ်ကြိုက် ရေဆော့ပြီးတဲ့အခါ အချို့က ပင်ပန်းလွန်းတဲ့အတွက် ရေချိုးမနေတော့ဘဲ အ၀တ်အစားလေးပဲ လဲလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ တစ်နေကုန် ပင်လယ်ရေတွေနဲ့ ထိထားတဲ့ အသား အရေကို ပြန်လည်သန့်စင်စေဖို့အတွက် မဖြစ်မနေ ရေချိုးဖို့ လိုအပ်ပါတယ်။ အချို့ကျပြန်တော့လည်း ရေတော့ ချိုးလိုက်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့ သေသေချာချာ ပွတ်တိုက်ဆေးကြောမနေတော့ဘဲ ရေပန်းအောက်မှာ ရေဆေးပြီးတော့ ပြန်ထွက်လာတာမျိုး လုပ်တတ်ကြပါတယ်။ ရေဟာ သန့်စင်ပေးတဲ့ သဘာဝရှိတယ်ဆိုပေမယ့် မသန့်ရှင်းတဲ့ ရေတွေက ကပ်ငြိပါလာတဲ့ ဘက်တီးရီးယား၊ ပိုးမွှားအားလုံးကို သန့်ရှင်းသွားအောင်တော့ မစွမ်း ဆောင်နိုင်ပါဘူး။ ဒါကြောင့် မသန့်ရှင်းတဲ့ ရေကတစ်ဆင့် ဖြစ်ပွားစေနိုင်တဲ့ ဖျားနာတာတွေ၊ မျက်စိနာတာတွေ၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တာတွေကို ကာကွယ်ပေးနိုင်တဲ့ Lifebuoy လို ဆပ်ပြာကောင်းကောင်းနဲ့ သေသေချာချာ ပွတ်တိုက်ဆေးကြော သန့်စင်ပေးသင့်ပါတယ်။ စိတ်အညစ်အကြေးလို့ ပြောနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ပင်လယ် ကမ်းခြေမှာ လာရောက်ဆေးကြောသလိုပဲ မသန့်ရှင်းတဲ့ ရေတွေကတစ်ဆင့် ကူးစက်ဖျားနာစေမယ့် ဘက်တီး ရီးယား၊ ရောဂါပိုးတွေကိုလည်း မမေ့မလျော့ ဆေးကြောသန့်စင်ဖို့ လိုပါတယ်လို့ တိုက်တွန်းပါတယ်နော်။ အား လုံးပဲ ကျန်းမာရွှင်လန်းပြီး ပျော်ရွှင်ဖွယ်အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။









Ref :HealthLine