Home » Celebrity News » စို့တက်လာတဲ့ ဝမ်းနည်းမှုကို ဦးလေးဖျော်ပေးတဲ့မန်ကျည်းရည်နဲ့ လူမမြင်အောင်မျောချလိုက်ရတယ် ဆိုတဲ့ ချစ်သုဝေ







Unicode


စို့တက်လာတဲ့ ဝမ်းနည်းမှုကို ဦးလေးဖျော်ပေးတဲ့မန်ကျည်းရည်နဲ့ လူမမြင်အောင်မျောချလိုက်ရတယ် ဆိုတဲ့ ချစ်သုဝေ
နိုင်ငံကျော်သရုပ်ဆောင် နှင့်အဆိုတော် ချစ်သုဝေဟာ ဆရာဝန်မလေးတစ်ဦးဖြစ်ပေမယ့် သူမရဲ့အနုပညာကို ခုန်မင်စွာ ဆက်လက်လုပ်ကိုင်နေသူတစ်ဦးပါ။ ချစ်သုဝေဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အောင်မြင်စွာ ရပ်တည်နေနိုင်ခဲ့သူရှိပြီး နာမည်ပျက်လုံးဝမရှိတဲ့သူ တစ်ဦးပါ။ အဲ့ဒါတွေကြောင့်လဲ ချစ်သုဝေကို အားပေးကြတဲ့ ပရိသတ်တွေက အခုချိန်ထိ အခိုင်အမာရှိနေဆဲပါပဲ။ချစ်သုဝေဟာ အဆိုတော်လင်းလင်းနဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာလဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရုပ်လေးတွေလို ချစ်စရာကောင်းတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ အမြွာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားလို့ ပိုပြီးတော့ ပျော်ရွှင်စရာ ကောင်းနေခဲ့တာပါ။ ချစ်သုဝေက ပရဟိတလုပ်ငန်းတွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ကြိုးစား လုပ်ကိုင်နေသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်သုဝေက မန်ကျည်းဖျော်ရည်ရောင်းတဲ့ဦးလေးကြီးတစ်ယောက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို အခုလို သူမရဲ့ လူမှုကွန်ယက်မှာ ရေသား ထားတာ တွေ့ခဲ့ရပါတယ်။ “မန်ကျည်းရည်အထမ်းသည်ဦးဦးကိုတွေ့တယ် “တစ်ခွက်ဘယ်လောက်လဲ” ဦး “၃၀၀…”ဖျော်လို့ပြီးတော့ သိမ်းထားတဲ့တစ်ခါ သုံးခွက်လေးထဲ ထည့်တယ်။ ကိုက်ရဲ့လား ဦး ဒီလိုပဲ..သမီးအဆင်ပြေအောင်လို့။ စို့တက်လာတဲ့ ဝမ်းနည်းမှုကို ဦးလေးဖျော်ပေးတဲ့မန်ကျည်းရည်နဲ့ လူမမြင်အောင်မျောချလိုက်တော့ ဟိုးငယ်ငယ်ကသောက်ခဲ့ရတဲ့ သဘာဝ မန်ကျည်းထန်းလျက်ရည်စစ်စစ် အရသာလေးရလာတယ်။စေတနာရယ်…မေတ္တာရယ်…အင်မတန်မှ ပေါဌေးတဲ့ သူဌေးကြီးဦးဦးရဲ့ မန်ကျည်းရည်ကို ကျွန်မသောက်ခဲ့ရပါတယ်။ အတွေးတွေအများကြီးရစေတဲ့ ဦးလေးကြီးရေ နိစ္စဓူဝဘယ်အရာမဆို အဆင်ပြေပါစေ” ဆိုပြီး ဆုတောင်းစကားလေးပြောရင်း ပရိသတ်တွေကို ဝေမျှထားပါတယ်။