Home » Celebrity News » ဖိုက္တင္ထိုးခ်င္လို႕ ရုပ္ရွင္ေလာကထဲ ၀င္ကာမွ ဘ၀ပါပ်က္သြားတယ္ ဆိုတဲ့ ဇာတ္ပို႕၊ ဇာတ္ရံသရုပ္ေဆာင္ ထင္ေက်ာ္

ဖိုက္တင္ထိုးခ်င္လို႕ ရုပ္ရွင္ေလာကထဲ ၀င္ကာမွ ဘ၀ပါပ်က္သြားတယ္ ဆိုတဲ့ ဇာတ္ပို႕၊ ဇာတ္ရံသရုပ္ေဆာင္ ထင္ေက်ာ္

ဖိုက္တင္ထိုးခ်င္လို႕ ရုပ္ရွင္ေလာကထဲ ၀င္ကာမွ ဘ၀ပါပ်က္သြားတယ္ ဆိုတဲ့ ဇာတ္ပို႕၊ ဇာတ္ရံသရုပ္ေဆာင္ ထင္ေက်ာ္

Zawgyi Font

ျမန္မာ့ရုပ္ရွင္ဇာတ္ကားမ်ားတြင္ ဇာတ္ကားေကာင္းတစ္ေကာင္းျဖစ္ဖို႕အတြက္ အဓိကသရုပ္ေဆာင္သူမ်ားအျပင္ ဇာတ္ကားကို အဖက္ဖက္မွပံ့ပိုးေပးတဲ့ ဇာတ္ပို႕၊ ဇာတ္ရံမ်ားကလည္း အလြန္အေရးပါလွပါတယ္။ ဖိုက္တင္နဲ႕စတန္႕သရုပ္ေဆာင္ၾကီးမ်ားကိုလည္း ပရိသတ္အေတာ္မ်ားမ်ားက သိၾကပါတယ္။ လူၾကမ္းဇာတ္၀င္ခန္းမ်ားမွ အမ်ားဆံုးသရုပ္ေဆာင္ျဖစ္ခဲ့တဲ့ သရုပ္ေဆာင္ ထင္ေက်ာ္ကိုလည္း သိၾကမွာပါ။ ဗီဒီယိုေခတ္ကုန္သြားသည့္အခါ ရႈတင္မ်ားမရွိသေလာက္ နည္းပါးသြားတာ ဇာတ္ပို႕၊ ဇာတ္ရံမ်ားရဲ႕ ဘ၀ပဲမဟုတ္ပါလား။

 

သံုးခြၿမိဳ႕သားျဖစ္သူ သရုပ္ေဆာင္ ထင္ေက်ာ္ဟာ ဖိုက္တင္ခ်ခ်င္လို႕ အႏုပညာေလာကထဲသို႕ အေျခခ်မိတာ သူ႕အတြက္ ေရြးခ်ယ္မႈမွားယြင္းခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

“ က်ေတာ့္ အေနနဲ႔ကလည္း ဒီလုပ္ငန္းေလး လုပ္ရတဲ့ အခါလည္းရွိတယ္ မလုပ္ရတဲ့ အခါလည္း ရွိတယ္။ ဒါေပမယ့္ တခါတေလက်ရင္ က်ေတာ့္အမ တဝမ္းကြဲေတြရဲ႕ ကူညီေထာက္ပံ့မႈေတြနဲ႔ပဲ ေရွ႕ဆက္သြားေနရတာ ။ က်ေတာ့္အေဖက စက္မႈလက္မႈ နည္းျပကိုး။ ဒီသားသမီးေတြကို သူတစ္ေယာက္တည္း မလုပ္ေပးႏုိင္ေတာ့ အေဒၚေတြ ဦးေလးေတြ အိမ္မွာသြားထားျပီး ေက်ာင္းတက္ရတယ္။

 

က်ေတာ္အဲလို ေက်ာင္းတက္ရင္းနဲ႔ ေစ်းေရာင္တယ္။ က်ေတာ့္ဦးေလးက သံုးခြေစ်းထဲမွာ ပန္းကန္ေတြ ၊ အိုးေတြေရာင္းတယ္ ။ က်ေတာ္ ဝါသနာပါတာက အားကစားဝါသနာပါတာ ။ တိုက္ကြမ္ဒိုတုိ႔ ကရာေတးတုိ႔ အဲ့မွာ တုိက္ကြမ္ဒို ကစားတယ္ တုိက္ကြမ္ဒို ဆရာျဖစ္ျပီး နည္းျပဆက္လုပ္တယ္ ။”

“အဲဒီကေန ကိုရဲမင္းပိုင္ကေနျပီး သူ႔အေဖနဲ႔ က်ေတာ့္အကို ဝမ္းကြဲနဲ႔ ရင္းႏွီးတယ္ ။ ရင္းႏွီးေတာ့ ရုပ္ရွင္ထဲဝင္ပါလား ဆုိေတာ့ ကိုယ္လည္း နဂိုတည္းက ဖိုက္တင္က ထုိးခ်င္တာနဲ႔ ရုပ္ရွင္ထဲကို စဝင္လုိက္တာ အဲမွာတင္ က်ေတာ့္ဘဝပ်က္သြားေရာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဟိုမွာစီးပြားေရးလုပ္ေနတဲ့ သူငယ္ခ်င္းေတြက အားလံုး ခ်မ္းသာသြားၾကျပီ က်ေတာ္က ဒီမွာေပ်ာ္ေပ်ာ္ၾကီးနဲ႔ ငတ္ေနတဲ့ပံုစံေပါ့ ။”

 

“အဲလိုၾကီးျဖစ္ေနတာ။ ဒီအႏုပညာ မေကာင္းဘူး မဟုတ္ဘူး ေကာင္းတယ္။ ဝါသနာအရေကာင္းတယ္။ ဒါေပမယ့္ စီးပြားအရေတာ့ မျဖစ္ဘူး ။ အဲဒါ စီးပြားေရး လုပ္ေနတာမဟုတ္ဘူး။ က်ေတာ္တုိ႔ကို ဝါသနာအရ ရပ္တည္လုိက္တာကိုက လမ္းေရြးတာမွားသြားတာ အဲလုိပဲေျပာရမွာေပါ့။ အဲဒါေလးေတာ့ ကိုယ့္ကိုယ္ကိုေနာင္တရလား ဘယ္လိုလဲေတာ့ မသိဘူးေပါ့ေနာ္။ တစ္ခုခုေတာ့ ခံစားရတာေပါ့။ ဘဝက ဒီလုိလမ္းေၾကာင္းေပၚ ေရာက္သြားတာေပါ့ ။

အႏုပညာဆုိတာ ရုန္းထြက္ရ ေတာ္ေတာ္ခက္တယ္ ။ ကိုယ္ကလည္း လုပ္ေနက်ျဖစ္သြားေတာ့ က်န္တဲ့အလုပ္က်ေတာ့လည္း ဒီမ်က္ႏွာနဲ႔လုပ္ရမွာ မလုပ္ရဲတဲ့အပိုင္းေတြ တခ်ိဳ႕ရွိတယ္ ။ ဒီလမ္းေၾကာင္းထဲမွာပဲ ေရာက္ေနတဲ့အတြက္ ဆက္ေလွ်ာက္သြားရတဲ့ အပိုင္းေတြျဖစ္ေနတာ” ဆိုၿပီး  သူ႕ရဲ႕ခံစားခ်က္မ်ားကို အင္တာဗ်ဴးတစ္ခုမွာ ပြင့္ပြင့္လင္းလင္း ရင္ဖြင့္လာခဲ့တာျဖစ္ပါတယ္။

 

ထင္ေက်ာ္ကို အျပင္မွာလည္း လူၾကီးၾကီး၊ ဗီလိန္ၾကီး၊ ၾကာကူလီ ဆိုၿပီး အေျပာခံရမႈမ်ား ရွိခဲ့တယ္လို႕လည္း ဆိုခဲ့ဖူးပါတယ္။ လူၾကမ္းမ်ားဟာ ဇာတ္ကားမ်ားတြင္သာ အမုန္းေတာ္ခံရေပမယ့္ အျပင္မွာေတာ့ ဇာတ္ကားထဲက သရုပ္ေဆာင္ခ်က္မ်ားနဲ႕ အလြန္ကြဲျပားလွပါတယ္။

ထင္ေက်ာ္ဟာ လက္ရွိမွာေတာ့ တုိက္ခန္းေလးငွားေနၿပီး သူ႕ရဲ႕မိသားစုအတြက္ တန္ဖိုးနည္းတဲ့ ျခံေလးတစ္ျခံ ၀ယ္ေပးခ်င္တာ သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေလး ျဖစ္တယ္လို႕ သိရပါတယ္။

 

 

 

 

Unicode Font

မြန်မာ့ရုပ်ရှင်ဇာတ်ကားများတွင် ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ဖို့အတွက် အဓိကသရုပ်ဆောင်သူများအပြင် ဇာတ်ကားကို အဖက်ဖက်မှပံ့ပိုးပေးတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကလည်း အလွန်အရေးပါလှပါတယ်။ ဖိုက်တင်နဲ့စတန့်သရုပ်ဆောင်ကြီးများကိုလည်း ပရိသတ်အတော်များများက သိကြပါတယ်။ လူကြမ်းဇာတ်ဝင်ခန်းများမှ အများဆုံးသရုပ်ဆောင်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ထင်ကျော်ကိုလည်း သိကြမှာပါ။ ဗီဒီယိုခေတ်ကုန်သွားသည့်အခါ ရှုတင်များမရှိသလောက် နည်းပါးသွားတာ ဇာတ်ပို့၊ ဇာတ်ရံများရဲ့ ဘဝပဲမဟုတ်ပါလား။

 

သုံးခွမြို့သားဖြစ်သူ သရုပ်ဆောင် ထင်ကျော်ဟာ ဖိုက်တင်ချချင်လို့ အနုပညာလောကထဲသို့ အခြေချမိတာ သူ့အတွက် ရွေးချယ်မှုမှားယွင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

 

“ ကျတော့် အနေနဲ့ကလည်း ဒီလုပ်ငန်းလေး လုပ်ရတဲ့ အခါလည်းရှိတယ် မလုပ်ရတဲ့ အခါလည်း ရှိတယ်။ ဒါပေမယ့် တခါတလေကျရင် ကျတော့်အမ တဝမ်းကွဲတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ပဲ ရှေ့ဆက်သွားနေရတာ ။ ကျတော့်အဖေက စက်မှုလက်မှု နည်းပြကိုး။ ဒီသားသမီးတွေကို သူတစ်ယောက်တည်း မလုပ်ပေးနိုင်တော့ အဒေါ်တွေ ဦးလေးတွေ အိမ်မှာသွားထားပြီး ကျောင်းတက်ရတယ်။

 

ကျတော်အဲလို ကျောင်းတက်ရင်းနဲ့ စျေးရောင်တယ်။ ကျတော့်ဦးလေးက သုံးခွစျေးထဲမှာ ပန်းကန်တွေ ၊ အိုးတွေရောင်းတယ် ။ ကျတော် ဝါသနာပါတာက အားကစားဝါသနာပါတာ ။ တိုက်ကွမ်ဒိုတို့ ကရာတေးတို့ အဲ့မှာ တိုက်ကွမ်ဒို ကစားတယ် တိုက်ကွမ်ဒို ဆရာဖြစ်ပြီး နည်းပြဆက်လုပ်တယ် ။”

 

“အဲဒီကနေ ကိုရဲမင်းပိုင်ကနေပြီး သူ့အဖေနဲ့ ကျတော့်အကို ဝမ်းကွဲနဲ့ ရင်းနှီးတယ် ။ ရင်းနှီးတော့ ရုပ်ရှင်ထဲဝင်ပါလား ဆိုတော့ ကိုယ်လည်း နဂိုတည်းက ဖိုက်တင်က ထိုးချင်တာနဲ့ ရုပ်ရှင်ထဲကို စဝင်လိုက်တာ အဲမှာတင် ကျတော့်ဘဝပျက်သွားရော။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာစီးပွားရေးလုပ်နေတဲ့ သူငယ်ချင်းတွေက အားလုံး ချမ်းသာသွားကြပြီ ကျတော်က ဒီမှာပျော်ပျော်ကြီးနဲ့ ငတ်နေတဲ့ပုံစံပေါ့ ။”

 

“အဲလိုကြီးဖြစ်နေတာ။ ဒီအနုပညာ မကောင်းဘူး မဟုတ်ဘူး ကောင်းတယ်။ ဝါသနာအရကောင်းတယ်။ ဒါပေမယ့် စီးပွားအရတော့ မဖြစ်ဘူး ။ အဲဒါ စီးပွားရေး လုပ်နေတာမဟုတ်ဘူး။ ကျတော်တို့ကို ဝါသနာအရ ရပ်တည်လိုက်တာကိုက လမ်းရွေးတာမှားသွားတာ အဲလိုပဲပြောရမှာပေါ့။ အဲဒါလေးတော့ ကိုယ့်ကိုယ်ကိုနောင်တရလား ဘယ်လိုလဲတော့ မသိဘူးပေါ့နော်။ တစ်ခုခုတော့ ခံစားရတာပေါ့။ ဘဝက ဒီလိုလမ်းကြောင်းပေါ် ရောက်သွားတာပေါ့ ။

 

အနုပညာဆိုတာ ရုန်းထွက်ရ တော်တော်ခက်တယ် ။ ကိုယ်ကလည်း လုပ်နေကျဖြစ်သွားတော့ ကျန်တဲ့အလုပ်ကျတော့လည်း ဒီမျက်နှာနဲ့လုပ်ရမှာ မလုပ်ရဲတဲ့အပိုင်းတွေ တချို့ရှိတယ် ။ ဒီလမ်းကြောင်းထဲမှာပဲ ရောက်နေတဲ့အတွက် ဆက်လျှောက်သွားရတဲ့ အပိုင်းတွေဖြစ်နေတာ” ဆိုပြီး  သူ့ရဲ့ခံစားချက်များကို အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

 

ထင်ကျော်ကို အပြင်မှာလည်း လူကြီးကြီး၊ ဗီလိန်ကြီး၊ ကြာကူလီ ဆိုပြီး အပြောခံရမှုများ ရှိခဲ့တယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။ လူကြမ်းများဟာ ဇာတ်ကားများတွင်သာ အမုန်းတော်ခံရပေမယ့် အပြင်မှာတော့ ဇာတ်ကားထဲက သရုပ်ဆောင်ချက်များနဲ့ အလွန်ကွဲပြားလှပါတယ်။

 

ထင်ကျော်ဟာ လက်ရှိမှာတော့ တိုက်ခန်းလေးငှားနေပြီး သူ့ရဲ့မိသားစုအတွက် တန်ဖိုးနည်းတဲ့ ခြံလေးတစ်ခြံ ဝယ်ပေးချင်တာ သူ့ရဲ့မျှော်လင့်ချက်လေး ဖြစ်တယ်လို့ သိရပါတယ်။

 

Source From MC