Home » Gallery » Health » တစ်နေ့ထက်တစ်နေ့ ပိုလှလာစေမယ့် လျှို့ဝှက်နည်းလမ်းများ…

တစ်နေ့ထက်တစ်နေ့ ပိုလှလာစေမယ့် လျှို့ဝှက်နည်းလမ်းများ…

တစ်နေ့ထက်တစ်နေ့ ပိုလှလာစေမယ့် လျှို့ဝှက်နည်းလမ်းများ…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

တစ်နေ့တစ်ခြား ပိုပြီးလှလာချင်တာကတော့ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အဲ့ဒီဆန္ဒလေးကို တကယ့် လက်တွေ့ ဖြစ်လာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက် မှာဆက်လက် ဖတ်ရှုပေးပါနော်။ တကယ်ကို တစ်နေ့တစ်ခြား လှလာမှာတော့ မလွဲပါဘူး။

ကဖင်းဓာတ်ကို ရှောင်ပါ။

ကဖင်းဓာတ်ဟာ ၀က်ခြံဖြစ်ဖို့ အားပေးပြီး ချွေးထွက်သန်စေပါတယ်။ ဒါကြောင့် နဂိုအဆပြန်ပြီးသား လူတွေဆိုရင် ပိုလို့တောင် ဝေးဝေးကရှောင်သင့်ပါတယ်။ ၀က်ခြံတွေထွက်ပြီး အမာရွတ်တွေ ကျန်ခဲ့ခြင်းဟာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ဆိုးပါ။ ဒါ့အပြင် ချွေးထွက်များတာကလည်း ဘယ်လိုပဲ လှအောင်ဝတ်ထားထား၊ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာပါ။ ပိုဆိုးတာကတော့ ခေါင်းချွေးထွက်များပြီး ခေါင်းတွေ နံ နိုင်တာပါပဲ။ လှတယ်ဆိုတဲ့စကားလုံးကို အဓိက ပံ့ပိုးပေးတဲ့အရာကတော့ ရှင်းသန့်မွှေးပျံ့ခြင်းပါ။ ဒါကြောင့် တစ်နေ့တစ်ခြား ပိုပိုလှလာချင်ရင်တော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ ချောကလက်နဲ့ အခြားသော ကဖင်းဓာတ် ထည့်ထားတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်နော်။

အသားအရေကို အစိုဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ။

အစိုဓာတ် (သို့မဟုတ်) ရေဓာတ်ဟာ အသားအရေ လှပမှုအတွက် အဓိကအကျဆုံးအရာ ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှသာ အသားအရေက ကြည်လင်ပြီး သဘာဝအတိုင်း ၀င်းပနေမှာ ဖြစ်ပါတယ်။ ရေဓာတ် မလုံလောက်ရင်တော့ အသားအရေက ညစ်နွမ်းပြီး မကြည်လင်တာ၊ ခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသားအရေ ကြည်ကြည်လေးနဲ့ တစ်နေ့တစ်ခြား ပိုလှလာချင်ရင် ရေဓာတ်ပြည့်ဝနေအောင် ရေများ များသောက်ပါ။ ရေဓာတ်ပြည့်ဝတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။

ဆံကေသာကို အမြဲတမ်း သပ်ရပ်ပြီး ပုံကျလှပအောင် ထားပါ။

ဆံပင်ဆိုတာ ဒုတိယမျက်နှာပါနော်။ ဒါကြောင့် ဆံကေသာက အမြဲတမ်း သပ်သပ်ရပ်ရပ်လေးနဲ့ ပုံကျ လှပနေအောင်၊ ဆံနွယ်လေးတွေက မွှေးပျံ့နေအောင် ဂရုစိုက်ထိန်းသိမ်းရပါမယ်။ ဒါဆိုရင် ခေါင်းလျှော်တဲ့ နည်းစနစ်လေး မှန်ကန်ဖို့လည်း လိုပါသေးတယ်။ ခေါင်းမလျှော်ခင် ဆံနွယ်တွေကို ဘီးအကျဲသုံးပြီး အရင်ရှင်း ပေးပါ။ ပြီးရင်တော့ Shampoo များများယူပြီး ပထမတစ်ကြိမ်  အကြမ်းလျှော်ပါ။ တစ်ကြိမ်တည်းလျှော်ရုံနဲ့ မလုံ လောက်ပါဘူးနော်။ ပထမတစ်ကြိမ်မှာ ဆံကေသာက အညစ်အကြေးတွေ ပါသွားပါလိမ့်မယ်။ ဒုတိယတစ်ကြိမ် လျှော်ပြီဆိုရင်တော့ သေသေချာချာ နှိပ်နယ်ပေးပြီး နေရာတိုင်းကို ညင်ညင်သာသာလေး ပွတ်သပ်ပေးရပါမယ်။ ဒါဆိုရင်တော့ ဆိုင်တွေမှာ သွားလျှော်တဲ့အတိုင်း ပျော့ပျောင်းပုံကျလှပပြီး မွှေးပျံ့နေတဲ့ ဆံကေသာလေးကို ရရှိ နိုင်ပါလိမ့်မယ်။ အရေးကြီးတာက shampoo ကောင်းကောင်းကို သုံးဖို့ပါပဲ။ ပျိုမေတို့ကို လက်တို့ချင်တာကတော့ Sunsilk ပန်းရောင် ခေါင်းလျှော်ရည်လေးပါ။ သူက အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံဆီ၊ အာဂန်အဆီ၊ ကာမန်လီယာ ပန်းအဆီတို့ကို ပေါင်းစပ်ပြီး ကမ္ဘာကျော်ရေမွှေးပညာရှင်နဲ့ ထုတ်လုပ်ထားတာဖြစ်လို့ တကယ်ကို ပုံကျလှပပြီး မွှေးပျံ့တဲ့ ဆံကေသာကို ပေးစွမ်းနိုင်ပါတယ်နော် သူငယ်ချင်းတို့ရေ။









Ref : stylecraze