Home » Celebrity News » ပရိသတ်များ စိတ်ဝင်စားနေတဲ့ လက်စွပ်အကြောင်းကို ပြောပြလာတဲ့ ဟိန်းဝေယံ

ပရိသတ်များ စိတ်ဝင်စားနေတဲ့ လက်စွပ်အကြောင်းကို ပြောပြလာတဲ့ ဟိန်းဝေယံ

ပရိသတ်များ စိတ်ဝင်စားနေတဲ့ လက်စွပ်အကြောင်းကို ပြောပြလာတဲ့ ဟိန်းဝေယံ

Zawgyi Font


Image may contain: 1 person, smiling, sunglasses, closeup and outdoor


Image may contain: 1 person


Image may contain: 1 person

Image may contain: 1 person, outdoor


 

 

 

 

Unicode Font

မြန်မာရုပ်ရှင်ဇာတ်ကားများစွာတွင် နေရာယူလာခဲ့တဲ့ နိုင်ငံကျော်မင်းသား ဟိန်းဝေယံဟာ အနုပညာလောကသို့ စတင်အခြေချကတည်းက အောင်မြင်မှုများကို တခဲနက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးပရိသတ်များရဲ့အားပေးမှုကို ပိုမိုရရှိထားတဲ့ ဟိန်းဝေယံဟာ ခန့်ငြားချောမောပြီး ယောကျာ်းပီသတဲ့စတိုင်မျိုး ရှိတာကြောင့် မိန်းကလေးပရိသတ်များကြား အလွန်ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ဟိန်းဝေယံဟာ အနုပညာနယ်ပယ်တွင် ခဏတာ ပျောက်ကွယ်နေခဲ့ပေမယ့် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားများနဲ့ ရုပ်သံဇာတ်လမ်းတွဲများကို တောက်လျှောက်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

 

ဟိန်းဝေယံရဲ့ခန့်ငြားချောမောမှုကို ပရိသတ်များ သဘောကျခဲ့သလို ဟိန်းဝေယံ ဝတ်ဆင်ထားတဲ့ လက်စွပ်လေးကိုပါ သတိထားမိခဲ့ကြပါတယ်။ ထိုလက်စွပ်လေးကို သူ အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့ချိန်မှစတင်ပြီး ဝတ်ဆင်ထားခဲ့တာဖြစ်တာကြောင့် ပရိသတ်များက အတော်လေး စိတ်ဝင်စားနေခဲ့ကြပါတယ်။

 

ပရိသတ်များသိချင်နေတဲ့ အဖြေလေးကို ဟိန်းဝေယံက အခုလို ပြောပြခဲ့ပါတယ်။ အမှန်တော့ ဝေပုလ္လဆရာတော်ဘုရားက အဆောင်ပေးထားတာကို လက်စွပ်အဖြစ် ပြန်လုပ်ခဲ့ပြီး ဆောင်ထားတာဖြစ်ကြောင်းနဲ့ အဆောင်သဘောမျိုးဝတ်ထားပေမယ့် ကျွန်တော့်ကို ခင်တဲ့ ချစ်တဲ့ ပရိသတ်တွေက သတိထားမိပြီး မှတ်မှတ်ရရ ဖြစ်နေတာပါ ဆိုပြီး မီဒီယာများကို ပြောပြခဲ့တာဖြစ်ပါတယ်။

 

အခုဆိုရင်တော့ ဟိန်းဝေယံရဲ့လက်စွပ်လေးအကြောင်းကို သိချင်နေတဲ့ ပရိသတ်များလည်း သိရှိသွားလို့ ပျော်ရွှင်သွားမယ်လို့ မျှော်လင့်ပါတယ်နော်။

 

 

 

Photo From Heinn Wai Yan