Home » Gallery » Health » ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်ပေးသင့်ပါတယ်…

ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်ပေးသင့်ပါတယ်…

ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်ပေးသင့်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

          ခရမ်းချဉ်သီး ဖျော်ရည် သောက်ခြင်းဖြင့် ရင်သားကင်ဆာကို တားဆီးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ပါတယ်။ ခရမ်းချဉ်သီး ဖျော်ရည် တစ်နေ့ တစ်ခွက်သောက်ရင် ရင်သား ကင်ဆာကို တွန်းလှန် နိုင်တဲ့ ဟော်မုန်း ပမာဏ တက်လာလို့ပါပဲ။

အသက် ၅၅နှစ်နဲ့အထက် အမျိုးသမီးအယောက် ၇၀ရဲ့ ဟော်မုန်းပမာဏကို သုတေသီတွေက တိုင်း တာခဲ့ပါတယ်။ ခရမ်းချဉ်သီး စားသုံးမှုပမာဏများတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ adiponectin ဟော်မုန်းပမာဏ ၉ရာခိုင်နှုန်းမြင့်တက်နေတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

“ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီး အခြေခံထုတ်လုပ်ထားတဲ့ စားသုံးကုန်တွေကို များများစားတာရဲ့ အကျိုး ကျေးဇူးကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အချိန်တို အတွင်းတောင် သိသာတယ်။” လို့ အမေရိကန် သုတေသီ တွေက ပြောပါတယ်။

ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် လုံလောက်တဲ့ lycopene ပမာဏရရှိမှာဖြစ်ပြီး အဲ့ဒီ့ lycopene ဟာ ကျန်းမာရေးအကျိုးရလဒ်ကောင်း ဖြစ်ထွန်းစေပါတယ်။ Lycopene ဟာ ခရမ်းချဉ်သီးကို ရဲရဲနီေ စပြီး ရင်သားကင်ဆာကိုလည်း တားဆီးပေးနိုင်တယ်လို့ ယုံကြည်ခံရပြီးဖြစ်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည် မကြိုက်တဲ့သူတွေအနေနဲ့ ခရမ်းချဉ်သီး စွပ်ပြုတ်၊ အီတလီခေါက်ဆွဲနဲ့ ခရမ်းချဉ် သီးအချဉ်ရည်၊ မှိုခရမ်းချဉ် အချဉ်ရည် တို့ကို စားသုံးနိုင်ပါတယ်။







Ref : Healthy