Home » Knowledge » “ေၾကးစည္သံ ၾကားရင္ ေခြးေတြ ဘာေၾကာင့္ အူၾကရသလဲ”

“ေၾကးစည္သံ ၾကားရင္ ေခြးေတြ ဘာေၾကာင့္ အူၾကရသလဲ”

“ေၾကးစည္သံ ၾကားရင္ ေခြးေတြ ဘာေၾကာင့္ အူၾကရသလဲ”

Zawgyi Font

“ ဘာျဖစ္လို ့ေၾကးစည္ လိုတာလဲဗ် . . . ကုသိုလ္ ေကာင္းမႈေတြ ျပဳျပီးတိုင္း ဘာေၾကာင့္ ေၾကးစည္တီးရတာလဲဗ် ”ဆရာေတာ္ဘုရားၾကီး အေမးရွိ လိုက္ေပျပီ . . . ဘယ္သူမွ ရုတ္တရက္ မေျဖႏိုင္ၾကပါ . . . ေၾကးစည္ကေလး ေဆာင္ထားေလ့ရွိေသာ ပုတီးဆရာတစ္ဦးက ” ေၾကးစည္ဆိုတာ ၾကီးေလ စည္ေလေပါ့ကြာ . . . ၾကီးေအာင္ စည္ေအာင္ေပါ့ကြာ “ လို ့ေျပာဖူးတာ အမွတ္ရလာပါတယ္ . . . ဒါေပမယ့္ တိက်တဲ့ အေျဖမ်ိဳး မဟုတ္တဲ့အတြက္ အဲ့ဒီအေျဖကို ကြ်န္ေတာ္ မေလွ်ာက္တင္ရဲပါ . . . ဆရာေတာ္ဘုရားၾကီးက – “ ေၾကးစည္သံၾကားရင္ စိတ္ထဲ ေအးမသြားဘူးလား . . .

Related image

ရဟန္း သံဃာေတြ ဖူးလိုက္ ရရင္ေရာ ေအးမသြားဘူးလား . . . တရားနာ လိုက္ရေတာ့လည္း ေအးမသြားဘူးလား . . . ေၾကးစည္ဆိုတာ ေအးတာကို ကိုယ္စားျပဳတာ . . . ကိေလသာ အပူမီးေတြ ၀ိုင္းေနတဲ့ လူေတြကို အေအးဓာတ္ ၊ အျငိမ္းဓာတ္ ၊ နိဗၺာန ဓာတ္ၾကီး သတိရေအာင္ ႏိႈးေဆာ္လိုက္တာ ”. . . “ ျပီးေတာ့ ေၾကးဆိုတဲ့ သတၳဳက အလြန္ေအးတာ . . .

Image result for ေၾကးစည္

ဟိုး ေျမၾကီးထဲ အတြင္းနက္နက္ ေျမဆီကေန ေၾကးျဖစ္လာတာ . . . ဒါေၾကာင့္ ေၾကးစည္သံ မ်ားမၾကားလိုက္နဲ ့တစ္ခါတည္း ေအးခနဲ ျဖစ္သြားေတာ့တာ . . . ဓာတ္ခိုက္တာ ၊ ဓာတ္ကူးတာေပါ့ ” လို ့ရွင္းျပလိုက္ေတာ့မွ အားလံုး သေဘာေပါက္ သြားပါတယ္ . . . ဆရာေတာ္ဘုရားၾကီးက ဆက္ျပီးေတာ့ ေမးျပန္ပါတယ္ . . . “ ေၾကးစည္သံၾကားရင္ လူေတြကေတာ့ ေအးခနဲ ခံစားရျပီး ေခြးေတြက ဘာလို ့အူရတာတံုးဗ်ာ ” . . . ကြ်န္ေတာ္တို ့မေျဖႏိုင္ပါ . . . “ ေၾကးစည္က အေအး ၊ ေခြးက အပူဗ် ။ ေခြးမ်ား ဘယ္ေလာက္ ပူတုန္းဆိုရင္ ေခြးသား စားမိသူဟာ ပူလြန္းလို ့ေရခ်ိဳး ေရစိမ္ လုပ္ရ ဆိုပဲဗ် ” “ အလြန္ပူတဲ့ ေခြးဟာ အလြန္ေအးတဲ့ ေၾကးစည္သံ ၾကားေတာ့ ခံစားမႈတစ္မ်ိဳး ျဖစ္ေပၚျပီး အူေတာ့တာပါပဲဗ်ာ ”. . .

Related image

ဆရာေတာ္ဘုရား ရွင္းျပတာကို ပရိတ္သတ္ ဘ၀င္က်သြားပါတယ္ . . . ဒါလည္း အပူနဲ ့အေအးထိခတ္တံု ့ျပန္မႈ တစ္မ်ိဳးလို ့ နားလည္မွတ္သားခဲ့ရပါတယ္ . . .

 

Ref: မဟာေဗာဓိျမိဳင္ဆရာေတာ္ၾကီး..(ဆရာေမာင္ေသြးခြ်န္၏ ဘာေၾကာင့္ ၁+၂ေပါင္းခ်ဳပ္ မွ)..

ေမတၱာျဖင့္ ေ၀မွ်သူ အႏိႈင္းမဲ့စာတိုေပစမ်ား . . . . .

 

 

 

 

Unicode Font

“ ဘာဖြစ်လို ့ကြေးစည် လိုတာလဲဗျ . . . ကုသိုလ် ကောင်းမှုတွေ ပြုပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ ”ဆရာတော်ဘုရားကြီး အမေးရှိ လိုက်ပေပြီ . . . ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ . . . ကြေးစည်ကလေး ဆောင်ထားလေ့ရှိသော ပုတီးဆရာတစ်ဦးက ” ကြေးစည်ဆိုတာ ကြီးလေ စည်လေပေါ့ကွာ . . . ကြီးအောင် စည်အောင်ပေါ့ကွာ “ လို ့ပြောဖူးတာ အမှတ်ရလာပါတယ် . . . ဒါပေမယ့် တိကျတဲ့ အဖြေမျိုး မဟုတ်တဲ့အတွက် အဲ့ဒီအဖြေကို ကျွန်တော် မလျှောက်တင်ရဲပါ . . . ဆရာတော်ဘုရားကြီးက – “ ကြေးစည်သံကြားရင် စိတ်ထဲ အေးမသွားဘူးလား . . .

 

ရဟန်း သံဃာတွေ ဖူးလိုက် ရရင်ရော အေးမသွားဘူးလား . . . တရားနာ လိုက်ရတော့လည်း အေးမသွားဘူးလား . . . ကြေးစည်ဆိုတာ အေးတာကို ကိုယ်စားပြုတာ . . . ကိလေသာ အပူမီးတွေ ၀ိုင်းနေတဲ့ လူတွေကို အအေးဓာတ် ၊ အငြိမ်းဓာတ် ၊ နိဗ္ဗာန ဓာတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ ”. . . “ ပြီးတော့ ကြေးဆိုတဲ့ သတ္ထုက အလွန်အေးတာ . . .

 

ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ ကြေးဖြစ်လာတာ . . . ဒါကြောင့် ကြေးစည်သံ များမကြားလိုက်နဲ ့တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ . . . ဓာတ်ခိုက်တာ ၊ ဓာတ်ကူးတာပေါ့ ” လို ့ရှင်းပြလိုက်တော့မှ အားလုံး သဘောပေါက် သွားပါတယ် . . . ဆရာတော်ဘုရားကြီးက ဆက်ပြီးတော့ မေးပြန်ပါတယ် . . . “ ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး ခွေးတွေက ဘာလို ့အူရတာတုံးဗျာ ” . . . ကျွန်တော်တို ့မဖြေနိုင်ပါ . . . “ ကြေးစည်က အအေး ၊ ခွေးက အပူဗျ ။ ခွေးများ ဘယ်လောက် ပူတုန်းဆိုရင် ခွေးသား စားမိသူဟာ ပူလွန်းလို ့ရေချိုး ရေစိမ် လုပ်ရ ဆိုပဲဗျ ” “ အလွန်ပူတဲ့ ခွေးဟာ အလွန်အေးတဲ့ ကြေးစည်သံ ကြားတော့ ခံစားမှုတစ်မျိုး ဖြစ်ပေါ်ပြီး အူတော့တာပါပဲဗျာ ”. . .

 

ဆရာတော်ဘုရား ရှင်းပြတာကို ပရိတ်သတ် ဘဝင်ကျသွားပါတယ် . . . ဒါလည်း အပူနဲ ့အအေးထိခတ်တုံ ့ပြန်မှု တစ်မျိုးလို ့ နားလည်မှတ်သားခဲ့ရပါတယ် . . .

 

Ref: မဟာဗောဓိမြိုင်ဆရာတော်ကြီး..(ဆရာမောင်သွေးချွန်၏ ဘာကြောင့် ၁+၂ပေါင်းချုပ် မှ)..

မေတ္တာဖြင့် ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ . . . . .