Home » Sport » 2019 ခုႏွစ္ အတြက္ ပထမဦးဆံုး ပရီးမီးယားလိဂ္ Power Rankings ထြက္ေပၚလာ ထိပ္ဆံုးမွာ ဦးေဆာင္ႏုိင္ခဲ့တဲ့ သူကဘယ္သူျဖစ္မလဲ

2019 ခုႏွစ္ အတြက္ ပထမဦးဆံုး ပရီးမီးယားလိဂ္ Power Rankings ထြက္ေပၚလာ ထိပ္ဆံုးမွာ ဦးေဆာင္ႏုိင္ခဲ့တဲ့ သူကဘယ္သူျဖစ္မလဲ

2019 ခုႏွစ္ အတြက္ ပထမဦးဆံုး ပရီးမီးယားလိဂ္ Power Rankings ထြက္ေပၚလာ ထိပ္ဆံုးမွာ ဦးေဆာင္ႏုိင္ခဲ့တဲ့ သူကဘယ္သူျဖစ္မလဲ

မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာ ဟာ ဇန္န၀ါရီလ ဒုတိယ အပတ္ မွာ ထုတ္ျပန္တဲ့ ပရီးမီးယားလိဂ္ Power Rankings ဇယား ရဲ႕ ထိပ္ဆံုး ေနရာမွာ ဦးေဆာင္သြားႏုိင္ ခဲ့ပါတယ္။ ေပါ့ဘာ ဟာ ယာယီ နည္းျပ အုိလီ ဂန္နာ ဆုိးရွား ရဲ႕ လက္ေအာက္မွာ အေကာင္းဆံုး ပံုစံ ျပသလ်က္ ရွိေနကာ ျပီးခဲ့တဲ့ တစ္ပတ္ က နယူးကာဆယ္ ကို ယူႏုိက္တက္ တုိ႕ အေ၀းကြင္း မွာ ၂ ဂုိး ဂိုးမရွိ နဲ႕ အႏိုင္ ရရွိ ခဲ့တဲ့ ပြဲမွာ ထပ္မံ ေျခစြမ္းျပ ကစား ခဲ့ျပီးေနာက္ ထိပ္ဆံုး ေနရာကို ဆက္လက္ ထိန္းသိမ္း သြားႏုိင္ ခဲ့ပါတယ္။ ေပါ့ဘာ ရဲ႕ အသင္းေဖာ္ ျဖစ္သူ မားကပ္ ရပ္ဖို႕ဒ္ ကလည္း စိန္႕ဂ်ိမ္းပက္ မွာ ယူႏုိက္တက္ ရဲ႕ ဒုတိယေျမာက္ ဂိုးကို သြင္းယူ ေပးခဲ့တာေၾကာင့္ ထိပ္ဆံုး ကစားသမား ၁၀ ေယာက္ စာရင္း မွာ ဆက္လက္ ပါ၀င္ ႏုိင္ခဲ့ပါတယ္။

နံပါတ္ ၂ ေနရာ မွာ ရပ္တည္ ႏုိင္ခဲ့တဲ့ ဟယ္ရီကိန္း ဟာ ဆုိရင္လည္း ကာဒစ္ ကို အေ၀းကြင္း မွာ ၃ ဂုိး ဂုိးမရွိ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲမွာ အသင္း အတြက္ တစ္ဂိုး သြင္းကာ တစ္ဂုိး ဖန္တီး ေပးႏုိင္ ခဲ့ျပီး ပရီးမီးယားလိဂ္ သြင္းဂိုး ဇယား ရဲ႕ ထိပ္ဆံုး ေနရာ မွာ အာဆင္နယ္ တုိက္စစ္မွဳး ပီယာ အမ္းမရစ္ အူအာမီယန္း နဲ႕ အတူ ရပ္တည္ ႏုိင္ခဲ့ ပါတယ္။

ဒါ့အျပင္ ကာဒစ္ နဲ႕ ပြဲမွာ ေတာ့တင္ဟမ္ အတြက္ ဂိုးေတြ သြင္းယူကာ ေျခစြမ္းျပ ခဲ့ၾကတဲ့ ခရစ္ရွန္ အဲရစ္ဆင္ နဲ႕ ဆြန္ေဟာင္မင္း တုိ႕ကလည္း နံပါတ္ ၃ နဲ႕ နံပါတ္ ၄ ေနရာ တုိ႕မွာ အသီးသီး ရွိေနျပီး အဲဗာတန္ ကုိ အေ၀းကြင္း မွာ ၁ ဂုိး ဂုိးမရွိ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲမွာ ေဂ်မီ ဗာဒီ ရဲ႕ တစ္လံုး တည္းေသာ ဂိုးကုိ ဖန္တီး ေပးကာ ေျခစြမ္း ျပခဲ့တဲ့ လက္စတာ ေနာက္ခံလူ ရီကာဒုိ ပါရဲရား ကေတာ့ အဆင့္ ၅ ေနရာ ရရွိ ခဲ့ပါတယ္။

မန္ခ်က္စတာ စီးတီး အသင္းကို အီတီဟတ္ မွာ ၂ ဂုိး ၁ ဂိုး နဲ႕ ရွံဳးနိမ့္ ခဲ့တဲ့ ပြဲမွာ လီဗာပူး အတြက္ ေခ်ပဂုိး သြငး္ယူ ေပးခဲ့တဲ့ ေရာ္ဘတ္တုိ ဖာမီႏို ကေတာ့ နံပါတ္ ၆ ေနရာမွာ ရွိေန ပါတယ္။ ၀က္ဖို႕ဒ္ တုိက္စစ္မွဳး ထရြိဳင္ ဒီေနး ( နံပါတ္ ၈ ) ဟာ ဘုန္းေမာက္ နဲ႕ ၃ ဂုိး စီ သေရ က်ခဲ့တဲ့ ပြဲမွာ ၂ ဂိုး သြင္းယူ ခဲ့ျပီး အီဒင္ ဟာဇက္ ကေတာ့ ေဆာက္သမ္တန္ နဲ႕ စတန္းဖို႕ဘရစ္ခ်္ မွာ ဂိုးမရွိ သေရ က်ခဲ့တဲ့ ပြဲမွာ အသင္းေဖာ္ ေတြ အတြက္ ဂုိးသြင္းခြင့္ ေလးၾကိမ္ထိ ဖန္တီး ေပးခဲ့တာေၾကာင့္ အဆင့္ ၉ နဲ႕ Top 10 ရဲ႕ ေနာက္ဆံုး ေနရာ မွာေတာ့ ၀က္ဟမ္း နဲ႕ ဘရုိက္တန္ တုိ႕ ၂ ဂိုးစီ သေရ က်ခဲ့တဲ့ ပြဲမွာ ေျခစြမ္းျပ ခဲ့ျပန္တဲ့ ဖိလစ္ပီ အန္ဒါဆန္ က ရပ္တည္ သြားခဲ့ ပါတယ္။

Power Rankings အမွတ္ေပး စနစ္ ကိုေတာ့ ကစားသမား ေတြရဲ႕ စြမ္းေဆာင္ရည္ ကို မတူညီတဲ့ အခ်က္အလက္ ၃၄ ခ်က္ ေပၚမွာ မူတည္ကာ တြက္ခ်က္ တာပဲ ျဖစ္ပါတယ္။ ေအာက္မွာ ျပသထားတဲ့ In-form chart ကေတာ့ ကစားသမား ေတြရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ ငါးပြဲ ရဲ႕ စြမ္းေဆာင္ရည္ ကုိ အေျခခံ ကာ အဆင့္ သတ္မွတ္ တာပဲ ျဖစ္ျပီး ကလပ္ အသင္း တစ္ခုခ်င္း စီရဲ႕ အေကာင္းဆံုး ပံုစံ ရေနတဲ့ ကစားသမား (Club’s In Form Players) ၊ ဒီရာသီ အေကာင္းဆံုး စြမ္းေဆာင္ရည္ ရ ေနတဲ့ ကစားသမား စာရင္း (Season Chart) ေတြကိုလည္း ေဖာ္ျပ ထားပါတယ္။

Unicode


2019 ခုနှစ် အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် Power Rankings ထွက်ပေါ်လာ ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တဲ့ သူကဘယ်သူဖြစ်မလဲ
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ဟာ ဇန်နဝါရီလ ဒုတိယ အပတ် မှာ ထုတ်ပြန်တဲ့ ပရီးမီးယားလိဂ် Power Rankings ဇယား ရဲ့ ထိပ်ဆုံး နေရာမှာ ဦးဆောင်သွားနိုင် ခဲ့ပါတယ်။ ပေါ့ဘာ ဟာ ယာယီ နည်းပြ အိုလီ ဂန်နာ ဆိုးရှား ရဲ့ လက်အောက်မှာ အကောင်းဆုံး ပုံစံ ပြသလျက် ရှိနေကာ ပြီးခဲ့တဲ့ တစ်ပတ် က နယူးကာဆယ် ကို ယူနိုက်တက် တို့ အဝေးကွင်း မှာ ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ ထပ်မံ ခြေစွမ်းပြ ကစား ခဲ့ပြီးနောက် ထိပ်ဆုံး နေရာကို ဆက်လက် ထိန်းသိမ်း သွားနိုင် ခဲ့ပါတယ်။ ပေါ့ဘာ ရဲ့ အသင်းဖော် ဖြစ်သူ မားကပ် ရပ်ဖို့ဒ် ကလည်း စိန့်ဂျိမ်းပက် မှာ ယူနိုက်တက် ရဲ့ ဒုတိယမြောက် ဂိုးကို သွင်းယူ ပေးခဲ့တာကြောင့် ထိပ်ဆုံး ကစားသမား ၁၀ ယောက် စာရင်း မှာ ဆက်လက် ပါ၀င် နိုင်ခဲ့ပါတယ်။ နံပါတ် ၂ နေရာ မှာ ရပ်တည် နိုင်ခဲ့တဲ့ ဟယ်ရီကိန်း ဟာ ဆိုရင်လည်း ကာဒစ် ကို အဝေးကွင်း မှာ ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ အသင်း အတွက် တစ်ဂိုး သွင်းကာ တစ်ဂိုး ဖန်တီး ပေးနိုင် ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ဇယား ရဲ့ ထိပ်ဆုံး နေရာ မှာ အာဆင်နယ် တိုက်စစ်မှုး ပီယာ အမ်းမရစ် အူအာမီယန်း နဲ့ အတူ ရပ်တည် နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ကာဒစ် နဲ့ ပွဲမှာ တော့တင်ဟမ် အတွက် ဂိုးတွေ သွင်းယူကာ ခြေစွမ်းပြ ခဲ့ကြတဲ့ ခရစ်ရှန် အဲရစ်ဆင် နဲ့ ဆွန်ဟောင်မင်း တို့ကလည်း နံပါတ် ၃ နဲ့ နံပါတ် ၄ နေရာ တို့မှာ အသီးသီး ရှိနေပြီး အဲဗာတန် ကို အဝေးကွင်း မှာ ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ ဂျေမီ ဗာဒီ ရဲ့ တစ်လုံး တည်းသော ဂိုးကို ဖန်တီး ပေးကာ ခြေစွမ်း ပြခဲ့တဲ့ လက်စတာ နောက်ခံလူ ရီကာဒို ပါရဲရား ကတော့ အဆင့် ၅ နေရာ ရရှိ ခဲ့ပါတယ်။မန်ချက်စတာ စီးတီး အသင်းကို အီတီဟတ် မှာ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ လီဗာပူး အတွက် ချေပဂိုး သွငး်ယူ ပေးခဲ့တဲ့ ရော်ဘတ်တို ဖာမီနို ကတော့ နံပါတ် ၆ နေရာမှာ ရှိနေ ပါတယ်။ ၀က်ဖို့ဒ် တိုက်စစ်မှုး ထရွိုင် ဒီနေး ( နံပါတ် ၈ ) ဟာ ဘုန်းမောက် နဲ့ ၃ ဂိုး စီ သရေ ကျခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ ခဲ့ပြီး အီဒင် ဟာဇက် ကတော့ ဆောက်သမ်တန် နဲ့ စတန်းဖို့ဘရစ်ချ် မှာ ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲမှာ အသင်းဖော် တွေ အတွက် ဂိုးသွင်းခွင့် လေးကြိမ်ထိ ဖန်တီး ပေးခဲ့တာကြောင့် အဆင့် ၉ နဲ့ Top 10 ရဲ့ နောက်ဆုံး နေရာ မှာတော့ ၀က်ဟမ်း နဲ့ ဘရိုက်တန် တို့ ၂ ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြ ခဲ့ပြန်တဲ့ ဖိလစ်ပီ အန်ဒါဆန် က ရပ်တည် သွားခဲ့ ပါတယ်။Power Rankings အမှတ်ပေး စနစ် ကိုတော့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ကို မတူညီတဲ့ အချက်အလက် ၃၄ ချက် ပေါ်မှာ မူတည်ကာ တွက်ချက် တာပဲ ဖြစ်ပါတယ်။ အောက်မှာ ပြသထားတဲ့ In-form chart ကတော့ ကစားသမား တွေရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ငါးပွဲ ရဲ့ စွမ်းဆောင်ရည် ကို အခြေခံ ကာ အဆင့် သတ်မှတ် တာပဲ ဖြစ်ပြီး ကလပ် အသင်း တစ်ခုချင်း စီရဲ့ အကောင်းဆုံး ပုံစံ ရနေတဲ့ ကစားသမား (Club’s In Form Players) ၊ ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည် ရ နေတဲ့ ကစားသမား စာရင်း (Season Chart) တွေကိုလည်း ဖော်ပြ ထားပါတယ်။